စိတ် မရှည်ချင် (@aggamun)
NC ကစားရတာ တစ်ခါတစ်လေ စိတ်ညစ်ဖို့ ကောင်းပါတယ်။ အချိန်ကိုက် လှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာ စိတ်အနှောင့်အယှက် ဖြစ်လှပါတယ်။ ကစားတဲ့ သူများကလည်း များလာလို့ အခုလိုဖြစ်တယ် ဆိုတာကို ဆိုတဲ့ အကြောင်းပြချက်ကို ကျွန်တော်တစ်ဦးတည်း အမြင်ဆိုရင် လက်မခံချင်ပါဘူး။ ကစားသူများ လာရင် Website တစ်ခု လေးလံလာမယ် ဆိုတာလောက်တော့ ဂိမ်းတီထွင် သူများအနေနဲ့ သိထားရမှာ ဖြစ်ပြီး အဲ့ဒီအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ထားရမယ်လို့ ထင်မိပါတယ်။
အခုတော့ အချိန်ကိုက် တိုက်ခိုက်မှု၊ အချိန်ကိုက် တည်ဆောက်မှု ၊အချိန်ကိုက် ရှာဖွေမှု ၊စတာတွေကို လုပ်ဆောင်ရာမှာ လွဲချော်မှုတွေ ရှိခဲ့ပါတယ်။ RSS တွေ ဘယ်လောက်ရှိရှိ၊ တစ်ခြား လိုအပ်ချက်တွေ ဘယ်လောက်ပြည့်စုံစ၊ုံ Operation တစ်ခု လုပ်ဆောင်ရာမှာ အချိန်တစ်ခု ပါဝင် ပက်သက်နေတာ ကြောင့် လွဲချော်မှုတစ်ခုဟာ ကစားသူများအတွက် ထိခိုက်နစ်နာစရာတွေ ဖြစ်ပေါ်လာနိုင် ခြေရှိပါတယ်။ Operation တစ်ခုအတွက် အချိန်မပေးရဘူး ဆိုရင်၊ အခုလုပ် အခုရတယ်ဆိုရင် ဘာမှပြောနေစရာ လိုမှာမဟုတ်ပါဘူး။
NC ဂိမ်းမှာ အချိန်စီမံ ခန့်ခွဲနိုင်မှု ကလည်း ကစားသူ တစ်ယောက်ရဲ့ အရည်အချင်း ဖြစ်ပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ Battleship များတည်ဆောက်မှု၊ Miner များတည်ဆောက်မှု၊ RSS များ စုစည်းနိုင်မှု စတာတွေက အချိန်ကြာလာ တာနှင့်အမျှ ကစားသူတစ်ဦး နှင့် တစ်ဦးကြားမှာ ကွာဟ ချက်တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ Trater ကလည်း Trater အလျောက်၊ Warrior ကလည်း Warrior အလျောက် ဆိုပေမဲ့လည်း Players အားလုံးကတော့ Only one king of emperor ဖြစ်ချင်ကြ သူတွေချည်းပဲ မဟုတ်ပါလား။
အဲ့ဒါ ကြောင့်မို့လည်း Steem တွေ ထောင်ချီ၊ သောင်းချီ သုံးပြီး အဆင်မြင့် ခဲ့ကြ ၊Item တွေဝယ်ခဲ့ကြ ပြီး ကစားခဲ့ကြ တာပဲလေ။ ဒါပေမဲ့ အခုလို Website က ခဏခဏ နှေးနေမယ် ဆိုရင် Player တွေ အလွယ်တကူ စိတ်ပျက် လက်လျှော့ ပြီး ကျောခိုင်းထွက်သွား နိုင်ပါတယ်။ အခု လောလောဆယ်တော့ ကျောခိုင်းကြမှာ မဟုတ်သေးပါဘူး။ ဘာလို့ဆိုတော့ အခုအချိန်ထိ ဘယ်သူမှ NC ကနေ ထင်သာမြင်သာ ရှိတဲ့ အကျိုးအမြတ်တွေ ရရှိခဲ့ပြီလို့ မကြားမိသေး လို့ပါ။ ကျွန်တော်လည်း ဆက်ကစား ရင်ကောင်းမလား ရပ်နားရင် ကောင်းမလား စဉ်းစားဖို့ အချိန် ရောက်လာတော့ မယ်ထင်ပါတယ်။
Written by @aggamun
Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=34
Congratulations @aggamun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!