လျှောက်သော လမ်း များ (@aggamun)

in #blog6 years ago

လွန်ခဲ့သော လ အနည်းငယ် ခန့်က စတီးမစ်တွင် လုပ်စရာ သိပ်မရှိခဲ့ပါ။ တစ်နေ့ကို ပိုစ့် တစ်ခု မက အေးဆေး တင်နိုင်သလို မိမိနှစ်သက်သော ပိုစ့်များကို အပ်ဗုတ်ပေး မှတ်ချက်ရေး စိတ်တိုင်းကျ လုပ်လို့ရအောင်ကို အချိန်က ပေါလှသည်။ စတင်းဈေးကလည်း ပြားသုံးဆယ် တောင်မှ မရှိဘူးလေ။

အကျိုးခံစားခွင့် နည်းပါးလွန်းသည့် ထိုကဲ့သို့သော အချိန်မျိုးတွင် ပိုစ့် သုံးလေး ခုရေး၊ မရ ရအောင် ရေး ပြီး ကြိုးစားအား ထုတ်သူများလည်း ရှိနေ ကြသည်။ ဤ ခက်ခဲသော ကာလ မျိုးကိုပင် အခွင့်အရေး အဖြစ် အသုံးချကာ စတင်း စုဆောင်းသူများ ဖြစ်သည်။ မိမိ၏ ယုံကြည်မှုကို လက်နက် အဖြစ်စွဲကိုင်လျက် အခက်အခဲ မှန်သမျှကို အခွင့်အရေး အဖြစ် ပြောင်းလဲကာ စတီးမစ် ပေါ်တွင် လျှောက်လှမ်း နေကြသည်။

ထိုသူတို့၏ ဇွဲ သတ္တိ များက အံ့ဖွယ် သရဲ ပင် ဖြစ်သည်။ ထိုသူများကို ကျွန်တော် လေးစား၍ မဆုံးနိုင်တော့ပေ။ ထိုသူတို့ကို ကြိတ်၍ အားကျကာ ကြိုးစား ခဲ့ရသော နေ့ရက်များလည်း ရှိခဲ့ဖူးသည်။ ထိုသူတို့၏ အကူအညီများကလည်း ကျွန်တော့ အတွက် လွန်စွာ အထောက်အကူ ဖြစ်ရသည်ဟု လည်း ဝန်ခံ မိပါသည်။

လျှောက်သောလမ်းများ ရောက်ကြရမည်။

ယခု အချိန် မှာတော့ စတင်းဈေးများ အနည်းငယ် မြင့်တက်လာခြင်း၊ စတင်း အခြေပြု ဂိမ်းများ လူကြိုက်များလာခြင်း နှင့် အတူ အခြားသော အချက်များကြောင့် လည်း စတင်းမစ်ကြီး အနည်းငယ် မက ပြန်လည် လှုပ်ရှား အသက်ဝင်လာခဲ့သည်။

လုပ်ဆောင်စရာ လုပ်ငန်း ဆောင်တာ များလာခြင်း နှင့်အတူ project များသည်လည်း ကြိုးစား အားထုတ်နေသူများအတွက် ကူညီ ထောက်ပံ့ဖို့ရာ နည်းမျိုးစုံ ဖြင့် အသင့် အနေအထား ဖြစ်နေကြပြီ။ ဤသည်ကို အခွင့်အရေး တစ်ခု အနေဖြင့် အပိုင် ဆုပ်ကိုင်ပြီး စတီးမစ်တွင် မိမိလိုချင်သော ရလဒ်များ ပိုင်ဆိုင်ဖို့ရာ လှေကားထစ် အဖြစ် အသုံးချ ဖို့ရာက မိမိ၏ ဆုံးဖြတ်ချက် ပေါ်တွင်သာ မူတည် လျက်ရှိသည်။

ကျွန်တော်၏ SP သည်လည်း ပြီးခဲ့သော ကာလ များထက် တိုးတက်မှု နှုန်းက များပြား နေသော်လည်း SP 1 000 ပြည့်ဖို့ကတော့ အတော့ကို ကြာမြင့်ဦးမည် ဟု ထင်ပါသည်။ SP 10 000 ဆိုသည်ကတော့ အိပ်မက် တစ်ခုသာ ဖြစ်နေပေလိမ့်မည်။ သို့သော် ဤရွေ့ ဤမျှ သည်ပင် ကျွန်တော်၏ မှတ်တိုင်များ ဖြစ်သည်။ စတီးမစ် ပေါ်မှ ညီအစ်ကို မောင်နှမ ဆရာသမား ၏ ကူညီ စောင်မ မှုများ၏ ရလဒ် တစ်ခု ဖြစ်သည်။ တစ်နေ့ တစ်လံ ပုဂံ ဘယ်ရွေ့ မလဲ လေ။

ဆိုခဲ့သည့် အတိုင်း လျှောက်သောလမ်းများ ရောက် ရမည်သာ။ ကျွန်တော်လိုချင်သော မှတ်တိုင်များ ရောက်ဖို့ရာ ကျွန်တော် ဆက်လက် လျှောက်လှမ်း ရပေဦးမည်။ ဆရာ သမားများ၏ လမ်းပြ ပေးမှုနှင့် အတူ …… ညီအစ်ကို မောင်နှမများ၏ ကူညီ ထောက်ပံ့ ပေးမှုများ နှင့် အတူ …… ကျွန်တော်၏ ခြေလှမ်းများ သည် ရှေ့ဆက် ချီတက်လျက် ………


So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play drugwars : https://staging.drugwars.io/#!/ref/@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

To play Magicdice : https://magic-dice.com/?ref=aggamun

To play moonSTEEM : https://www.moonsteem.com/?ref=aggamun

My bounty post for this week : https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-13-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=39
Sort:  

ကောင်းတယ် ဘရို။ အားပေးတယ်။

ဟုတ် ဘဒို။

Posted using Partiko Android

Congratulations @aggamun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published more than 300 posts. Your next target is to reach 350 posts.

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

You can upvote this notification to help all Steem users. Learn how here!