ပေါက်ကွဲပြီလေ (@aggamun)
ခင်ဗျား မကောင်းဘူးဗျာ။ အခုလို စကားတစ်ခွန်းကို လက်လွတ်စပယ် မပြော သင့်ဘူး။ ခင်ဗျားက လွယ်လွယ် ပြော လွယ်လွယ် ရေးလိုက် တာ ဖြစ်ချင်ဖြစ် ပေမယ့် ကျုပ်တို့က သွားနေရင်း ခြေခေါက်လဲ သလို ဖြစ်ကုန်တယ်။ ခင်ဗျား မသိဘူး လား သိရဲ့နဲ့ ပြောချလိုက်သလား ဗျာ။
သူအရှိန်နဲ့ သူ တက်နေတဲ့ ဈေးက အခု တလိမ့်ခေါက်ကွေး ကျကုန်ပြီ။ အခြား တွဲဖက် ကောင်တွေကလည်း ကျဆင်းမှုက မြင်မကောင်းဘူး။ အဓိက ကတော့ ခုလက်ရှိ ကျုပ်လုပ်ငန်းကလည်း ကျပြီးရင်း ကျနေ တော့တာပေါ့ဗျာ။
ဟိုတရက်ကပဲ မျှော်လင့်ချက် အဖြစ် သူရဲကောင်း လေး ပေါ်ပါစေ ဆိုပြီး ရေးခဲ့မိသေးတယ်။ အခုတော့ သူရဲကောင်းထက် အရင် လူမိုက်က ပွဲကြမ်း လိုက်သလိုပဲ။ အော် စကား တစ်ခွန်း …… စကား တစ်ခွန်း တော်တော် ထိရောက်မှု ရှိတဲ့ စကား တစ်ခွန်းပါလား။
ပြောမယ်ဆိုရင်လည်း အကောင်းဘက်က ပြောလိုက်ပါတော့လားဗျာ။ များများ ဝယ်ထားကြပါ။ အနာဂတ်မှာ အသုံးဝင်လာနိုင်ပါတယ်။ စသဖြင့်ပေါ့လေ။ အခုတော့ ဘာလဲဗျာ မကြိုက်ဘူး တွေရော မယုံကြည်နိုင်ဘူး ဆိုတာရော ကဲ ဘယ်လောက် အဆိုးမြင် နေသလဲ။
အင်းပေါ့လေ ခင်ဗျားရဲ့ ရပ်တည်ချက်ကိုက ခင်ဗျားတို့က ပထမ ကိုး။ ပြီးတော့ စီးပွားရေး သမားက စီးပွားရေး ဆန်တဲ့ စကားမျိုး ပြောတာ ဘာဆန်းမတုန်း။ ကျုပ်တို့ကသာ ကျွဲ နှစ်ကောင် ခတ်တဲ့ကြား က မြေဇာပင် ဘဝလို ဆိုတော့ လှိမ့်ခံရဦး မပေါ့။ ဘာပဲ ဖြစ်ဖြစ် ခင်ဗျား ထမင်း ဝအောင်သာ စားထား။ ကျွန်တော် ပန်းကန် ဆေးဖို့ လာခဲ့မယ်။ 😊
Written by @aggamun
Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=36

ဟုတ်တယ် ပြောပစ်လိုက် မှတ်ထား ပန်းကန်ပြောင်အောင်စားထားလို့ 😁
ဝုတ်ဒေ စိတ်တိုတယ် ဂယ်ပဲဗျာ 😜