HIV/ AIDS အမေးအဖြေ အပိုင်း ၁၅ HIV/ AIDS (Q&A Part-15)
HIV/ AIDS အမေးအဖြေ အပိုင်း ၁၅ HIV/ AIDS (Q&A Part-15)

HIV/AIDSနဲ့ ပတ်သက်ရင် သုံးတဲ့စကားလုံးတွေက ဆေးပညာအသုံးအနှုန်းတွေသုံးတော့ လူထုကနားမလည်ကြဘူး။ အများနာလည်လွယ်အောင် အတိုကောက်အသုံးအနှုန်းတွေ သုံးကြတယ်။ Peer Education အဲ့စကားလုံးအကြောင်းအရင်ပြောပြပါမယ်။ ပထမတစ်လုံးက Peer ဒုတိယစာလုံးက Education ပါ။ Education ဆိုတာကတော့ ပညာပေးတဲ့အချက်/နည်း၊ ပညာပေးတာပေါ့။ Peerဆိုတဲ့ စကားလုံးက နည်းပညာကြားခံတစ်ခုပါ။ လူအုပ်စုထဲမှာ၊ လူအမျိုးမျိုးရှိတဲ့အထဲမှာမ တူညီတဲ့ သဘာဝတစ်ခုရှိတဲ့ လူတွေကိုပဲ ရွေးထုတ်လိုက်မယ်ဆိုရင် သူတို့ကို Peer လို့ခေါ်ပါတယ်။ မြန်မာလိုအလွယ်ကတော့ အသက်တူ၊ အရွယ်တူ၊ အုပ်စုတူတဲ့သူ၊ အလုပ်အကိုင်တူတဲ့သူ၊ အကျင့်စရိုက်တူတဲ့လူကို Peerလို့ခေါ်ပါတယ်။ သူတို့မှာ ထူးခြားတဲ့စရိုက်ကလေးတစ်ခုစီ တူညီတာပေါ့။

Peer Education ဘာလို့ဖြစ်လာရလဲဆိုတော့ မြန်မာအဆို စကားပုံတောင်ရှိပါတယ်။ အဖေ၊ အမေက ဘယ်လောက်ပြောပြော၊ မယားစကားပဲ နားထောင်တယ်ဆိုတာမျိုး၊ အဖေ၊ အမေက ဘယ်လောက်ဆိုဆုံးမလို့မရပေမယ့် သူငယ်ချင်းက ပြောလိုက်ရင် နားထောင်တယ်ဆိုတာမျိုး၊ သူနဲ့ဘဝတူအချင်းချင်း လူတစ်ယောက်က ဆုံးမတာမျိုး၊ နားလည်အောင်ရှင်းပြတာမျိုးဆိုရင် ပိုလက်ခံလိုပါတယ်။ ဒါကြောင့် ကျန်းမားရေး ပညာပေးတဲ့အခါမှာ တစ်နည်းအားဖြင့် ပြည်သူလူထုကို ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ ဖြန့်ဖြူးတဲ့နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေက ပြောတာမျိုး၊ ဆရာ/ဆရာမတွေက ပြောတာထက်စာရင် လူငယ်ထုက သူတို့အချင်းချင်းပြန်ပြီး သူတို့စကားနဲ့ ပြန်ရှင်းပြတာကို ပိုလက်ခံလိုပါတယ်။ သူတို့သုံးနေကျ ဗန်းစကားတွေလည်း ထည့်သုံးလို့ရတယ်။ သာမန်အားဖြင့် အကြာကြီးပြောမယ့်စကားလုံးတွေကို သူတို့နားလည်မယ့် စကာလုံးတစ်လုံး၊ နှစ်လုံးနဲ့လည်းပြီးသွားမယ်။ အချင်းချင်းပြောတဲ့အတွက် ဟန်တွေ၊ ပန်တွေလည်းမလိုဘူး။

ကိုယ်စိတ်ထဲ မရှင်းရင်လည်း ပြန်မေးလို့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် အဟန့်အတားလည်းမရှိတော့ဘူး။ ပိုလည်းထိရောက်တယ်။ ဒါကြောင့် ကျန်းမာရေး ပညာပေးတဲ့လုပ်ငန်း၊ အထူးသဖြင့် HIV/AIDSရောဂါနဲ့ ရောဂါပညာပေးတဲ့အခါမှာ Peer သက်တူ၊ ရွယ်တူ၊ အုပ်စုတူ၊ ဘဝတူ၊ အလုပ်အကိုင်တူတဲ့သူ၊ အချင်းချင်းပညာပေးတာပိုထိရောက်တယ်ဆိုတာ သိရတဲ့အတွက်ကြောင့် ဒီနေ့ခေတ်အခါမှာ အချင်းချင်းပညာပေးတဲ့လုပ်ငန်းကို Education လို့ခေါ်ပါတယ်။ တစ်ချို့ အဖွဲအစည်းတွေမှာ SW, MSM, IDU တွေကို Peer Educator အဖြစ်ပြန်ခန့်ကြပါတယ်။ (SW= Sex Worker, MSM= Man Sex Man, IDU= Injunction Drugs User)

နောက် VCCT, အဲ့တာကတော့ Voluntary Counselling and Confidential Testing၊ Voluntary မိမိဆန္ဒအလျောက် Counselling ဆိုတာက နှစ်သိမ့်ဆွေးနွေး ပညာပေးတာခံယူတာပါ။ Confidential testing ကတော့ လျှို့ ဝှက်စွာ HIVပိုးစစ်ဆေးတောပါ။ ဆိုလိုတာကတော့ HIV/AIDSနဲ့ ပတ်သက်တဲ့ ရောဂါကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတစ်ခုခုကို လုပ်ထားတဲ့လူပဲဖြစ်ဖြစ် တခြားအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် HIVပိုးစစ်ဆေးဖို့လိုလာပါလိမ့်မယ်။ အဲ့ဒီလိုအခါမျိုးမှာ သူတိုဆန္ဒအလျောက် နှစ်သိမ့်ဆွေးနွေး ပညာပေးမှုခံယူပြီး သူတို့ဆန္ဒနဲ့အညီ လျှို့ ဝှက်စွာ HIVပိုးစစ်ဆေးတဲ့အလုပ်ကို VCCT လို့ခေါ်ပါတယ်။ VCCT မလုပ်ပဲ ရောဂါပိုးစစ်ဆေးလိုက်မယ်ဆိုရင် လူတစ်ယောက်ရဲ့ အရေးကြီးတဲ့ ပြောင်းလဲမှုနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ရဲရဲရင်မဆိုင်ရဲတာတစ်ကြောင်း၊ ရင်မဆိုင်ရဲတဲ့အပြင် လူ့လောကထဲကနေ ထွက်ခွာချင်စိတ်တွေ ပေါ်လာတဲ့အခါမှာ ထွက်ခွာသွားအောင် လုပ်တာမျိုးသော်လည်းကောင်း ဒါမှမဟုတ် လူတွေရဲ့တုံ့ပြန်မှုတစ်မျိုးဖြစ်တဲ့ ဒီအချက်ကို လက်မခံဘဲ ရမ်းကားတဲ့အပြုအမူမျိုးတွေလုပ်လာတယ်။ အခြားလူတွေရောဂါ ကူးစက်အောင် တမင်လုပ်လာတယ် အစရှိတဲ့ အပြုအမူမျိုးတွေ ဖြစ်တော့ HIVစစ်ဆေးမယ်ဆိုရင် မည်သူအဆို ပြင်ဆင်ထားနိုင်ဖို့အတွက် နှစ်သိမ့်ဆွေးနွေး ပညာပေးခံယူဖို့လိုတယ်။ အဲ့ဒီလို နှစ်သိမ့်ဆွေးနွေး ပညာပေးမှုခံရတာလည်း ကိုယ်ရဲ့ဆန္ဒအလျောက်ပဲ ဖြစ်သင့်ပါတယ်။ အတင်းအကျပ်စေခိုင်းတာမျိုး မဖြစ်သင့်ဘူး။ ဒါကြောင့် VCCT ဆိုတဲ့ဟာ ဒီနေ့ခေတ်အခါမှာ ကျယ်ကျယ်ပြန့် ပြန့်  သုံးလာရခြင်း ဖြစ်ပါတယ်။

နောက်တစ်ပိုင်းတွင် AIDSနှင့် ဆေးဝါးများအကြောင်းရေးသားပါမယ်။ စောင့်မျှော်ဖတ်ရှု့ပေးကြပါဦ။

@ahtaroo
MSC-004
Photo Credit; google image
img credz: pixabay.com
Nice, you got a 4.0% @minnowbooster upgoat, thanks to @ahtaroo
Want a boost? Minnowbooster's got your back!
Thanks
ဟုတ်
thank for sharing
ဟုတ်ကဲ့ဗျ
your post is good and knowledge
Thank you
ငါမှားတာပါ ငါကိုကသွားရေးခိုင်းမိတာကိုး ခုတော့စောင့်အုံးပေါ့လေ ☻☻☻
ဟီးဟီးဟီး ပြီးခါနီးပါပြီ
ကျန်းမာရေးဗဟုသုတမျှဝေပေးတာကုသိုလ်လည်းရပါတယ်
ဟုတ်ကဲ့ဗျ
@cryptohustlin has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.
ဟုတ်...ဆေးပညာအသုံးအနုံးတွေသိလိုက်ရပါတယ်။
ဟုတ်သသလောက်ပြန်ပြောပြတာပါ
Great post bro
Thank you
ကျွန်နော်ဖတ်၍လိုချင်သောအချက်များယူသွားခဲ့သည်
ဟုတ်