လူ့ကျင့်ဝတ် နှင့် လူ့တာဝန် (Human Ethics and Duty)

in #myanmar7 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


duty.png

Image from google


ယနေ့ခေတ်ကာလတွင် လူအများစုသည် လူတို့၏ လိုက်နာရမည့် ကျင့်ဝတ် ခေါ် ၀တ္တရားများ နှင့် လူ့တာဝန်များကိုနားလည်သိရှိခြင်းမရှိတော့သဖြင့် လိုက်နာရန် လည်းပျက်ကွက် နေပေတော့သည်။ ရှေးအခါက မြန်မာလူမျိုးတို့သည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသော လူမျိုးဖြစ်သကဲ့သို့ လူတို့၏ လိုက်နာရမည့် ကျင့်ဝတ်များကို နားလည်ကြပေသည်။ ယနေ့မျက်မှောက်ခေတ်တွင် ယဉ်ကျေးမှုလည်းလျော့နည်းလာသကဲ့သို့ လိုက်နာရမည့် လူတို့၏ ကျင့်ဝတ်များကို လိုက်နာမှုအားနည်းလာပါ သည်။ သို့ဖြစ်ပါသောကြောင့် ယဉ်ကျေးသော လူ့အသိုင်းအ၀ိုင်းဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူဖြစ် စေရန်အတွက်လည်းကောင်း၊ ဗဟုသုတရရှိ စေရန်အတွက်လည်းကောင်း ယခုဆောင်းပါးအား ရေးသား အပ်ပါသည်။

လူတို့တွင် လိုက်နာကျင့်ဆောင်ရမည့် လူ့ကျင့်ဝတ်များ နှင့် လူ့တာဝန်(၀တ္တရား)များ ရှိပါသည်။ သို့သော် သိသူများ တဖြည်းဖြည်းလျော့နည်းသွားပြီဖြစ်ပါသည်။ လူအများသည် ကျင့်ဝတ် နှင့် တာဝန်ကို သဲကွဲစွာ မသိကြ တော့ပေ။ လူ့ကျင့်ဝတ် ခေါ် လူ့ဝတ္တရားဆိုသည်မှာ အဘယ်ကိုခေါ်သနည်း။ မည်သည့်အဓိပ္ပါယ်ကို ဖော်ဆောင်ပါသနည်း။ လူ့ကျင့်ဝတ် ခေါ် လူ့ဝတ္တရား နှင့် လူ့တာဝန်သည် အလွန်ခြားနားသော သဘော သဘာဝရှိပါသည်။ လူ့ကျင့်ဝတ် ခေါ် လူ့ဝတ္တရားများသည် မိမိတို့ လူ့သက်တမ်း တစ်လျောက်တွင် အမြဲတမ်း အချိန်မှန်မှန် လုပ်ဆောင်သင့်သည့်တရားဖြစ်ပါသည်။ လူ့ကျင့်ဝတ် ခေါ် ၀တ္တရားကို မိမိတို့ စိတ်ကြိုက် အလျော့ အတင်းပြုလုပ်ဆောင်ရွက်နိုင်ပေသည်။ မိမိတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါသည်။


duty 1.png

Image from google


လူ့ကျင့်ဝတ် ဆိုသည်မှာ လူ့လောကအသိုင်းအ၀ိုင်းတွင် နေထိုင်ကြသော လူသားတိုင်းသည် မိမိတို့၏ အကျိုးစီးပွား နှင့် မိမိတို့နှင့်ဆက်နွှယ်ပတ်သက်နေသောအသိုင်းအ၀ိုင်း(ဥပမာအားဖြင့်ဆိုသော် မိဘ၊ ဆရာသများ)၏ အကျိုးစီးပွားတို့အတွက် လိုက်နာကျင့်သုံးရသော ၀တ္တရားများကို လူ့ကျင့်ဝတ် ဟု ခေါ်ဆိုပါသည်။ ကျင့်ဝတ်ဆိုသည်တို့ကို လူအများကြားဖူးကြပါသည်။ ပြန်လည်သတိရစေရန်အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါသည် -

◘ သားသမီးကျင့်ဝတ်ငါးပါး၊
◘ မိဘကျင့်ဝတ်ငါးပါး၊
◘ တပည့်ကျင့်ဝတ်ငါးပါး၊
◘ ဆရာ့ကျင့်ဝတ်ငါးပါး၊
◘ လင်ကျင့်ဝတ်ငါးပါး၊
◘ မယားကျင့်ဝတ်ငါးပါး၊
◘ အလုပ်သမားကျင့်ဝတ်ငါးပါး၊
◘ အလုပ်ရှင်ကျင့်ဝတ်ငါးပါး၊
◘ အကြီးအကဲ(နာယက)ကျင့်ဝတ်ခြောက်ပါး၊
◘ မိတ်ဆွေကျင့်ဝတ် ငါးပါး စသည်ဖြင့် လူ့ကျင့်ဝတ် များရှိပါသည်။


duty 2.png

Image from google


လူ့ကျင့်ဝတ် ခေါ် လူ့ဝတ္တရားများသည် အခြေအနေ နှင့် အချိန်အခါအလိုက် လိုက်နာလုပ်ဆောင်ရန်ပျက်ကွက် တတ်ကြပါသည်။ ထိုသို့ လူ့ကျင့်ဝတ်များကို လိုက်နာရန်ပျက်ကွက်ပါက မည်သူမျှ အရေးယူဆောင်ရွက်ရန်၊ မင်းပြစ် မင်းဒဏ်သင့်ခြင်း မရှိပါချေ။ သံသရာခရီလမ်းကိုလျှောက်လှမ်းနေကြသော လူတို့အဖို့တော့ သံသရာတွင် အပြစ်တော့ ခံချင်ခံရနိုင်ပေသည်။ မိမိကိုယ်တိုင်ကအဆင်မပြေသောကြောင့် သားသမီးဝတ္တရားများ ပျက်ကွက် ခြင်းသည် အခြေအနေအရ သားသမီးဝတ္တရားပျက်ကွက်ခြင်းဖြစ်သဖြင့် လူအများက နားလည်ခွင့်လွှတ် တတ်ကြပါသည်။ သို့သော် မိမိကိုယ်တိုင် အဆင်ပြေနေပါလျှက်နှင့် သားသမီး ၀တ္တရားများ ပျက်ကွက်ခဲ့သည်ရှိ သော် လူ့လောကတွင် မည်သည့်ပုဒ်မနှင့်မျှ အရေးယူုခြင်းမရှိသော်လည်း ဘေးပတ်ဝန်းအသိုင်း အ၀ိုင်းမှ မေး ထူး ခေါ် ပြော ပင်လုပ်ချင်သူ နည်းလာမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ငွေကြေးချမ်းသာသဖြင့် သွားဖြဲပြီး အလကား ဆွဲမည့်သူများတော့ ပတ်ဝန်းကျင်တွင် ရှိကောင်းရှိနေနိုင်ပါသည်။ အဆင်ပြေနေပါလျှက်နှင့် သားသမီးဝတ္တရား ပျက်ကွက်ခဲ့သော် ယခု လက်ရှိဘ၀သာမက နောင်သံသရာအတွက်လည်း မကောင်းနိုင်ကြောင်း ဗုဒ္ဓဘာသာဝင် များကလည်း လက်ခံ ယုံကြည်ထားကြပေသည်။ လက်ရှိတွင် ငွေကြေးအရ ချမ်းသာကြွယ် ၀နေသော်လည်း "ခွေးရူးကောင်းစား တစ်မွန်းတည့်" ဆိုသော စကားကဲ့သို့ပင် ကောင်းစားလှ အလွန်ဆုံး တစ်ဘ၀သာလျှင်ဖြစ်ပေ သည်။ ယုံကြည်မှုရှိခြင်း၊ ယုံကြည်မှုမရှိခြင်းတို့သည် ချစ်မိတ်ဆွေများ၏ ကိစ္စသာဖြစ်ပါသည်။ မိဘများ အပေါ်တွင် ပြုစုရန်ပျက်ကွက်ခဲ့ခြင်းကို မည်သူ့ကမျှ လာရောက်အရေးယူမည်မဟုတ်သလို မိမိတို့အား ကျွေးမွေး ပြုစုစောင့်ရှောက်လာခဲ့ကြသည့် ကျေးဇူးရှင် မိဘနှစ်ပါးမှလည်း ခွင့်လွှတ်နေမည်သာဖြစ်ပါသည်။ ထိုကိစ္စသည် လူ့ကျင့်ဝတ် ခေါ် လူ့ဝတ္တရားဖြစ်ပါသည်။

မိခင် ဖခင်တို့သည် မိမိ၏ မှီခိုအားထားစရာများ၊ ဇနီး မယားဆိုသည်မှာကား မိမိတို့၏ ပျော်ရွှင်စရာ အသိုက်အမြုံလေးတစ်ခု၊ သား သမီး မြေး မြစ်တို့သည်ကား မိမိတို့၏ မျိုးဆက်သစ် အညွန့်အတက် အနွယ် ကလေးများ၊ ဆွေမျိုးများသည်ကား အကူအညီထောက်ပံ့ပေးရာတစ်ခု ထိုကဲ့သို့သော အစုအစည်းလေးကို မိမိတို့ တတ်နိုင်သမျှ မပြိုကွဲအောင် ထိန်းသိမ်းရပေမည်။ အထက်ပါအကြောင်းအရာများသည် လူ့ကျင့်ဝတ် ခေါ် လူ့ဝတ္တရား အတွက် အကျဉ်းဖောပြခြင်းဖြစ်ပါသည်။


duty 4.png

Image from google


လူ့တာဝန်ဆိုသည်ကိုလည်း ဆက်လက်ဖော်ပြလိုပါသည်။ တာဝန်ဆိုသည်မှာကား မဖြစ်မနေလုပ်ဆောင်ရသော သဘောဖြစ်ပေသည်။ မိမိတို့နေထိုင်ရာ ရပ်ကွက်၊ မြို့၊ ရွာ၊ နိုင်ငံတို့အတွက် လုပ်ကိုင်ရသည့် တနည်းအား ဖြင့်ဆိုသော် ထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များကို လူ့တာဝန် ဟုခေါ်ဆိုပါသည်။ လူ့တာဝန် ပျက်ကွက်လျင်တော့ မင်းပြစ် မင်းဒဏ်သင့်ပေမည်။ တရားဥပဒေ အရ အရေးယူခြင်းခံရပါမည်။ မိမိတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီး ဆုံးရှုံးနိုင်ပါသည်။ တာဝန် ပျက်ကွက် ပါက ငွေကြေးဖြင့်ဖြစ်စေ၊ ထောင်ဒဏ်ဖြင့်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စသည်တို့အားခံကြရပေမည်။ ထို့ကြောင့် မိမိတို့၏ တာဝန်ကို မလွဲမသွေ မပျက်မကွက် ဆောင်ရွက်ကြရပေသည်။ တာဝန်ပျက်ကွက်ခဲ့သည် ရှိသော် မိမိတို့၏ နိုင်ငံတော် အကျိုးစီးပွားအထိတိုင် ပျက်စီးဆုံးရှုံးနိုင်ပါသည်။ လူ့တာဝန်များကို သိသာနိုင်ပါစေရန်အတွက် အောက်တွင် ဖော်ပြလိုက်ပါသည်။


duty 3.png

Image from google


♦ လူမှုရေးတာဝန်များ၊
♦ ကျန်းမာရေးတာဝန်များ၊
♦ ကူညီစောင့်ရှောက်ရေးတာဝန်များ၊
♦ လုံခြုံရေးတာဝန်များ၊
♦ ကာကွယ်ရေးတာဝန်များ၊
♦ တည်ဆောက်ပြုပြင်ရေးတာဝန်များ၊
♦ သာယာစိုပြည်လှပရေးတာဝန်များ စသည်ဖြင့် တာဝန်အမျိုးမျိုးရှိပေသည်။ တာဝန်ဆိုသည်ကို ဥပမာအနေဖြင့်ဖော်ပြခြင်းဖြစ်ပါသည်။


duty 5.png

Image from google


တာဝန်များအကြောင်းကို အစိုးရလခစား ၀န်ထမ်းများက ပိုမိုသိရှိပါမည်။ မိမိတို့အား ညွှန်ကြားစေခိုင်းချက်များအား အချိန်နှင့်အညီ ပြီးစီးအောင်မပြုလုပ်နိုင်ခဲ့သော် အရေးယူခြင်းတစ်မျိုးမျိုးခံကြရပေမည်။ မိမိတာ ယူထားရသည့် တာဝန်သည် အရေးကြီးလျှင် အရေးကြီး သလောက် အကောင်အထည်မဖော်နိုင်ပါက အလုပ်ပင်ပြုတ်နိုင်ကြောင်းကို အစိုရလခစားဝန်ထမ်းများ ပိုမိုသိရှိပေသည်။ သတိပြု လုပ်ဆောင်ကြရပေသည်။ အမှားအယွင်းခံနိုင်သော တာဝန်များ ရှိသကဲ့သို့ အမှားအယွင်းမခံနိုင်သော တာဝန်များလည်း ရှိနေပေသည်။

ဗဟုသုတအနေဖြင့်ဖော်ပြခြင်းဖြစ်ပါသောကြောင့် အကျဉ်းမျှသာဖြစ်ပါသည်။ အနည်းငယ်သော ဗဟုသုတလေးဖြစ်နိုင်ပြီး မိမိတို့ပြုကငျ့ရမည့် တာဝန်များကို မိမိတို့ တတ်စွမ်းနိုင်သလောက် ကျေပွန်နိုင်ကြပါစေခင်ဗျာ။ ကျွန်တော်တော့ အားလုံးကို ကျေပွန်အောင် မလုပ်ဆောင်နိုင်ပါကြောင်းပါခင်ဗျာ။ လူ့လောက လူ့ဘောင်တွင် နေထိုင်ကြသော လူအများအနေဖြင့်လူ့ကျင့်ဝတ် ခေါ် လူ့ဝတ္တရားပျက်ကွက်မှုများရှိ ခဲ့သော် လူနည်းစု တစ်စုအတွက် ထိခိုက်နစ်နာနိုင်ပေသည်။ လူ့တာဝန်များ ပျက်ကွက်ပါမူ လူအများပျက်စီးဆုံးရှုံး နစ်နာနိုင်ကြောင်းရေးသားလိုက်ပါသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

27-10-2017 သောကြာနေ့(Friday)

Sort:  

မေ့နေကြသောအရာများ

မေ့ချင်ယောင်ဆောင်နေတာနေမှာပါ

Very nice writing !

Thank for sharing!

ကျေးဇူးပါဗျာ

အဆုံး၌လူကျင့်ဝတ်အကြောင်းကိုမသိတာတွေသိခဲ့ရသလိုသိနေတဲ့အရာတွေလည်းဆင်ခြင်မိခဲ့ပါတယ်(ကိုစိုး)ဒါပေမည်ပြောတောပြောချင်ပ
မပြောခဲ့လို့စိတ်မဆိုးပါနှင့်
ပြောမကောင်းပေ
မှန်သာပြောရင်ရွာပြင်ထုတ်ခံရမည်စိုးသောကြောင့်
မပြောခဲ့တော့ပေ
သိရှိခွင့်ရလို့ကျေးဇူးတင်ပါတယ် ကိုစိုး@thura

ကျွန်တော့် post နှင့်သက်ဆိုင်ပါက ပြောပါ စိတ်မဆိုးပါ ကျေးဇူးပင်တင်ပါသည် အခြား ကိစ္စဆိုပါက မပြောပါနဲ့

ဟုတ်ကဲ့ခင်ဗျ

လူ့ကျင့်​ဝတ်​နှင့်​တာဝန်​များဖတ်​ရှုရလို့​ကျေးဇူးပါ

မသိသလောက်ဖြစ်နေလို့ပါ

သတိမရကြ

ကိုမာ ဆိုတာ ဖြစ်နေတာလား ကိုသာ

လောလောဆယ်တော့ ဆရာ့ဝတ္တရား မကျေပွန်သေးပါဘူးဗျာ

ကျွန်တော်ကပိုဆိုးတယ် ဆရာမောင်း ဘာမှကို မကျေပွန်နိုင် တတ်နိုင်သလောက်တော့ ကြိုးစားနေရတာပေါ့ ဆာမောင်းရယ်

သားသမီးကျင့်ဝတ်ငါးပါး၊
◘ မိဘကျင့်ဝတ်ငါးပါး၊
◘ တပည့်ကျင့်ဝတ်ငါးပါး၊
◘ ဆရာ့ကျင့်ဝတ်ငါးပါး၊။
အဲ့ဒီကျင့်​ဝတ်​၄ခုပဲသိ​တော့တယ်​ 😔

အဲလောက်သိတယ်ဆိုရင်ကို တော်လှပါပီဗျာ

အခုလိုကောင်းမွန်တဲ့အသိတရားများမျှဝေလို့ကျေးဇူးပါ

ဟုတ်ကဲ့ ခုလိုလာရောက်ဖတ်ရှုပေးတဲ့အတွက်လည်းကျေးဇူးပါ

တစ်ခုလောက်သိချင်လို့ မြန်မာ စတီးမစ်တာ တွေထဲမှာ upvote service ပေးတဲ့သူများရှိသလားသိချင်လို့။
ဒါကတော့ ကျွန်တော့်ရဲ့ post ပါ။
https://steemit.com/myanmar/@ptcmyanmar/how-to-avoid-scam-sites

နိုင်ငံခြားသားများသာရှိပါတယ်ခင်ဗျာ မြန်မာမရှိသေးပါ