Token များလွန်းတော့
ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear steemians families.
ခုရက်ပိုင်းမှာ စာရေးမယ်လို့ စိတ်ကူးမိတိုင်း အခြားအကြောင်းအရာတွေကို ရေးချင်စိတ်မရှိပဲ Steemit Platform နဲ့ပတ်သက်တာတွေကိုပဲရေးချင်စိတ်ဖြစ်နေတယ်။ ဖြစ်ဆို ခုဟာ အပြောင်းအလဲတွေလုပ်နေတဲ့ အချိန်ကာလဖြစ်တဲ့အတွက် ရေးစရာ Site ပေါင်းစုံကလည်းပေါနေသလို Steemit Platform ကြီးကို အခြေပြု Steem Blockchain ကို အခြေခံပြီးတော့ Token မျိုးစုံထွက်နေကြတာကိုး။ ပြောင်းလဲခြင်းတွေ မြန်မြန်ပြီးပါစေ လို့တောင် ဆုတောင်းမိသဗျ။ ကျွန်တော်တို့ သိထားတဲ့ Token တွေဆိုတာက တကယ်တော့ အရေအတွက် ဘာမှမရှိသေးတာသေချာပါတယ်။ မသိသေးတဲ့ Token တွေကတော့ ရာနဲ့ချီပြီးရှိနေပါတယ်။ #Steem Enginge Wallet မှာ ကိုယ့်ဆီကို အလကားပို့ထားပေးလို့ သိထားတဲ့ Token တွေ၊ တစ်ယောက်တစ်လက်နဲ့ ဟိုကပေး ဒီကပေးလို့ Login လုပ်ထားတာတွေက နည်းနည်းပဲရှိတော့ နည်းနည်းပဲ သိကြတာပေါ့။ #Airdrop မပေးတဲ့ Token တွေဆို ဘာမှ ကျွန်တော်မသိတာသေချာပါတယ်။ ကျွန်တော့်အတွက်တော့ Token တစ်ခု ပိုသိလာ လေ ပိုပြီး ယောင်တောင်တောင်ဖြစ်လာလေလို့ပဲ ပြောရမလားပဲ။ ဘာကြောင့်လည်းဆိုတော့ Tag က (၅) ခုပဲ တွဲလို့ရတယ်လေ။ ဟို Token လည်းလိုချင် ဒီ Token လေးလည်းလိုချင်ဖြစ်နေလေတော့ Tag က (၅)ခုနဲ့ မရ တော့ဘူးလေ။ Tag များများတွဲလို့ရရင် ပိုကောင်းမယ်ထင်တယ်။ အဲဒီလို ဆိုရင်တောင် အကုန်လုံး Tag တွဲလို့ရ မှာမဟုတ်ဘူး။ မနေ့က ကျွန်တော်ရေးခဲ့သလို ကျွန်တော်တို့ရဲ့ #Steemit Wallet ကြီးရဲ့ တန်ဖိုးကျဆင်းပေးရတဲ့ အကြောင်းကလည်း များပြားလှတဲ့ #Token တွေကို ဆွဲခေါ်နေလို့ဖြစ်မယ်ထင်ပါတယ်။ ဒါက ကျွန်တော့်အထင် ပါ။
ဘယ်လောက်များတဲ့ Token တွေလည်းဆိုတာ အခြားဝင်မကြည့်ပဲ #Steem Engine မှာ ၀င်ကြည့်ရင် သိသာလှ ပါတယ်။ အပေါ်မှာလည်း ဖော်ပြထားပါတယ်။ Token အများစုကလည်း #Mine ဆိုတာကို သီးသန့် #Token ကို ခွဲထုတ်ထားကြတာမြင်မိပါတယ်။ အဲဒီခွဲထုတ်ထားတဲ့ #Mine Token တွေကလည်း ဈေးကြီးလှပါတယ်။ အခြား Token တွေကိုတော့ လက်လှမ်းမမှီတဲ့အတွက် မသိပေမယ့် ကိုယ်သိထားတဲ့ #Mine Token နှစ်ခုကိုတော့ ယှဉ်ပြီးဖော်ပြလိုက်ပါတယ်။ အရင်ရက်တွေက ရေးတင်ခဲ့တဲ့ #PALM, #PALMM နဲ့ #LEOM, #LEOMM တွေကိုပဲ ဖော်ပြနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဆီမှာ အဲဒီ Token နှစ်မျိုးပဲသုံးရသေးတာကိုး။ အခြား #Token တွေကိုတော့ သုံးမကြည့်ရသေးလို့ မသိပါဘူး။ #LEOM, #LEOMM ထက် #PALM, #PALMM က ပိုပြီး သုံးသင့်တယ် လို့ထင်ပါတယ်။ LEOM, LEOMM တာကို ၀ယ်ထားပေမယ့်ခုချိန်ထိ အကျိုးအမြတ်မရသေးတဲ့အတွက်လည်း ဖြစ်ပါတယ်။ #PALM ကတော့ မဆိုးဘူးလို့ပြောရပါလိမ့်မယ်။ #PALMM ကိုတော့ မနေ့ကမှ 0.5 ပဲ ၀ယ်ထားလိုက် နိုင်ပါတယ်။ 1 PALMM ကလည်း 100 Steem ဆိုတော့ တတ်နိုင်တော့ဘူးလေ။ ကိုယ်နိုင်သလောက်ဝန်လေးပဲ ထမ်းပြီးစောင့်နေရတာပေါ့။ နောက် #Token တွေအများအပြားရှိနေတယ်။ သူတို့ရဲ့ Tag လေးတွေတွဲပေးရင် အဲဒီ Token လေးတွေတော့ရတာပေါ့။ #PAL တို့ #LEO တို့လိုပါပဲ။ ဒါလည်း Power ရှိနေမှ အဆင်ပြေမှာပါ။ Tag ကလည်း (၅) ခုတည်းပဲထည့်လို့ရလေတော့ Vote ဒါမှမဟုတ် Token တစ်ခုခုရမယ့်ဟာရွေးထည့်ရင်းနဲ့ ကျွန်တော်တို့ရဲ့ မြန်မာ Tag လေးလည်းပျောက်နေတော့မယ်ထင်တယ်။ ပိုပိုပြီး ဝေးသွားတယ်လို့ဆိုရမှာပဲ။ အခုလောလောဆယ်တော့ Vote များများပေးတဲ့သူတွေကို Tag တွဲနေကြရတာပါပဲ။ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလိုဖြစ်နေခဲ့တာ ကြာပါပြီ။ အောက်မှာတော့ #GG နဲ့ #JAHM #Token တွေအတွက် Link ပေးထားပါတယ်။
အခုလောလောဆယ် #PAL, #LEO လို #Token ရရှိတာကတော့ #GG Token လို့ခေါ်တဲ့ #Good Game Token ပဲ ဖြစ်ပါတယ်။ သူ့ဆီက ပို့ပေးလာတဲ့ GG တွေကိုလည်း အကုန် ကျွန်တော်ကတော့ Stake လုပ်ပစ်ခဲ့ပါတယ်။ ဒါလည်း ထုံးစံအတိုင်း #Steem Engine Wallet ထဲရောက်နေလို့ လျောက်ကလိရင်းနဲ့တွေ့လာရတဲ့ Tag တစ်ခုပဲဖြစ်ပါတယ်။ နောက်တစ်ခုက JAHM Token တဲ့။ ဘာလည်းတော့မသိပါ။ အဲဒီ JAHM Token နဲ့ GG Token ကိုလိုချင်ရင်တော့ သူ့ကို Tag တွဲရမှာပဲဖြစ်ပါတယ်။ သူ့တို့ရဲ့ Tag ကတော့ JAHM ကတော့ #JAHM ပဲဖြစ်ပြီး GG Token အတွက်ကတော့ #steemace ဆိုတာပဲ ဖြစ်ပါတယ်။ PAL, LEO တို့လိုပဲ ထုံးစံအတိုင်း Login ၀င်လိုက်ရင် ကိုယ့်ရဲ့ Blog ကိုရရှိမှာဖြစ်ပါတယ်။ ဒါလောက်များလွန်းတော့လည်း Tag တွဲတဲ့အခါ စဉ်းစားရကျပ်ပြီး အူလယ်လယ် ဖြစ်တော့တာပဲ။ ဘာဖြစ်ဖြစ် ဘယ်သူ့ကိုပဲ Tag တွဲတွဲ Steemit Blog နဲ့ ချိတ်ဆက်နေတာဖြစ်လို့ Steemit မှာ ကိုယ်တင်လိုက်တဲ့ Post မှန်သမျှ ကိုယ့်ရဲ့ #Steemit Blog မှာလာပေါ်နေမှာပဲဖြစ်ပါတယ်။ ကောင်းသောပြောင်း လဲခြင်းဖြစ်မယ်လို့တော့ယူဆရပါတယ်။ အထက်မှာရေးခဲ့သလိုပဲ အခြား #Token တွေကို #Steem ကတွဲခေါ် နေတာ ဖြစ်မယ်လို့လည်း ထင်ပါတယ်။ အခြေအနေတွေတည်ငြိမ်သွားရင်တော့ #Steem ဈေးတွေလည်း တက်လာလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။ #Token တွေများလာလေ ကျွန်တော့်အဖို့တော့ ဟိုဟာလိုချင် ဒီဟာလိုချင်၊ ဟိုဟာလည်းလက်မလွှတ်ချင်၊ ဒါလေးကိုလည်းလိုချင်ဆိုသလို လိုချင်တာ ရချင်တာတွေ ပိုပိုများ လာပြီး အူချာပေါက်နေတော့မယ်ထင်ပါရဲ့။ တစ်ခုခုကိုဦးတည်ရွေးချယ်နိုင်ရင်အကောင်းဆုံးပဲဖြစ်မှာပါ။ ဒီတော့ ကိုယ့်နဲ့ကိုက်တာလေးတွေကို ရွေးချယ်ပြီး Tag လေးတွေကိုတွဲရင်အဆင်ပြေနိုင်မည်ဖြစ်ပါကြောင်းရေးသားရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community
17-7-2019 ဗုဒ္ဓဟူးနေ့(Wednesday)
များလွန်းတော့ tag တွဲရတာ မနိုင်ရယ်မှမစုံ😁😁
Posted using Partiko Android
အဲတော့ tag မတွဲပဲ # တွေတွဲပစ်လိုက်တော့ ☺
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks.
တစ်ယောက်တစ်ခုစီထုတ်နေကြတယ်နေမယ်
ဟုတ်လောက်တယ်
အံမလေး တ ရလောင်အောင် တိုကင်တွေက များချက်
လက်ကိုမလည်အောင်ပါပဲဗျာ
ရတာယူမယ် ရတာယူမယ်