How to Make Paper Gift Box

in #myanmar6 years ago

Paper Gift Box

ဒီတစ်​ခါမှာ​တော့gift box​လေးတစ်​ခုပြုလုပ်​ထားတာပါ။ပုံစံတစ်​မျိုးနှင့်​ပြုလုပ်​ထားတာဖြစ်​ပြီး၊heart shape​ရောင်​စုံများနှင့်​ပုံ​ဖော်​ထားတာပါ။ပြုလုပ်​ရမည့်​အဆင့်​များက​တော့ကတ်​ထူကိုတိုင်းတာ၍ဖြတ်​မယ်​။ပြီး​နောက်​အပြင်​ဘက်​နှင့်​အတွင်းဘက်​အတွက်​heart shapeများပြုလုပ်​မယ်​။ပြီး​တော့ကတ်​ထူဘူးအဖုံးတစ်​ခုပြုလုပ်​ရမှာပါ။လိုအပ်​တာ​တွေက​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊​ပေတံ၊ခဲတံစသဖြင့်​လိုအပ်​တာပါ။

img1532188575146.jpg

img1532188690527.jpg

ပထမဆုံးကတ်​ထူစက္ကူ​ပေါ်မှာမိမိပြုလုပ်​ချင်​တဲ့အတိုင်းအတာကိုယူပါ့မယ်​။ပြီး​နောက်​အလျား၊အနံတူညီတဲ့စတုရန်းကွက်​ငါးကွက်​ကိုပုံပါအ​နေအထားအတိုင်းဆွဲ၍ကတ်​​ကြေးဖြင့်​ဖြတ်​ပါ့မယ်​။ပြီး​တော့အပြာ​ရောင်စာရွက်​​ဖြင့်​ဖုံးအုပ်​​ကော်​ကပ်​ရမှာပါ။အတွင်းဘက်​မှာ​တော့လိ​မ္မော်​​ရောင်​စာရွက်​ကိုအသုံးပြု၍​ကော်​ကပ်​မှာပါ။

IMG_20180717_162528.jpg

IMG_20180717_165448.jpg

ဆက်​လက်​ပြီးheart shapeများပုံ​ဖော်​ပါ့မယ်​။အရွယ်​အစားကို​တော့အကြီး၊အလတ်​၊အ​သေးသုံးမျိုးနှင့်​တစ်​မျိုးစီကို​လေးခုစီဖြတ်​ရမှာပါ။ကတ်​ထူ​ပေါ်မှာတိုင်းတာ၍ဖြတ်​ပြီးမှ၊အ၀ါ​ရောင်​စာရွက်​​ပေါ်​ကော်​ကပ်​ပြီး၊ပုံစံ​ဖော်​ကာကတ်​​ကြေးဖြင့်​ဖြတ်​ရမှာပါ။ဒီအ​ပေါ်မှာမှခရမ်း​ရောင်​heart shapeကိုထပ်​မံ​ကော်​ကပ်​ပါ့မယ်​။ပုံများနှင့်​​ဖော်​ပြထားပါတယ်​။

IMG_20180719_153228.jpg

IMG_20180719_155312.jpg

ပြီး​တော့အ၀ါ​ရောင်​စာရွက်​သုံးရွက်​ဖြတ်​ပါ့မယ်​။စာရွက်​သုံးရွက်​လုံးအလျား၊အနံတူညီ​အောင်​ဖြတ်​ရမယ်​။ဒါ​ပေမဲ့အတိုင်းအတာကို​တော့1cmစီကွာခြား၍ဖြတ်​ပါ့မယ်​။အတိုင်းအတာမတူတဲ့စာရွက်​သုံးရွက်​ပါ။ပြီး​တော့အနား​လေးနားရှိတာအနားတစ်​ခုစီတိုင်းမှာပုံမှာပြထားတဲ့အတိုင်းထပ်​မံ၍တြိဂံပုံစံဆွဲပါ့မယ်​။ဒီနည်းအတိုင်းအ၀ါ​ရောင်​စာရွက်​သုံးရွက်​ကိုဆွဲပြီးကတ်​​ကြေးဖြင့်​ဖြတ်​ကာ၊ခုနကပြုလုပ်​ထားတဲ့ကတ်​ထူအလယ်​မှာညီညာစွာကြီးစဉ်​ငယ်​လိုက်​စီ၍၊​ကော်​ကပ်​မယ်​။ဒီအ​ပေါ်တွင်​heart shape​လေး​တွေကိုညီညာစွာ​ကော်​ကပ်​ရမှာပါ။

IMG_20180721_153012.jpg

IMG_20180720_225627.jpg

IMG_20180721_151608.jpg

ဘူးအဖုံးတစ်​ခုနှင့်​အပြင်​ဘက်​အလှဆင်​ရန်​အနီ​ရောင်​heart shapeများပြုလုပ်​ပါ့မယ်​။အဖုံးပြုလုပ်​ရန်​ကတ်​ထူ​ပေါ်boxအလျားနှင့်​တူညီစွာတိုင်းတာ​ရေးဆွဲပြီး၊​လိ​မ္မော်​​ရောင်​စာရွက်​နှင့်​​ကော်​ကပ်​ကာအပြင်​ဘက်​အနားကိုကတ်​​ကြေးဖြင့်​ဖြတ်​၍​ထောင့်​​တွေကိုပုံမှာမြင်​ရတဲ့အတိုင်း​ကော်​ကပ်​ပါ့မယ်​။သပ်​ရပ်​တဲ့ဘူးခွံအဖုံးရရှိမှာဖြစ်​ပြီး၊ထို့​နောက်​အရွယ်​တူအနီ​ရောင်​heart shapeငါးခုထပ်​မံဖြတ်​၍၊အပြင်​ဘက်​မျက်​နှာပြင်​​လေးခုနှင့်​အဖုံးတို့မှာညီညာသန့်​ရပ်​စွာ​ကော်​ကပ်​ပါ့မယ်​။

IMG_20180721_152940.jpg

IMG_20180721_112023.jpg

IMG_20180721_152918.jpg

IMG_20180721_150407.jpg

Beautiful Paper Gift Box

img1532188847161.jpg

img1532188457687.jpg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

အနုပညာဆန်‌တယ်‌ ညီမ။ ‌တော်‌‌တော်‌အားစိုက်‌ထားတာဘဲ။လှလည်းလှတယ်‌။‌တော်‌ပါတယ်‌ညီမ။

ဟုတ်​ကဲ့ပါ...ခုလိုအား​ပေးလို့​ပျော်​ပါတယ်​...​ကျေးဇူးပါ....

အရမ်းလှပပြီး စနစ်တကျ ပြုလုပ်ထားတဲ့ paper gift box လေးပါခင်ဗျာ။အဆင့်တစ်ဆင့်ချင်းစီ နားလည်လွယ်အောင် သေသေချာချာ ရှင်းပြထားတဲ့ အစ်မရဲ့ စေတနာကိုလည်း မြင်တွေ့ရပါတယ်။မြင်လိုက်တာနဲ့ အရမ်းလှပပြီး လိုချင်တဲ့စိတ်ဖြစ်အောင်ဖန်တီး ပြုလုပ်ထားနိုင်တာဟာ အစ်မရဲ့ပညာကို ခန့်မှန်းသိသာစေတဲ့အချက်ပါ။လေးစားလျက်

ဟုတ်​ကဲ့...fri​တွေအား​ပေးလို့လည်းဆက်​ကြိုးစားနိုင်​တာပါ...ခုလိုအား​ပေးလို့ခွန်​အားဖြစ်​​စေပါတယ်​...​ကျေးဇူးပါ...

Gift Boxလှလှလေးရဖို့  သေချာလေးစနစ်တကျ လုပ်တတ်မှ
ကျွန်တော်ဆို အနုမစိပ်တတ်တော့ လုပ်နိုင်မယ်မထင်ဘူး
အမတော့ လေးစားပါတယ်

ဟုတ်​တယ်​...ဒီတစ်​ခုမှာ​သေချာတိုင်းတာလိုက်​ရတယ်​...နည်းနည်းလွဲရင်​မ​သေသပ်​မလှ​တော့ဘူး.....

အပြင်​မှာ အဲလို​လေး​တွေ လုပ်​ပြီး​ရောင်းရင်​ ​ရောင်းရမှာ ☺ ☺

ဟုတ်​တယ်​...ဒီအကြံ​လေး​ကောင်းတယ်​...good👍☺

ဟုတ်တယ်ဆို ... အထူးသဖြင့် တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ လိုမျိုး လူငယ်တွေ အများဆုံး ရှိတဲ့နေရာတွေမှာ ရောင်းရင် တကယ်ကို အလုပ်ဖြစ်မှာ...

ဟုတ်​တယ်​​နော့...သူတို့​လေး​တွေဆိုကြိုက်​ကြမှာ...လက်​​ဆောင်​ထည့်​​ပေးလို့ရတာ...ခုလိုအကြံ​ကောင်း​လေးအတွက်​​ကျေးဇူးပါ...

ငါ​တော့အဲ့​လောက်​ကြီးစိတ်​မ​ရှေဘူး​နော်

စိတ်​ရှည်​မှ​သေသပ်​လှပမှာ...😁

စိတ်ဝင်စားဖို့ကောင်းတယ်
အရောင်စုံလေးတွေဆိုတော့ လှနေရော

အင်း...​ကျေးဇူး​နော့
အား​ပေးလို့​ပျော်​ပါတယ်​.....

အမြဲတမ်းအားပေးလျက်ပါ@aster

ဟုတ်​ကဲ့...အား​ပေး​လို.​ကျေးဇူးပါ...