မျိုး​စေ့မှန်​၍ အပင်​သန်​ပါ​စေ(အပိုင်း ၂)

in #myanmar7 years ago (edited)

အဘယ်​တွက်​​ကြောင့်​များ ကျွန်ုပ်​ကို လာ​ရောက်​လိမ်​လည်​သည်​ကား စဉ်းစားမရ​ပေ။
ကျွန်ုပ်​လည်း "အဘွားတို့က ဘယ်​ကိုပြန်​ရမှာလည်း" ဟု​မေးမြန်း​လေရာ "မိတ္ထီလာထိ ပြန်​ရမှာ ငါ့​မြေးရဲ့"ဟုဆို​လေသည်​။ အဘွားသည်​ သူ့၌ ​ငွေ ၅၀၀၀ ပါ​သေး​ကြောင်း၊ကျွန်ုပ်​မှ သူတို့​မြေးအဘွားတွက်​ လမ်းစရိတ်​လိုအပ်​သည့်​ ​ငွေ ၅၀၀၀ ကူညီ​ပေးပါ ဆို​လေသည်​။ အဘွားအို တွက်​ပြရာ၌လည်း အဟုတ်​ပင်​ဖြစ်​​လေသည်​။ အဘွားတွက်​ ကားခ ၄၀၀၀၊ သူ့​မြေးအတွက်​ကားခ ၂၀၀၀၊လမ်းစားစရိတ်​နှင့်​ဆိုလျှင်​ ​ငွေ ၁၀၀၀၀ မှ​လောက်​​လေမည်​ဟု တွက်​ချက်​ပြ​လေ၏။ ကျွန်ုပ်​လည်း စိတ်​ထဲ၌ ကူညီသင့်​၊မကူညီသင့်​ ချင့်​ချိန်​​နေမိ၏။
က​လေးငယ်​အား ကြည့်​မိ​သော်​ ပကတိရိုးသားစင်​ကြယ်​သည့်​မျက်​နှာ​လေးနှင့်​ မိမိတို့​ပြော​နေ​သော စကားများအား နားလည်​ဟန်
မ​ပေါ်​ပေ။ ငယ်​ရွယ်​သူ က​လေးတစ်​​ယောက်​ဖြစ်​၍ မျက်​နှာစိမ်း ဖြစ်​​သော ကျွန်ုပ်​အားသာ စိုက်​ကြည့်​ကာ​နေ​လေသည်​။ ယခုကျွန်ုပ်​အားလာ​ရောက်​လိမ်​လည်​ရာ၌ အဘွားနှင့်​ က​လေးငယ်​အရွယ်​ မဟုတ်​၊ သန်​သန်​မာမာ အရွယ်​များ​ဖြစ်​​နေပါမူ ကျွန်ုပ်​၏မျှ​တွေ​ဝေ​နေမည်​မဟုတ်​​ပေ၊ ချက်​ချင်း ခွန်းတုန့်​ပြန်​၍ ငြင်းလွှတ်​မိမှာပင်​ဖြစ်​​လေ၏။ image
ကျွန်ုပ်​​တွေးကြည့်​မိသည်​ကား"အဘယ်​​တွက်​​ကြောင့်​လိမ်​လည်​ရသနည်း၊လိမ်​လည်းမှုပြုလုပ်​ရာ၌ အဘယ့်​​ကြောင့်​ က​လေးငယ်​​လေးအား​ခေါ်​ဆောင်​လာရသနည်း"က​လေးငယ်​အားမြင်​၍ သူတို့လိမ်​လည်​မည့်​လူများ သနား​စေရန်​ ​ခေါ်​ဆောင်​လာချင်းလည်း ဖြစ်​​ကောင်းဖြစ်​နိုင်​​ပေ၏။ ထိုကဲ့သို့သာ လိမ်​ရာတွင်​ ​က​​လေးအားအကြိမ်ကြိမ်ေ​ခာ်​လာပါလျှင်​ က​လေးငယ်​၏ ​နောင်​​ရေးကား စိတ်​ပျက်​စရာသာဖြစ်​​ပေမည်​။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသည့်​စကားအတိုင်း၊ဤက​လေးငယ်​​လေးဘဝကား လူလိမ်​များနှင့်​​နေထိုင်​ရ၍ လူလိမ်​ဖြစ်​လာရန်​သာ အလားလာ များ​နေ​ပေ၏။
လူ့​လောက အသိုင်းဝိုင်း၌ လိမ်​လည်​ခြင်းအား နှစ်​မြို့ကြသူများ ရှိအံ့မထင်​​ပေ။ကံငါးပါးတွင်​လည်း မုသာဝါဒ
ကံအား​ ​ရှောင်​ကြဉ်​ပါမည်​ဟု ငါးပါးသီလ ခံယူတိုင်း ရွတ်​ဆိုခဲ့ကြဖူး​ပေမည်​။ ထိုကဲ့သို့ မုသာဝါဒ ကံကျူးလွန်​လျှင်​ မည်​ကဲ့သို့အပြစ်ခံ​​စားရမည်​ကို တရားစာ​ပေများ၌ ​ရေးသားထား၍ ​တော်​​တော်​များများ သိရှိပါလိမ့်​မည်​။ သိသိကြီးနှင့်​ပင်​ ကျူးလွန်​​နေကြခြင်းမျိုးများ ဖြစ်​​နေမည်​​လော။
ကျွန်ုပ်​သည်​ လိမ်​လည်​ခြင်းအားများစွာ မုန်းတီးသူ ဖြစ်​​လေ၏။မိမိ၏ လိမ်​လည်​လှည့်​ဖျား ခြင်း​ကြောင့်​ သူတစ်​ပါးနစ်​နာသွား မည်​ကိုလည်း မလိုလား​ပေ။ ထိုကဲ့သို့ လိမ်​လည်​မှုအား မနှစ်​မြို့သူ ကျွန်​ပ်​နှင့်​ လိမ်​လည်​မည့်​သူ ထိတ်​တိုက်​​တွေ့​စေ​သော ကံတရားကိုလည်း အံ့သြမိ​​ပေ၏။

. image
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

ဒီမှာဆိုနေ့တိုင်း ကားခမရှိတဲ့သူတွေရှိတယ် ဟေဟေး ကိုအောင်ကြီးတစ်ရာရေ။

ဟီးဟီး ထီ​ပေါက်​ရင်​ အကုန်​လါ​ပေးပြစ်​မယ်
ကားခ

ရန်​ကုန်​မှာကားခမရှိလို့လိမ်​ပြီးလိုက်​​တောင်းတာရှိတ ယ်

ရန်​ကုန်​ဆိုရင်​ ပိုဆိုးမလားဘဲ အမ​ရေ

ဟုက်​တယ်​bro စစ်​ကိုင်းမှာတုန်းက ကျွန်​​တော့သူငယ်​ချင်း​တစ်​​ယောက်​အဲ့လိုပဲ လိမ်​ခံလိုက်​ရတာ ဆိုင်​ကယ်​ဆီဖိုးနှစ်​​ထောင်​​တောင်းသွာတား

ဘဝတူ​တွေ​ပေါ့bro

အဘအောင်ကြီးက ကူညီလိုက်တာလား၊ငြင်းလိုက်တာလား အာ့ပဲသိချင်တာ။ :D
စာက တိုနေတယ်။ထပ်ဖြည့်ပေးပါအုံး အဘရေ။

ဟုတ်​ဟုတ်​ bro ဖြည့်​လိုက်​ပါ့မယ်

က​လေးငယ်​​လေးဘဝကား လူလိမ်​များနှင့်​​နေထိုင်​ရ၍ လူလိမ်​ဖြစ်​လာရန်​သာ အလားလာ များ​နေ​ပေ၏။
ပတ်​ဝန်းကျင်​ကိုလိုက်​ပြီအတုယူကြတာပါ။

ဟုတ်​ ဦး​ထွေး

အာ့လို​တွေခဏခဏ​တွေ့ဖူးတယ်​အဘ​အောင်​​ရေကိုယ့်​ဆီမှာပိုက်​ဆံပါရင်​​တော့​ပေးမိလိုက်​တာပဲ

အဘက​စေတနာ​ကောင်းတယ်​ဗျာ

Nice post bro..

Thank you bro

အေးဗျာ အဲ့လိုလိမ်လည်သူတွေကြောင့် တကယ်ဒုက္ခရောက်နေတဲ့ သူနဲ့တွေ့တဲ့အခါ ယုံကြည်မှုရှိတော့ဘူး

ဟုတ်​တယ်​ကိုမြင့်​​ရေ

This post has received a 0.03 % upvote from @drotto thanks to: @banjo.

လိမ်စားတဲ့သူတွေကြောင့် တစ်ကယ် ဒုက္ခရောက်တဲ့သူတွေ နစ်နာစေတယ်

အမှန်​ပဲ အမရာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61180.86
ETH 2456.21
USDT 1.00
SBD 2.57