FA သက်တမ်းရင့်နေတဲ့သူတွေကို

in #myanmar8 years ago

စိတ်ထဲနှစ်နှစ်ကာမရှိပဲ Propose သွားလုပ်မနေပါနဲ့
တော့ကီအပျော့စားတွေလောက်နဲ့ ဝင်တိုးမနေပါနဲ့
ဖိန့်ဖိန့်မာယာတွေသုံးပြီး ဂျိန်းဖို့ ကြိုးစားမနေပါနဲ့
ကတိကဝတ်တွေပြု ရွှီရှောင်လုပ်ဖို့စဉ်းစားမနေပါနဲ့
အခမ်းနားဆုံး Surprise နဲ့ မြူ ဆွယ်ဖို့တွေးမနေပါနဲ့
မသမာနည်းလမ်းသုံး ရယူပိုင်ဆိုင်ဖို့ အိပ်မက်မနေပါနဲ့
အစွယ်အပွားတွေကတဆင့် Date ဖို့စိတ်ကူးမနေပါနဲ့
အလန်းစားညှို့ကွက်တွေနဲ့ ဂယက်ထဖို့ ပြင်မနေပါနဲ့။

သူတို့ရဲ့ ရင်ဘတ်ထဲမှာ
ကျောက်ခဲတွေ ထည့်ထားသလား ထင်ရတဲ့အထိ
မာကျောခက်ထန်တဲ့ Style ပဲ တွေ့ရပါလိမ့်မယ်။

သူတို့ဆီက စိတ်ပါမှ
ရေခဲတိုက်က မသာတွေရဲ့အပြုံးလောက်ရှိတဲ့
အေးစက်တဲ့ တုန့်ပြန်မှုမျိုးပဲ ရပါလိမ့်မယ်။

သူတို့က သင့်ကို အလွယ်တကူ
ပြန်ချစ်တယ် (သို့မဟုတ်)
သူ့ရဲ့ဘဝထဲဝင်လာဖို့
ချက်ချင်း မီးစိမ်းပြတယ် ဆိုပါစို့...
သေချာတာက...
သင်တော့ လှလှပပ ကစားခံရတော့မှာပါ
ရွာသာကြီးကို အမြန် Flight နဲ့ ဒိုးရဖို့များနေပါပြီ။

သူတို့ ဘယ်အချိန်အနိုင်ပိုင်း ထွက်သွားမလဲ
တစ်သျှူးလိပ်လေးကိုင် မျက်ရည်လေးသုတ်ရင်း
ငုတ်တုပ်သာ ထိုင်စောင့်နေတော့ပဲလေ။

FA ဘဝမှာ ဆရာတစ်ဆူဖြစ်ဖို့
ကွဲလိုက်ရတဲ့အသည်း သောက်သောက်လဲ...
တစ်စစီပြန်ကောက် လူမမြင်အောင် တိပ်နဲ့ကပ်
စူပါဂလူးနဲ့ပြန်ဖာ ဟန်မပျက် ရုပ်တည်နဲ့နေရတာပါ။

3.years / 4 years ဂလုံဆန်ခဲ့ပြီးကာမှ
Lotteria ကြက်ကြော်အသစ်လေးလည်းတွေ့ရော
CP ကြက်ကြော်အဟောင်းလေးကို ခါချပြီး
သစ္စာမဲ့ ဖောက်ပြန်သွားတာက တစ်မျိုး။

ဘယ်သူ့ကိုမှ လာပါလာပါ ဘဝထဲဆွဲမခေါ်ဘူး
သူတို့ဘာသာ ခွေးတိုးပေါက်ပါမချန် တိုးဝင်လာတာ
ကိုယ်က အတည်ကြံပြီ ဘဝကြီးမှတ်ပြီပေါ့
သေတဲ့အထိ ဒီတစ်ယောက်ကို
လက်တွဲတော့မယ် ဆုံးဖြတ်လိုက်ပြီပေါ့
သိပ်မကြာဘူး အကြောင်းအမျိုးမျိုးပြ
Silent talk တွေနဲ့ပညာပြ
ဥပေက္ခာတွေ တရစပ်အပစ်ခံရ
ကိုယ့်ဘက်က လမ်းမခွဲခွဲအောင်
ပြတ်ပြီ သေတဲ့အထိ မပတ်သက်ဘူးစကား
မပြောပြောလာအောင် လုပ်ပြတာက တစ်မျိုး။

အခုလက်ထပ်မယ် နောက်တော့လက်ထပ်မယ်
မိဘနဲ့ပေးတွေ့မယ် ပိုက်ပိုက်တွေစုကြမယ်
Western Park မှာ Wedding လုပ်မယ်
Sedona မှာ Dinner စီစဉ်မယ် 
စကားလုံးလှလှတွေနဲ့ ပစ်ချခံခဲ့ရတာက တစ်မျိုး။

ဘဝမှာ အကြိမ်ကြိမ်အခါခါ သေဆုံးခဲ့ဖူးတယ်
မျက်ရည်နဲ့ခေါင်းအုံး Relationship ချိတ်ခဲ့ဖူးတယ်
ဘော်ဒါတွေရဲ့ Black lists
စာရင်းထဲ EX ကြောင့်ရောက်ခဲ့ဖူးတယ်
မှန်ရှေ့စိုက်ငေးရင်း ပုလဲတွေ ကြွေခ ခဲ့ဖူးတယ်
ရမှတ် Minus တသီကြီးနဲ့
ပညာရေး ဟိုးအောက်ထိ ထိုးကျခဲ့ဖူးတယ်။

ကဲ ! FA ဖြစ်ဖို့ လွယ်ရဲ့လား?
ပေးဆပ်ထားရတာတွေမှ မနည်းမနောပဲလေ။

ပြောရရင် FA တွေရဲ့ဘဝမှာ
အချစ်ဆိုတာ မြောင်းထဲရောက်သွားပါပြီ။

အပေါစားအချစ်တွေ ဘဝထဲအဝင်မခံတော့ပါဘူး
ဘယ်သူ့ကိုမှ အောက်ကျခံ ချစ်မပြတော့ပါဘူး
Propose တိုင်းကို ရင်မခုန်တတ်တော့ပါဘူး။
နောက်တစ်ကြိမ် ထပ်အညံ့ခံမှာ မဟုတ်တော့ပါဘူး။

ခဏတာ အပျော်သက်သက်ဆို ဝင်မလာပါနဲ့
တစ်ဘဝလုံးစာအတွက် ချစ်မပေးနိုင်ဘူးမှတ်လား
လာရာလမ်းအတိုင်းသာ လှည့်ပြန်သွားလိုက်ပါလေ။