Risk to Reward ( R/W )

in #steem7 years ago (edited)

Risk to Reward ( R/W )

Risk ဆိုသည်​မှာစွန့်​စားမှုဖြစ်​သည်​။ Reward ဆိုသည်​မှာ ယင်းစွန့်​စားမှု​ကြောင့်​ရရှိလာ​သောဆုလဒ်​ဖြစ်​ သည်​။ $100 စွန့်​စား၍ $200 အမြတ်​ရလျင်​ R/W = 2 ဖြစ်​သည်​။ $100 စွန့်​စား၍ $300 အမြတ်​ရလျင်​ R/W=3 ဖြစ်​သည်​။

ကျွန်​​တော်​တို့၏အရပ်​ထဲ၌​လောင်းကစား​နေကြ​သောနှစ်​လုံးထီသည်​​ငွေ ၁၀၀ကျပ် ထိုး၍ပေါက်လျင်​ ၈၀၀၀ကျပ်​ အ​လျော်​ရ​သောကစားနည်းဖြစ်​သည်​။ R/W= 80 ရှိ​သောကစားနည်းဖြစ်​သည်​။ သို့​သော်​နှစ်​ လုံးထီ၏ကန့်​သတ်​ချက်​တစ်​ခုမှာအကွက်​​ပေါင်း​တစ်ရာရှိပြီးတစ်ကွက်သာပေါက်နိုင်ခွင့်ရှိသ ဖြင့်​ Probability ( ဖြစ်​နိုင်​​ခြေ ) 0.01သာရှိသည်​။ရေရှည်​တွင်​တစ်​ကွက်​ကိုအခါတစ်​ရာထိုးလျင်​တစ်​ခါ သာ​ပေါက်​နိုင်​​ခြေများပြီး၊အဆရှစ်ဆယ်သာအလျော်ရသဖြင့်
့်တွက်ခြေမကိုက်ချေ။ ဤကန့်​သတ်​ချက်​ သည်​အ​သေဖြစ်​သည်​။ ထို့​ကြောင့်​​ရေရှည်​တွင်​ရှုံးမည်​။

ဈေးကွက်​သည်​အရှင်​ဖြစ်​သည်​။ ခန့်​မှန်း၍မရနိုင်​​သော​ပြောင်းလဲမှုများတစ်​ချိန်​လုံးဖြစ်​​ပေါ်​နေသည်​။ဈေး အတက်​အကျကိုမည်​သူမှလက်ဝါးကြီးအုပ်​ထား၍မရ။ ​ဈေးကွက်​ကိုသင်​ဝင်​၍ကစားလျင်​လည်း​ရသည်​။ ​ဘေးကထိုင်​​စောင့်​ကြည့်​​နေလျင်​လည်း​ရသည်​။ ကစား​နေရင်းလည်းမိမိစိတ်​ကြိုက်​အချိန်​ထွက်​လိုက်​လို့ရ သည်​။ ​ဈေးကွက်​တွင်​ Probability သည်​နှစ်​လုံးထီကဲ့သို့အ​သေမဟုတ်​။ မိမိအသုံးပြု​သောဗျူဟာ​ပေါ်မှာ မူတည်​၍​ပြောင်းလဲ​နေသည်​။ Probability နှင့်​ R/W ကိုမိမိလက်​ထဲမှာဖန်​တီးပြီးစိတ်​ကြိုက်​ကစားနိုင်​ သည်​။

စစ်​​မြေပြင်​၌ရဲရဲမြင်​တိုင်း​လျှောက်​ပစ်​​နေ​သောစက်​​သေနပ်​သမား၏အသက်​အန္တရာယ်သည်စိုးရိမ်ရ ၏။နေရာ​ကောင်းတစ်​ခုယူ၍​ရန် သူကိုသေချာ​အောင်​​စောင့်​ဆိုင်း​ချိန်ရွယ်ပြီးမှပစ်ခတ်သော Sniper သမား၏ကျည်ဆန်သည်တွက်ခြေ ကိုက်​သည်​။ ထို့​ကြောင့်​ ဈေးကွက်ကို စိတ်ရှည်စွာစောင့်ဆိုင်းရမည် စိတ်ရှည်ခြင်းသည် အောင်မြင်သောဈေးကစားခြင်း၌ အဓိကကျပါသည်။ Sniper Trader ဖြစ်​​အောင်​ကြိုးစားရမည်​။

Risk to Reward သည်​မူလကမှန်းထားချက်​နှင့်​တကယ်​တန်းဖြစ်​လာ​သောရလဒ်​တို့ကွာခြားမှုရှိသည်​။ ထို့​ကြောင့်​ပျမ်းမျှ Risk to Reward ဆို​သောစကားလုံးကိုကျွန်​​တော်​သုံးခဲ့ပါသည်​။ ထိုအ​ခြေအ​နေများ တွင်​လည်းရရှိထား​သောအမြတ်​ကိုကာကွယ်​ဖို့ဗျူဟာများရှိသည်​။ Trade Management ဟု​ခေါ်သည်​။ Trailing Stop လုပ်​ပုံအ​ကြောင်းကို​ရေးထားသည်​။ Risk to Reward ကိုကြိုတင်​မတွက်​ချက်​ပဲကစား ​သောဗျူဟာများလည်းရှိပါသည်​။ Price Action Trading စံနစ်​တွင်​ Risk to Reward ကိုအ​ရေးကြီး ​သောလက်​နက်​တစ်​ခုအဖြစ်​ကိုင်​တွယ်​၍ကစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။