မြန်မာစကားပုံများမှအောင်မြင်ခြင်းဆီသို့…

in #myanmar7 years ago (edited)

image
နတ်နေကိုင်း

"နတ်နေကိုင်း"ဆိုတဲ့အသုံးအနှုန်း
လေးကိုအရပ်ထဲမှာကြားဖူးကြလိမ့်
မည်ဟုထင်ပါသည်။"နတ်နေကိုင်း"
ဆိုသည်မှာသစ်ပင်တစ်ပင်၏
အမြင်ဆုံးနေရာကိုခေါ်ဆိုပါသည်။
ရှေးအခါကသစ်ပင်တစ်ပင်ခုတ်သည့်အခါ၌
အကိုင်းအခက်အားလုံးကို
ခုတ်ထစ်ခြင်းမပြုဘဲထိုသစ်ပင်၏
ရုက္ခစိုးနတ်နေထိုင်ရန်အကိုင်းတစ်ခုချန်ထားတတ်
ကြသည်ဟူသောအယူအဆတစ်ခုရှိခဲ့ဟန်တူလေ
သည်။၎င်းမှတစ်ဆင့်ရုက္ခစိုးနတ်နေထိုင်ရန်ချန်ထားရှိသောအကိုင်းကို"နတ်နေကိုင်း"ဟုခေါ်တွင်ခဲ့ကြပုံ
ပေါ်ပါသည်။

လူသားတို့သည်လည်းအောင်မြင်
တိုးတက်လိုပါက"နတ်နေကိုင်း"
နှင့်တူသောပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်)
တစ်ဦးထက်ပို၍ထားရပေမည်။
ထိုပုဂ္ဂိုလ်သည်မိမိထက်အသက်ဂုဏ်
ဝါကြီးသူဖြစ်ပြီးအများသူငါရိုသေ
လေးစားခြင်းခံရသောပုဂ္ဂိုလ်မျိုး
လည်းဖြစ်ရပေမည်။မိမိကိုယ်တိုင်လည်း
ဗိုလ်မထားသောစိတ်နှင့်ထင်ရာစိုင်းတတ်သောစိတ်
တို့ကိုမွေးမြူခြင်းမပြုရ။ရှိခဲ့လျှင်
လည်းဖျောက်ဖျက်နိုင်ရန်ကြိုးပမ်း
ရမည်ဖြစ်ပါသည်။
မိမိလုပ်လိုသောအကြောင်းအရာများ
နှင့်ပတ်သတ်၍"နတ်နေကိုင်း"နှင့်တူသောပုဂ္ဂိုလ်များထံအကြံဉာဏ်
များတောင်းခံရမည်ဖြစ်ပါသည်။
၎င်းတို့သည်မိမိတို့ထက်အတွေ့အကြုံ
များ၍ရင့်ကြပ်မှုအပြည့်ရှိသော
ကြောင့်မိမိတို့မကြည့်ရှုနိုင်သေးသည့်
ရှုထောင့်များမှကောင်း/ဆိုးကျိုး
ရလဒ်များကိုဝေဖန်ပိုင်းခြားကာ
မြော်မြင်တွက်ဆပေးနိုင်မည်သာ
ဖြစ်ပါသည်။

ထိုအကြောင်းအရာနှင့်ပတ်သတ်၍
အထိန်းမရှိတဲ့ချည်ခင်၊
အကွပ်မရှိတဲ့ကြမ်း၊
ကန်သင်းမရှိတဲ့ရေကန်ဟူ၍
စကားပုံတို့ရှိကြလေသည်။

image

အထိန်းမရှိသည့်ချည်ခင်

အထည်ရက်ရန်ဝါနဲ့ဗိုင်းတောင့်မှဖြစ်လာသော
ချည်ကြိုးကလေးများနှင့်
အမျှင်ကလေးများကိုချည်ဟုခေါ်
သည်။၎င်းချည်ကလေးများကိုအတွဲ
လိုက်အခွေလိုက်လုပ်ထားရာမှ
ချည်ခင်ဖြစ်လာသည်။ချည်ခင်၌
ချည်မျှင်များရှုပ်ထွေးမသွားစေရန်
ချည်ကြိုးကလေးငါးဆယ်ခန့်ကိုခွဲ၍
ထိန်းထားသောနောက်ထပ်ချည်ကြိုး
လေးတစ်ကြိုးကိုအထိန်းဟုခေါ်သည်။
အကယ်၍ထိုအထိန်းကြိုးသာမပါ
ခဲ့ပါကချည်ခင်တစ်ခုလုံးသုံး၍မရနိုင်
အောင်ရှုပ်ထွေးသွားမည်သာဖြစ်ပါ
သည်။လောကတွင်လည်းမိမိအား
ပဲ့ပြင်ဆုံးမပေးမည့်ပုဂ္ဂိုလ်တစ်ဦး
အမှန်တကယ်ပင်လိုအပ်လှပေသည်။
ထိုပုဂ္ဂိုလ်မျိုးသာမရှိခဲ့လျှင်မိမိဘဝ
သည်နေချင်သလိုနေထိုင်ချင်သလို
ထိုင်ကာမည်သူ့မျှဂရုမစိုက်ဘဲ
ထင်ရာစိုင်းသည့်အဖြစ်ကိုရောက်
ရှိပေလိမ့်မည်။
image
အကွပ်မရှိတဲ့ကြမ်း

ခုတင်၊ကွပ်ပစ်စသည်တို့၌ဝါးခြမ်းပြား
များကိုထန်းလျှော်ဖြင့်ချည်နှောင်ထားသော
အခင်းကိုကြမ်းဟုခေါ်ကြသည်။
ထိုကြမ်းတွင်ထန်းလျှော်ကဲ့သို့
အကွပ်မပါရှိဘဲဝါးခြမ်းပြားချည်း
သက်သက်သာစီရီထားပါကလမ်း
လျှောက်လိုက်လျှင်ထိုဝါးခြမ်းပြားများ
သည်ပရမ်းပတာဖြစ်ကုန်မည်ပင်
ဖြစ်ပါသည်။အကွပ်မကောင်းပါက
ဝါးခြမ်းပြားများကစဥ့်ကလျားဖြစ်ပြီး
နေထိုင်၍ရမည်မဟုတ်တော့ပါ။
ထို့ကြောင့်လောကတွင်လိုက်နာရန်
စည်းကမ်းများနှင့်ကျင့်သုံးရမည့်
ဥပဒေများကိုထားရှိသောကြောင့်
လူသား၏မနက်ဖြန်တိုင်းသည်ဖရိုဖရဲနိုင်လှမည်
မဟုတ်တော့ပေ။
image
ကန်သင်းမရှိတဲ့ရေကန်

ကန်သင်းဆိုသည်မှာကန်ထဲသို့ရောက်
ရှိပြီးသားရေများပြန်ထွက်မသွားစေ
ရန်မြေဖို့၍တားဆီးထားသောအတား
အဆီးတစ်ခုပင်ဖြစ်သည်။တစ်နည်း
အားဖြင့်ကန်ဘောင်းရိုးဟုလည်းခေါ်
သည်။ထိုနည်းတူစွာလူသားတို့သည်
လည်းမိမိတို့တည်ရှိရာအရပ်ဒေသ
(ဝါ)ဇုန်အတွင်းမှဘောင်မကျော်မိစေ
ရန် သူ့စည်းကိုယ့်စည်းဟူ၍ထားကြ
ရလေသည်။သို့မှသာလူသားအချင်း
ချင်းခိုက်ရန်ဖြစ်ပွားကာထိခိုက်ပျက်စီးခြင်း
မှသွေဖယ်နိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍လောကတွင်အောင်မြင်
ကြီးပွားတိုးတက်လိုပါကအထက်ပါ
မြန်မာစကားပုံလေးများအတိုင်း
လိုက်နာကျင့်သုံးတတ်စေရန်
အင်မတန်အရေးကြီးလှပေသည်။
"ကိုယ့်လှေကိုယ်ထိုး
ပဲခူးရောက်ရောက်"၊
"ကိုယ့်မြင်းကိုစိုင်း
စစ်ကိုင်းရောက်ရောက်"
ဆိုသောလူစားမျိုးတွေမဖြစ်စေရန်
မိမိကိုယ်ကိုပြုပြင်ထိန်းသိမ်းရ
မည်ဖြစ်ပါသည်။
ဤကဲ့သို့မိမိအသိတရားဖြင့်ဆင်ခြင်
ရှုမျှော်လုပ်ဆောင်ပါကမိမိမျှော်မှန်း
ထားသောအောင်မြင်မှုပန်းတိုင်သည်
ဝေးကွာတော့မည်မဟုတ်ပါကြောင်း
အသိပေးတိုက်တွန်းနှိုးဆော်ရေးသား
လိုက်ရပါတော့သည်။ ။
image
Credit Photos:Google
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Sort:  

ကိုယ်​မသိ​သေးတဲ့ အ​ကြောင်းအရာ​တွေတွက်​ ဗဟုသုတရ​စေပါတယ်​ဗျာ

ဝမ်းသာပီတိဖြစ်ရပါသည်

မှတ်သားမိပါသည် ခင်ဗျာ

ဟုတ်ကဲ့

ခုမှကြားဖူးတာ နတ်နေကိုင်းဆိုတာ

အကြည်တော်ရေးထားတဲ့ဝတ္ထုရှိသေးတယ်

အားပေးနေတယ် အစ်ကိုရေ

ကျေးဇူးပါပဲဗျာ

ကြိုးစားရုန်းကန်မှသာ အောင်မြင်ရာပါ

မှန်ပါတယ်ဗျာ

မှတ်​သားစရာ​ကောင်းပါတယ်

ဟုတ်ကဲ့

ကောင်းပါတယ်ဗျား

ကျေးဇူးပါပဲ

မှတ်သားစရာလေးတွေပါ

ဟုတ်ကဲ့ပါဗျာ

နတ်အိုးကွဲကတော့ အသုံးမကျလို့ လွှတ်ပစ်ရတယ်ဗျို့

ဒါကတော့ကလေးတွေယူဆော့မိရင်
ခိုက်တယ်လို့အယူရှိခဲ့လို့ဖြစ်မယ်

ဗဟုသုတရသွားပါတယ်ဗျာ

Coin Marketplace

STEEM 0.20
TRX 0.16
JST 0.030
BTC 65726.71
ETH 2677.61
USDT 1.00
SBD 2.91