Free Post Promotion Season ( 1 )
Steemit Myanmar မှညီအကို မောင်နှမ သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော် Steemit Platform ပေါ်တွင်စာရေးသားလာခဲ့သည်မှာ ယခုဆိုရင် ကိုးလကျော်လာခဲ့ပြီဖြစ်ပါတယ်။ Steemit မှာစာစရေးခါစအခါများတွင် post တစ်ခုတင်လျှင် ဘဲဥတောင်မကွဲခဲ့ပဲ တစ်ကျပ်တစ်ပြားမှမရခဲ့သော အချိန်များလည်းရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းတွင်မှ promotion ပေးသော MSC အဖွဲ့ဝင်ဖြစ်လာသောအခါမှသာ မိမိရဲ့ဆောင်းပါးအတွက် $ လေးတွေတက်လာတာမြင်ခဲ့ရပါတယ်။ MSC မှ promotion ပေးသောရက်များမှာ မလွတ်အောင်ရေးသားခဲ့ပြီး ကျန်တဲ့ရက်များမှာလည်း ပြားဂဏန်းပဲရရ ရေးသားခဲ့ပါတယ်။

ယခု ရက်ပေါင်း 279 ရက် လပေါင်းကိုးလ ကြာသောအခါတွင် ကျွန်တော်ရဲ့ လက်ရှိ Steem Power သည် 380 အထိ ရှိလာပြီး ကျွန်တော်ရဲ့ vote တစ်ချက်ပေးနိုင်မှုဟာ 0.05 လောက်အထိ ရှိလာပါတယ်။ တစ်ရက်ကို post 10 ခု vote ပေးမယ်ဆိုရင် 0.5 လောက်အထိ ပေးနိုင်တဲ့အနေအထားကို ရောက်ခဲ့ပါပြီ။ မများလှတဲ့ ပမာဏဖြစ်ပေမဲ့ ထိုအနေအထားရောက်အောင် ကျွန်တော် ကိုးလအထိ အချိန်ပေးခဲ့ရပါတယ်။

Credit image source
ကျွန်တော် ရဲ့ ပေးနိုင်မှု 0.5sbd ကို မြန်မာက steemit အသုံးပြုသူများကို ကျွန်တော်တတ်နိုင်တဲ့ဖက်က support လေးတစ်ခု လုပ်ချင်ပါတယ်။ MSC မှ pro မရှိသောရက်များတွင် post တစ်ခုရေးတင်ပေးပြီး အဲ့ဒီpost အောက်မှာ မိမိတို့ရေးသားထားသော post ရဲ့ link ကို လာမန့်ပေးထားရင် အဲဒီ link ကို ကျွန်တော်က 0.01 sbd စီဖြင့် upvote support ပေးချင်ပါတယ်။ pro ရှိသောရက်များတွင်တော့ မပေးနိုင်ပါ။ 0.01 sbd ဖြင့်ပေးမည်ဆိုပါလျှင် တစ်ရက်ကို လူအယောက်လေးဆယ်လောက်အထိ ပေးနိုင်မှာ ဖြစ်လို့ပါ။ 0.01 sbd သည်မများလှသော ပမာဏဖြစ်သော်လည်း တစ်ချို့ဆို vote တစ်ခုအဲ့လောက်ထိ ပင်မတက်ပါပေ။ နည်းပင်နည်းသော်လည်း မိုးရေတစ်စက်ချင်းစီ စုပြီး ရေအိုးပြည့်ရသကဲ့သို အကြိမ်ပေါင်းများစွာ ဆိုရင်တော့ ဒါဟာများလာမှာပါ။

Credit image source
ကျွန်တော်ပေးသော support သည် free သာဖြစ်ပြီး ကျွန်တော်ကို ဘာမှပေးစရာမလိုပါဘူးခင်ဗျာ။ ကျွန်တော့် post ရဲ့အောက်မှာ မိတ်ဆွေတို့ရဲ့ post link ကလေးကို လာမန့်ပေးရုံပဲ ဖြစ်ပါတယ်။ အဲဒီမှာ ဘာထပ်ပြီး အကျိုးအမြတ်ရနိုင်မလဲဆိုရင် ကျွန်တော်က post တစ်ခုလျှင် 10sbd လောက် ဘုသုံးပါတယ်။ မိတ်ဆွေတို့အနေဖြင့် ကျွန်တော်တင်ပေးသော post ကို ရာခိုင်နှုန်းအနည်းငယ်ဖြင့် upvote လုပ်ထားလျှင် 25% reward ကို ရရှိနိုင်ပါလိမ့်မယ်။ ဒါဟာ ကျွန်တော် vote တောင်းစားခြင်းမဟုတ်ပါဘူး။ ရနိုင်တဲ့အကြောင်းကို တင်ပြပေးတာပါ။ up vote မပေးလည်းကျွန်တော့်post အောက်မှာ လာမန့်ထားသူများကို 0.01 sbd တော့ ပေးမှာပါ။

Credit image source
ဒါပေမဲ့ steemit သည် copy paste post များကို လက်မခံသလို ကျွန်တော်ပေးတဲ့ support သည်လည်း copy သမားကိုတော့ လက်မခံပါ။ နိုင်ငံတစ်ကာတွင် steemit အဖွဲ့အစည်းတိုးတက်ရေးအတွက် လုပ်ဆောင်နေကြသကဲ့သို့ မြန်မာတွင်လည်း ရှိပါသည်။ ယခု အစီအစဉ်သည် ကျွန်တော်တတ်နိုင်တဲ့ဖက်က လုပ်ခြင်းသာဖြစ်ပါသည်။ မည်သည့်အခကြေးငွေ ယူ၍ မျှ ဘုရောင်းခြင်းမဟုတ်သလို free သာဖြစ်ပါသည်။ တစ်ပါတ်လျှင် ငါးရက်လောက် ယခုနည်းအတိုင်း လူလေးဆယ်လောက်ကို 0.01sbd နေ့စဉ်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့နှစ်ရက်ကတော့ ကျွန်တော် pro ရယူတဲ့ရက် ဖြစ်တာမို့ မပေးနိုင်ပါဘူး။

Credit image source
လိုအပ်တဲ့စည်းကမ်းချက်အနေနှင့်တော့ များများစားစားမရှိလှပါဘူး။ မြန်မာလို ကိုယ်ပိုင်ရေးသားသော စာပေဆောင်းပါးများသာဖြစ်ရမယ်။ စာလုံးရေ အနည်းဆုံး 200 နီးပါးရှိရပါမယ်။ မိမိရေးသားသော စာပေနှင့် လိုက်ဖက်တဲ့ tag ကို ရွေးချယ်သုံးနှုန်းရပါမယ်။ ဆီလျော်တဲ့ ပုံများကို credit မှန်ကန်စွာ ပေးထားသော post တစ်ခုဖြစ်ရပါမယ်။
ကျွန်တော်ပေးနိုင်သော ရက်များတွင် ယခုကဲ့သို့ post တင်ပေးပြီး အဲ့ဒီအောက်မှာ မန့်ပေးရမှာ ဖြစ်ပါတယ်။ ယခု post အောက်တွင် မိမိရဲ့ post link ကို မန့်ပြီး 0.01sbd ဆီ ရယူနိုင်ကြပါပြီ ခင်ဗျာ။

Credit image source
Author>>>@aungzawhtwe
MSC : 014
စမီးလဲ vote ပေးပါအကိုရီး
စမီးကိုလည်း ပေးမှာပေါ့ link လေးတော့ လာမန့်ရမယ်လေ။
စေတနာကောင်း၍ ကံကောင်းပါမည် ညေး
good idea
လာရောက်အားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
post တော့မတင်နိုင်သေးလို့  လင့်မချသေးဘူးဗျာ လုပ်ပေးတဲ့စေတနာကိုတော့ သာဓုပါ လေးစားတယ်
တတ်နိုင်တဲ့ဟာလေးကို လုပ်ပေးချင်လို့ပါ များတော့မများဘူးပေါ့ဗျာ။ post တင်ပြီးရင် ကိုယ်တိုင်ရေးဆို လင့်လာချပါbro ။ပြောထားတဲ့ ပမာဏ နှင့် ဗုတ်တစ်ခုရရပါစေမယ်ခင်ဗျ။
https://steemit.com/myanmar/@honeysara/ginger-and-its-amazing-properties-a12633e463b41
25% ဖြင့် vote ပေးထားပါပြီခင်ဗျာ။
https://steemit.com/myanmar/@phyowaiaung/undefinedtpitkhe-yate-sa-tkhundefinednakkyy
Done bro.
Good support. welcome ကိုထွေး
Support လာလုပ်ပေးတာကျေးဇူးတင်ပါတယ် ကွီးရွှေ။
https://steemit.com/myanmar/@kyi/14-4-18-tyng-pro-ki-tngyan-thngpundefinedn-pila
ပေးထားပါပြီ အမရေ အသုံးပြုပေးတဲ့အတွက် ကျေးဇူးပါ။
https://steemit.com/myanmar/@myanmarkoko/yamnmathyak-n-wsthssaundefinedtang-wng-ky-neta-ekhansaundefinedk
You got a 25% upvote from @aungzawhtwe courtesy of @myanmarkoko ! its cool fee free .
ကောင်းပါသော်လည်း ကောင်းပါတယ်တို့ဘာတို့ ဓါးမြတိုက်ဖက် တိုက်ဖော်ကြီး ခုတော့အလှူ တေလုပ်နေ သူထိန်း ဖြစ်နေပီကိုးးးး :D MSC NO,227 လူကြား
သူထိန်းမဖြစ်ပါဘူးဗျာ။
I am in bro
https://steemit.com/myanmar/@caesarsupaimin/eyaksayang-coding-ella-7f2aeb7486a66
ပေးထားပြီးပါပြီခင်ဗျာ လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ။