မျက်စိမှုန်သူတို့နှင့်မျက်မှန်
Steemit members အားလုံး မင်္ဂလာပါရှင်။ ဒီတစ်ခါတော့ မျက်စိမှုန်သူများနှင့် မျက်မှန်တပ်လိုက်လို့ ပါဝါတိုးသွားမယ်လို့ ထင်နေသူများ အကြောင်းလေး ဝေမျှပါရစေ။ မျက်မှန်မတပ်ဖူးသူ တော်တော်များများမှာ မျက်မှန်ဆိုင်လာရင် ဆေးမျက်မှန် ရှိလာလို့ မေးလေ့ရှိကြတယ်။ တကယ်တော့ မျက်မှန်လောကမှာ ဆေးမျက်မှန်ဆိုတာ မရှိပါဘူး။ ပါဝါမျက်မှန်ပဲ ရှိတာပါ လူတစ်ယောက်နဲ့ တစ်ယောက် လိုအပ်တဲ့ အားပေါ်မူတည်ပြီး ပါဝါမျက်မှန်တွေ တပ်ဆင် ပေးရတာပါ။ ဘာကြောင့် ဆေးမျက်မှန်လို့ ခေါ်ကြလည်း ဆိုတော့ ဥပမာ လူတစ်ယောက် ပါဝါ +100 လိုအပ်နေတယ် ဆိုပါတော့ ထိုလူကို +100D ပါဝါ မျက်မှန် တပ်ဆင်ပေးလိုက်သောအခါ ထိုလူမှာ လိုအပ်နေသော အလင်းအား ရသွားတဲ့ အတွက်ကြောင့် ခံစားနေရသော ဝေဒနာများ သက်သာ ပျောက်ကင်း သွားတဲ့ အတွက်ကြောင့် ဆေးမျက်မှန်လို့ လွယ်လွယ်သုံးနှုန်း ကြခြင်းသာ ဖြစ်ပါတယ်။ တကယ်တော့ မျက်မှန်ထဲမှာ ဆေးထည့်ထားတာ မဟုတ်ပါဘူး။
မျက်စိမှုန်တယ်ဆိုတာ မျက်စိကောင်းသူတွေထက် အမြင်အာရုံချိုတဲ့ပြီး အရာဝတ္ထုများကို သေချာရှင်းလင်းစွာ မမြင်ရတော့ပဲ ဝေဝါးလာကြရပါတယ်။ ထိုသူတို့မှာ မျက်စိ အာရုံကြော အားနည်းလာတဲ့အတွက် ထိုအားကို ဖြည့်ပေးဖို့တွက် မျက်မှန်ဆိုတာ ဖြစ်လာရခြင်းပါ။ ပုံမှန် မျက်စိမှုန်သူ တစ်ယောက်မှာ လိုအပ်သော အားတစ်ခု ဖြည့်ဖို့ မျက်မှန်တပ်ဆင်လိုက်တဲ့ အခါမှာ အမြင်အာရုံတွေ ကြည်လင်လာပြီး အရာဝတ္ထုများကိုလည်း ရှင်းလင်းစွာ မြင်သည့် အတွက်ကြောင့် မျက်စိနှင့် ဆက်နွယ်သော ရောဂါဝေဒနာများပါ သက်သာ ပျောက်ကင်းသွားတာပါ။ ဒါကြောင့် မျက်စိမှုန်သူတို့မှာ မျက်မှန်တပ်ဖို့ လိုအပ်လာရခြင်း အကြောင်းရင်းပါ။
မျက်စိမှုန်သူတို့မှာ အမျိုးမျိုး ရှိကြပါတယ်။ တစ်ချို့က မွေးရာပါ အမြင်အာရုံ အားနည်းခြင်းကြောင့် တစ်ချို့ကလည်း မျက်စိကို အနားမရသော အလုပ်များ လုပ်ရခြင်းကြောင့်ပါ။ အဲလိုအရာတွေကြောင့် မဟုတ်ရင်တော့ ပုံမှန်အားဖြင့် လူတိုင်းနီးပါးမှာ အသက်လေးဆယ်နားနီးလာပြီး လေးဆယ်ထဲ ရောက်ပြီးဆိုရင်တော့ အဝေးကောင်းရင်တောင် အနီးတော့ အားလုံးနီးပါး မလွဲမသေ မှုန်လာကြပါတယ်။ မမှုန်တဲ့သူ မရှိဘူးလား ရှိချင်ရှိမှာပါ။ ဒါပေမဲ့ ရှားပါးသူလို့ပဲ ပြောရမှာပါ။ အသက်ငယ်ငယ် အရွယ်မှာ မျက်စိ အားကောင်းလို့ မျက်မှန်မတပ်ရရင်တောင် အသက်လေးဆယ်ကျော်လာရင် လူတိုင်းနီးပါး အနီးမှုန်လာခြင်းကြောင့် မလွဲမသေ မျက်မှန်တပ်လာရကြပါတယ်။ ဒါဟာ အသက်အရွယ်ကြောင့် ဖြစ်လာခြင်းပါ။ လူတိုင်းဟာ အသက်အရွယ် ရလာရင် ခန္ဓာကိုယ်ဟာ တစ်မျိုးမဟုတ် တစ်မျိုး ဖောက်ပြန်လာတက်တာမို့ အမြင်အာရုံတွေလည်း ငယ်ရွယ်စဉ်အခါကလို့ မကောင်းနိုင်တော့ပဲ မျက်စိမှုန်ခြင်း စတင်ဖြစ်ပေါ်လာတော့တာပေါ့။ မျက်စိစမှုန်ပြီး ဆိုတာနဲ့ မျက်စိဆရာဝန်နဲ့ ပြသဖို့ မျက်မှန်တပ်ဖို့ စဉ်းစားပါ။ တစ်ချို့သူများမှာ မျက်မှန်တပ်ရမှာ ရှက်ခြင်း၊ သူများပြောမှာ ကြောက်ခြင်း မျက်မှန်တပ်လိုက်ရင် မျက်မှန်ပါဝါ ပိုပိုတိုးသွားမှာစိုးခြင်း စသော အကြောင်းပြချက်များကြောင့် မျက်မှန်မတပ်ပဲ မျက်စိများကို အားကုန်ညှစ်သုံးပြီး ပေတေနေတက်ကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းမှု တစ်ခုဖြစ်တယ် ဆိုတာ သိစေချင်လို့ပါ။ မိုက မျက်မှန်ဆိုင်ကမို့ မျက်မှန် ရောင်းရအောင် ပြောခြင်း မဟုတ်ပါဘူးနော်။ မျက်စိမှုန်သူတို့တွက် ခံစားနားလည်ပြီး ရေးသားခြင်း သက်သက်ပါ။
ဘာကြောင့် မျက်စိ စမှုန်တာနဲ့ မျက်မှန်တပ်သင့်တယ် ဆိုတဲ့ကြောင်းလေး မိုတွေ့ကြုံ သိရှိထားသလောက် ပြောပြတာပါ။ ကိုယ်တိုင်လည်း စဉ်းစားကြည့်လို့ ရပါတယ်နော်။ လူတိုင်းက ကိုယ့်ကိုကိုတော့ ချစ်ကြတာချည်းပါပဲ။ ကိုယ့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းလေးတွေကိုလည်း ချစ်ကြမှာပါပဲ။ ဒါကြောင့် မလွန်ခင်လေးမှာ သတိလေးထား ဂရုစိုက်ကြပါလို့ ပြောပါရစေ။ တစ်ချို့ကလည်း မျက်စိကို သိပ်အလုပ်မလုပ်ရတဲ့အခါ သတိမထားပဲ နေတက်ကြတယ်။ တစ်ချို့ကလည်း မျက်စိမှုန်တာ သိပါရဲ့ မျက်မှန်တပ်ရမှာ ကြောက်လို့ ပစ်ထားတက်ကြတယ်။ မျက်စိဆိုတာ အရမ်းနုနယ်လွန်းတာမို့ မျက်စိစမှုန်ပြီး ဆိုတာနဲ့ မျက်စိ စစ်ဆေးပြီး မျက်မှန်တပ်ရမယ်ဆို တပ်လိုက်ပါ။ မျက်စိစမှုန်ပြီး ဆိုတာနဲ့ မျက်စိဟာ အမြင်အာရုံ ချို့တဲ့လာတဲ့တွက် အမြင်အားလျော့နည်း လာပြီးလေ။ အဲ့ဒီချိန်မှာ လိုအပ်သော အမြင်အားကို မျက်မှန်ဆိုတဲ့ အကူပစ္စည်းလေးက မျက်စိက လိုအပ်သော အားကို အငှားဖြည့်ပေးလိုက်တဲ့ခါ လျော့နည်းနေသော မျက်စိအာရုံကြောများ ပြင်းထန်စွာ အလုပ်လုပ်မလုပ်ရတော့တဲ့တွက် မျက်စိအမြင်အာရုံကို လိုသည်ထက်ပို မဆုံးရှုံးစေတော့သလို ကိုယ်လည်း ဘယ်အရာကိုမဆို ရှင်းလင်းပြတ်သားစွာ မြင်ရမှာ အမှန်ပဲလေ။ ဒါကြောင့် စဖြစ်တုန်းမှာ တပ်ပါ မျက်မှန်တပ်ဖို့ မရှက်ကြပါနဲ့။ စဖြစ်တုန်းမှာ မတပ်ပဲထားတဲ့အခါမှာ မျက်စိက အားတစ်ခုကို ဖြည့်ဖို့ လိုအပ်နေပြီ ကိုယ်ကမဖြည့်ပဲ ဒီတိုင်းထားတဲ့ခါ မျက်စိမှာ လိုသည်ထက်ပို အာရုံကြောများ အလုပ်လုပ်ရခြင်းကြောင့် မျက်စိအာရုံကြောများ လျော့နည်းသထက် လျော့နည်းကာ အမြင်အာရုံများ ဆိုးသထက်ဆိုးတဲ့ အခြေအနေတွေ ရောက်ရှိသွားနိုင်ပါတယ်။ ထိုအခြေအနေမျိုးရောက်မှ လိုအပ်သော အားဖြည့်ဖို့ မျက်မှန်တပ်ကြပင်မယ့် ပါဝါအားများ ဖြည့်တင်းပေမယ့် မျက်စိအာရုံကြောများ မလိုက်နိုင်တော့တဲ့ခါ မျက်မှန်တပ်ပေမယ့်လည်း ကိုယ်မြင်ချင်သလို ကိုယ်ရချင်တဲ့အလင်းမျိုး မရနိုင်တော့တဲ့ခါ ဝမ်းနည်းကြရသူတွေ အများကြီး တွေ့ဆုံနေရတာမို့ မျက်စိမှုန်သူများ အချိန်မလွန်ခင်တည်းက မျက်မှန်တပ်ပါလို့ ပြောပါရစေနော်။
မျက်မှန်တပ်လိုက်ရင် ပါဝါတွေ ပိုပိုတိုးလာတယ် ဆိုတာ မဟုတ်ပါဘူး။ မျက်မှန်တပ်တယ်ဆိုတာ လိုအပ်သော အားတစ်ခုကို ဖြည့်တင်းတာပါ။ ပါဝါတိုးတယ်ဆိုတာ လိုအပ်သောအခါမှာ မျက်မှန်မတပ်ပဲ နေခြင်း မျက်မှန်တပ်တဲ့ အခါမှာလည်း တပ်လိုက်မတပ်လိုက်လုပ်ခြင်း အဲလိုအခါမျိုးမှာ ပါဝါတွေ ပိုတိုးလာရတာပါ။ မျက်စိမှုန်သူတို့မှာ မျက်မှန်တပ်ရမှာ ရှက်တာထက်၊ ရှုတ်တာထက်၊ မျက်မှန်မတပ်လို့ ကိုယ့်မျက်စိကို ဒုက္ခပေးမိသူ မဖြစ်မိစေဖို့ ပိုအရေးကြီးပါတယ်နော်လို့ သတိလေးပေးပါစေနော်။ မျက်စိမှုန်သူတို့တွက် မျက်မှန်သည် လိုအပ်သလို အရေးပါကြောင်းလေး သိသလောက် ဝေမျှတာပါ။ အမှားများပါရင် ခွင့်လွှတ်ပါနော်။ steemit members အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေနော်။
Author@ayemomo(MSC-051)
Photo by google
ဟုတ်
ကျနော့မျက်မှန်လည်း batteryအားနည်းနေလားမသိဘူး မှုန်နေတယ်😂😀
မှုန်နေတယ်ထင်ရင်မြန်မြန်ပြန်စမ်းသပ်လိုက်ပါ
ကြာမှဆိုပါဝါတွေထိုးတက်သွားလိမ့်မယ်ဂရုစိုက်ပါ
ဟုတ်
Thanks
Thanks,you reading my post
ဗဟုသုတရပါတယ်။ကျေးဇူးပါ
Thanks, you reading my post
steem မှာpost တင်တာ power တိုးရတော့မယ်
ဟုတ်တယ်အမှန်ပဲဒီမှာလည်းဇာက်ကျောတွေတစ်အားတက်နေတာ
Good
Thanks
မျက်မှန်ကလည်းခဏတိုင်းကြေငြာနေတယ်
အဲ ဒါမှရောင်းရမှာပေါ့ ဟီး စတာနော် စေတနာနဲ့ပါ
မျက်စိကတော့မမှုန်သေးပါဘူး။တစ်ခါထဲကန်းမလားမသိဘူး။ဖုန်းကြည့်များလို့😁
အဲမဖြစ်ပါဘူးလေ။ဂရုစိုက်ပါ
good knowledge
Thanks,you reading my post
မက်စိတော့မှုန်ဘူး မျက်မှန်တော့တပ်ရတယ်
နေကာမျက်မှန်လား
ဟုပု စာကြည့်မျက်မှန် ၁၁နှစ်သားထဲကတပ်ရတာ
အော်မမှုန်ဘူးဆိုတော့အာရုံကြောအားနည်းလို့နေမှာ
မျက်မှန်တပ်လာတာနှစ်ပေါင်းကြာပေါ့၊ ပါဝါလဲမတိုးပါဘူးကွယ်။ အမြဲတပ်ရမယ့်သူကအမြဲတပ်ရင်ပါဝါမတက်ပါဘူး။ ဖြုတ်လိုက်တပ်လိုက် သမားတွေသာတိုးကြတာ။ အဲဒို့ Steem မှာတော့ power မတိုးရင် ရောဂါပဲ။
ဟုတ်တယ်ဆရာ
ဆရာတို့ကအမြဲတမ်းတက်လာတော့နားလည်တယ်တစ်ချို့ကတော့သူတို့တပ်လိုက်ချွတ်လိုက်လို့ပါဝါတိုးတာမသိပဲနဲမျက်မှန်တပ်လိုက်လို့ပါဝါတိုးတိုးလာတယ်လို့ထင်နေတဲ့သူတွေရှိလို့ပါ
steemမှာ powerမတိုးရင် ဘယ်မှာသွားစမ်းသပ်ရမလဲဟင်
ရောဂါဆိုလို့ပါ ဟီး