ဆောင်းရာသီမနက်ခင်းလမ်းလျှောက်ခြင်းအမှတ်တရလေး

in #myanmar7 years ago

image
Steemit members အားလုံး မင်္ဂလာပါရှင်။
လေပြေအေးလေး ပါးပြင်ပေါ်ရောက်လာချိန် ခန္ဓာကိုယ်မှ ချမ်းစိမ့်စိမ့် ဖြစ်လာ၍ မျက်လုံးများ မဖွင့်ပဲ စောင်စကို ဆွဲကာ ပြန်ခြုံပြီး ကွေးနေမိတာပေါ့။ ချမ်းစိမ့်မှုကြောင့် အပျင်းတစ်ပြီး မထချင် စောင်ခြုံပြီး ကွေးနေပင်မယ့် လူကတော့ နိုးနေတာ ပျင်းစိတ်ကြောင့် ပြန်အိပ်ဖို့ မျက်လုံးများကို ဇွတ်မှိတ်ထားသော်လည်း အေးစိမ့်မှုက လှုပ်နိုးနေတာမို့ မျက်လုံးများ အတင်းဖွင့်ကြည့်တော့ မိုးကလင်းနေပြီလေ။ ချမ်းအေးမှုကြောင့် ပြန်ကွေးချင်စိတ် ဖြစ်သလို ချမ်းအေးမှုကပဲ လူကို လှုပ်နိုးနေတော့မှ အော် ဆောင်းတောင် ရောက်ပြီးကိုးလို့ အသိအမှတ်ပြုမိပါလေရဲ့။
image
အလုပ်ချိန် နောက်ကျနေပြီမို့ အပြေးအလွှား ပြင်ဆင်ရင်း ဆောင်းရာသီ အမှတ်တရ မနက်ခင်းလေးများကို ပြန်လည် သတိရ အောက်မေ့မိသွားတာ အမှန်ပါ။ အရင်ကဆို အခုလို ဆောင်းမနက်ခင်းလေးမှာ အပျင်းတစ်ပြီး ပြန်အိပ်ဖို့ နေနေသာသာ ဝီရိယ ကောင်းကောင်းနဲ့ အစောကြီးထကာ ရပ်ကွက်ရှိ အပေါင်းအဖော် ကောင်မလေး တစ်စုကို ကိုယ်က ဦးဆောင်ပြီး လိုက်နှိုးတာလေ။ ဘာလို့ဆို တောင်ပေါ် တောင်ရိုးတန်း တစ်လျှောက် လမ်းလျှောက်ထွက်ကြမလို့လေ။ ရပ်ကွက်မှာဆို ကိုယ့်နဲ့ရွယ်တူ မိန်းကလေး သူငယ်ချင်း မရှိတော့ ကိုယ့်ထက်ငယ်တဲ့ ကောင်မလေး ကလေးများနှင့်သာ သူငယ်ချင်းပေါင်း ပေါင်းရတာလေ။ ကလေးအားလုံးကလည်း ကိုယ့်ကိုခင်ကြတယ်။ ကိုယ်နဲ့သွားရင် သူတို့အိမ်တွေကလည်း စိတ်ချလက်ချ လွှတ်တယ်ဆိုတော့ သူတို့ဘယ်လမ်း သွားချင် သွားချင် မမိုသွားရအောင်လေးနဲ့ အဖော်လာစပ်ကြတာ။ မိုသွားမှလည်း သူတို့အိမ်တွေကလွှတ်ပြီး သူတို့လည်း သွားရမယ် ဆိုတော့လေ။ ပြောရမယ်ဆိုရင် အရင်ကတော့ မိုက ကလေးဗိုလ်ပေါ့။ အခုတော့ ကိုယ်က ကလေး သူတို့က လူကြီးဖြစ်ကုန်ပြီလေ။ သူတို့က အိမ်ထောင်တွေကျကုန်တော့ အုပ်စုပြီးလည်း မသွားနိုင်တော့ အခုတော့ မိုတစ်ယောက်တည်း အရင်က ဆောင်းမနက်ခင်းရဲ့ အမှတ်တရလေးကိုပဲ ပြန်တွေးလွမ်းမိနေတာလေ။
image
မနက်လမ်းလျှောက်ကြမယ်ဆို မသွားခင် ညတည်းက အုပ်စုဖွဲ့ပြီး အဖော်ညှိထားကြတာ။ မနက်ထရမယ်နော် မနိုးရင် တစ်ယောက်ကို တစ်ယောက် နှိုးကြပေါ့ ဆိုပြီး အားလုံး တက်တက်ကြွကြွနဲ့ မနက်ကြရင်တော့ စောကလည်းစော ချမ်းကလည်း ချမ်းဆိုတော့ အသည်းအသန်ကို လိုက်နှိုးရတာလေ။ သူတို့ကို လိုက်နှိုးတာ ရပ်ကွက်ထဲမှာ ဆိုတော့ သူများအိမ်တွေ မနိုးအောင် တိတ်တဆိတ် လိုက်နှိုးရတာမို့ တစ်အားအေးတဲ့ နေ့တွေဆို နှိုးရတာ မနိုးနိုင် အိမ်ကလူကြီးများ နိုးကုန် သူတို့အိမ်ကလူကြီးတွေလည်း နိုးကုန်တော့ ဝိုင်းတော့နှိုးပေးကြပါရဲ့ မနက်က သုံးနာရီခွဲ လေးနာရီ ချမ်းအေးတဲ့ ဆောင်းရာသီ အိပ်ကောင်းကြတုန်း အချိန်မို့ လူကြီးများ စိတ်တိုပြီး အော်တာပေါ့။ သုံးခွဲလောက်နှိုးမှ နှိုးတာ၊ မျက်နှာသစ်၊ ပြင်ဆင်တာနဲ့ လေးနာရီလောက်စထွက်ဖြစ်တာလေ။ အားလုံးစုံပြီး ဆိုတာနဲ့ ရပ်ကွက်ကနေတော့ အသံတိတ်ပြီး ထွက်ကြတာပေါ့။ နိုးကုန်ရင် စိတ်ဆိုးကြမှာလေ။ ဝိုင်းပြောကြလို့ နောက်နေ့ ပေးမသွားမှာလည်း ကြောက်ကြရသေး ဆိုတော့ ရပ်ကွက်ကျော်လာ တောင်ပေါ်နား ရောက်လာပြီး ဆိုတာနဲ့ တစ်ယောက် တစ်ပေါက်နဲ့ စကားတွေပြော ပေါက်ပေါက်ဖောက်ဖောက်ကြတာပေါ့။ မနက်ကစော လူခြေတိတ်ချိန် အိပ်ကောင်းချိန် ဆိုတော့ တောင်ပေါ်လမ်းကလည်းဖြစ် လူအသွားအလာက ပိုတောင်မရှိတဲ့နေရာလေ။
image
တကယ်တော့ ကြောက်ရမှန်းလည်းမသိကြ သွားရဖို့နဲ့ ပျော်တာပဲသိတာ။ လူကြီးတွေ ပြောရင်တော့ ကျန်းမာရေး လိုက်စားတာပေါ့။ ဒီလို ဆောင်းရာသီပဲ အေးတော့ လမ်းလျှောက် ကောင်းတာလေ ဘာလေးနဲ့ပေါ့။ တကယ်လည်းကောင်းပါတယ် ချမ်းအေးတာ ပြန်ကွေးပြီး အိပ်နေမယ်ဆိုလည်း ပျင်းတာပဲ အဖတ်တင်မှာ အခုလို လမ်းလျှောက် လိုက်တော့ လှုပ်ရှားမှုကြောင့် ချွေးများထွက်လာပြီး ခန္ဓာကိုယ်မှာလည်း အနွေးဓါတ်ရလာတော့ ကျန်းမာရေးလည်းကောင်း လူလည်းနေလို့ကောင်းတာ အမှန်ပဲလေ။ ချမ်းတော့ ပျင်း ပျင်းတော့ကွေးနဲ့ ဆိုရင်တော့ သွေးလေထိုင်းမှိုင်းပြီး လူနေလို့ မကောင်းဖြစ်စေမှာ အမှန်ပဲ။ ဒါကြောင့် ဆောင်းမနက်ခင်းမှာ လမ်းလျှောက်ထွက်ခြင်းဟာ ကောင်းသောအလုပ်ပါလို့ မိုတော့ထင်ပါတယ်။ မို့တို့မြို့ရဲ့ တောင်ပေါ်တောင်ရိုးတန်း တစ်လျှောက်ဆိုတာက ဘုရား စေတီ ပုထိုးများ နှင့် ဘုန်းကြီးကျောင်းများသာ တည်ရှိရာနေရာလေ။ မိုတို့လမ်းလျှောက်ထွက်တုန်းကတော့ မိုတို့ဘက်ခြမ်းက တက်တဲ့သူ လျှောက်တဲ့သူ နည်းတော့ လူပြတ်တာ နည်းနည်းတော့ ကြောက်ဖို့ကောင်းတာပေါ့။ ဒါပေမယ့်လည်း မကြောက်ပါဘူး။ ဘာလို့ဆို မိုတို့မြို့လေးက အေးချမ်းတယ် ဆိုတာ ယုံကြည်ကြလို့ပါ။ လမ်းလျှောက်ရင်း တစ်ဝက်လောက် ရောက်လာရင်တော့ တခြားတစ်ဖက် တက်လာ လျှောက်လာကြသူများ ရှိတော့ စည်စည်ကားကား ဖြစ်သွားတာပေါ့။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြိုင် အကြောမပေးပဲ လျှောက်ကြတာ ချွေးများနဲ့ မောနေကြပင်မယ့် မျက်နှာမှာတော့ အပြုံးများဖြင့်သာ ပျော်မဆုံးနိုင်ကြတာလေ။ အခုတောင် တွေးရင်း ပျော်မိတာ အဲ့ချိန်က ဘယ်လောက်ပျော်လည်း ဆိုတာ မစဉ်းစားပဲ သိမှာပါ။
image
လမ်းလျှောက်သူ အားလုံး တောင်ရိုးတန်း view ponit ဆုံမှတ်မှာ ရပ်နားကြ ခုံတန်းများမှာ ထိုင်ကြ ဓါတ်ပုံရိုက်ကြ တစ်ချို့ကလည်း ဘောလုံးကန်၊ ကြက်တောင်ရိုက်နဲ့ပေါ့။ မိုတို့အဖွဲ့လည်း တစ်ခါတစ်ခါ ဘတ်တံများ ယူသွားပြီး မရိုက်တက် ရိုက်တက်နဲ့ ရိုက်ခဲ့ဖူးကြသေးတယ်။ တကယ်တော့ ရီချင်စရာ ရိုက်တာနည်းနည်း ကောက်တာများများ ဆိုတော့ ကြက်တောင်ရိုက်ပွဲ မဟုတ်ပဲ ကောက်ပွဲ ဖြစ်နေတာလေ။ မသိတဲ့သူတွေကတော့ selection တွေထင်မှာ ဘတ်တံအိတ်ကြီး တစ်လွယ်လွယ်နဲ့ ဆိုတော့ ကိုယ့်ဘာသာ ကိုယ်တောင် စဉ်းစားပြီး ပြန်ရီမိနေပေါ့။ မိုတို့ဖွဲ့ ခဏနားပြီး ဆုံးအောင် ဆက်သွားတာ တောင်ရိုးတန်းဆုံး ဦးဇိနတ်ဘုရားထိပေါ့။ ဘုရားကန်တော့ ရှိခိုးပြီး ပြန်ဆင်းကြတာပေါ့။ လမ်းလျှောက်ရင်း လျှောက်ကြည့် လျှောက်ငေး စကားပြောရင်း စားစရာတွေ့ ဝယ်စားရင် ဆင်းလာကြတာပေါ့။ အပြန်ကတော့ မနက်ကလင်းနေပြီး စားသောက်ဆိုင်တွေလည်း ဖွင့်နေပြီးဆိုတော့ လူလည်းမပြတ်တော့ ဖြေးဖြေးအေးအေးလေးပဲ ဆင်းလာကြရင်း ရပ်ကွက်သို့ ပြန်ရောက်တော့ ထတဲ့သူထ အိပ်တဲ့သူက အိပ်တုန်းဆိုတော့ မို့တို့အဖွဲ့စကားပြောက အရှိန်မသေသေးတော့ ပြောရင်း ရီရင်းနဲ့ အဖွဲ့လိုက်ဆိုတော့ အသံကကျယ်တာပေါ့။ အဲတော့မှ အိပ်ကလူကြီးတွေက နင်တို့ တစ်ခါ လမ်းလျှောက်တာ အသွားသောင်းကျန်း အပြန်သောင်းကျန်းနဲ့ ပတ်ဝန်းကျင်လည်း အားနာအုန်း ဒီကလေးတွေ ပြောတော့မှ အသံလေးများတိတ်ကာ ပြုံးစိပြုံးစိနဲ့ ကိုယ့်အိမ်ပေါ် ကိုယ်ပြန်တက်ကြတာပေါ့။ အော် အခုချိန်မှာတော့ ဒါဟာ ဆောင်းရာသီ မနက်ခင်းလေးမှာ လမ်းလျှောက်ထွက်ခဲ့ကြတဲ့ ပြန်မရနိုင်တော့တဲ့ အမှတ်တရလေးပါပဲလားဆိုတာ ဆောင်းရာသီရဲ့ အငွေ့သက်ကို ခံစားရင်း ပြန်တွေးမိတာလေးကို မျှဝေတာပါနော်။ ဆောင်းရာသီ မနက်ခင်းလေးမှာ လမ်းလျှောက်ထွက်ခြင်းဟာ ကျန်းမာရေးတွက် ကောင်းသလို ချမ်းအေးမှုကို အံတုနိုင်ပြီး အပျင်းမဖြစ်စေတော့ပဲ လန်းဆန်းကာ တစ်နေတာကို အကောင်းဆုံး ဖြတ်သန်းနိုင်မှာပါလို့ မိုယုံကြည်တာမို့ အားလုံးပဲ ဆောင်းရာသီ မနက်ခင်းလေးမှာ လမ်းလျှောက်ထွက်ကြဖို့ အကြံပြုပါရစေနော်။ steemit members အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းပေးရင်း။
Author@ayemomo(MSC-051)
Photo by google

Sort:  

Good post.

Thank you

ပြန်ရချင်ရင် မနက်တိုင်းလမ်းလျောက်ထွက် ကျွန်တော်လည်း မလျောက်ဖြစ်တာ ကြာပီ ကောင်းမွန်တဲ့လေ့ကျင့်ခန်းပါဗျာ ကျေးဇူးတင်ပါတယ်

လျှောက်ချင်တာပေါ့ အုပ်စုကဖွဲ့လို့မရတော့ တစ်ယောက်ထဲတော့မသွားရဲလို့ဟီး ကျေးဇူးတင်ပါတယ်ရှင့်

အာ့ဆိုလဲ အဖော်ရှာပြီးတော့လျောက်မှပေါ့

လမ်းလျှောက်တာကောင်းတဲ့လေ့ကျင့်ခန်းတစ်ခုပါ

ကောင်းတဲ့ အလေ့အကျင့်လေးပါဗျာ နောက်လဲ ဘဲဘဲနဲ့တွဲလျှောက်နိုင်ပါစေ ဆုတောင်းပေးရင်း ကျွှန်တော်တော့ ဆက်အိပ်လိုက်အုံးမယ်

ဘဲဘဲကရေထဲမှာပဲလျှောက်တက်တော့တွဲလျှောက်ချင်ရင်ရေထဲဆင်းမှရမှာပေါ့ ဟဲဟဲ
ဆုတောင်းပေးလို့ကျေးဇူးပါ
ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ ဟီးဟီး

သာယာအေးချမ်းပါစေ

ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင့်

I like cold season but I don't walk for lazy.
Thank for post

Now, same too me

Congratulations @ayemomo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

မနက်​တိုင်းလမ်း​လျှောက်​ပါတယ်​ဗျ

ဝိတ်ကျအောင်လို့လား
ဟဲဟဲစတာနော် စိတ်ဆိုးနဲ့

အာ့အမှန်​ပဲ

မနက်​ပိုင်း ထ​ပြေး​တော့မယ်

ရေတက်တုန်းလား

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63316.74
ETH 2581.53
USDT 1.00
SBD 2.79