ပျော်ရွှင်သောဘဝလေးဖြစ်ဖို့
Steemit members အားလုံး မင်္ဂလာပါရှင်။ လောကကြီးမှာ လူတစ်ဦးနဲ့ တစ်ဦး မတူညီ သလို စိတ်တွေလည်း အမျိုးမျိုး အထွေထွေပဲ မဟုတ်လား။ တစ်ချို့ကလည်း ကိုယ့်စိတ် ကိုပျော်အောင် နေတက်ပြီး တစ်ချို့က ကိုယ့်စိတ်ကို မပျော်မရွှင် ဖြစ်အောင် ဖိစီးအောင် နေထိုင် တက်ကြပါတယ်။ ပျော်ရွှင်အောင် နေထိုင်တက်သူကတော့ ပြောစရာမလို ပင်မယ့် ကိုယ့်စိတ်ကို ဖိစီးအောင် နေထိုင်သူတွေ အတွက်တော့ ပြောစရာရှိပါလိမ့်မယ်။ ဘာလို့ဆို အဲဒီထဲမှာ စာရေးသူမိုလည်း ပါဝင်ခဲ့တာမို့ပါ။
အလုပ်ကို အလုပ်မှာပဲ ထားခဲ့ပါ ဆိုတဲ့ စာလေး ဖတ်လိုက် ရချိန်မှာ စာရေးသူလည်း အရင်က အဲ့လို မလုပ်ခဲ့မိလို့ အချိန်တော်တော်ကြာ စိတ်ပင်ပန်းပြီး မပျော်မရွှင် ဖြစ်ခဲ့ ရတာပေါ့။ တကယ်တော့ ကိုယ့်စိတ်ကို ပျော်အောင် လုပ်နိုင်တာလည်း ကိုယ်ပါပဲ မပျော်အောင် လုပ်နေတာလဲ ကိုယ်ပါပဲ ဆိုတာ ကိုယ့်ကိုကို ပြန်ဆန်းစစ် ကြည့်လိုက်ရင် သိပါလိမ့်မယ်။ မိုကိုယ်တိုင် အရင်က တကယ် မသိခဲ့ပါ။ ကိုယ်က အရမ်း ဝမ်းနည်းလွယ် စိတ်ခံစားလွယ်တယ်။ သူများ နည်းနည်း ပြောရင် အများကြီး လိုက်ခံစား တက်တဲ့အကျင့် ရှိတယ်။ အပြင်ကိုလည်း ပေါက်ကွဲမပြဘူး စိတ်ထဲပဲ ချုပ်တည်းထားတာ အဲ့တော့ တစ်အား ပင်ပန်းတာ ကိုယ့်စိတ်ကို ဒုက္ခပေးမှန်း မသိတာလေ။
လူတိုင်းဟာ အလုပ်မျိုးစုံ ဘဝမျိုးစုံနဲ့ ရင်ဆိုင် ဖြတ်သန်း နေကြရတာ ဆိုတော့ စိတ်ဖိစီးမှု အနည်းနဲ့ အများတော့ ရှိကြမှာပါပဲ။ စိတ်ခံစားမှု နောက်လိုက်ပြီး ခံစားတက်တဲ့သူ ရှိသလို ခံစားမှု နောက်လိုက်ပြီး မခံစားပဲ စိတ်ဒုက္ခ မပေးသူတွေလည်း ရှိကြမှာပါပဲ။ အမှန်တော့ အဲ့လိုလူမျိုးပဲ ဖြစ်သင့်ပါတယ်။ ခံစားမှု နောက်မလိုက်တဲ့သူက ကိုယ်ကိုတိုင်လည်း စိတ်ပျော်ရွှင် နေသလို ကိုယ့်ပျော်ရွှင်မှုဟာ သူတစ်ပါးကိုပါ ပျော်ရွှင်စေမှာ အမှန်ပဲလေ။ ကိုယ်စိတ်ကြည်လင်တော့ ကိုယ်လုပ်လိုက်တဲ့ အရာတိုင်းဟာ အဆင်ပြေသလို သူတစ်ပါးကိုလည်း အဆင်ပြေအောင် ဖြည့်ဆည်း ပေးနိုင်မှာပဲလေ မဟုတ်ဘူးလား။ အဲ့လို ဖြည့်ဆည်း ပေးနိုင်တော့ သူတစ်ပါးလည်း ကိုယ့်ကြောင့် ပျော်ရွှင်စေတယ်ဆိုတာ အသေချာပဲလေ။ တကယ်တော့ ဘဝလေးဟာ တိုတိုလေးပါ ရတဲ့ခဏလေးမှာ ကိုယ့်ကိုကိုလည်း မပျော်ရွှင်အောင်လုပ်ပြီး သူတစ်ပါးကိုလည်း မပျော်ရွှင်စေတဲ့ အဖြစ်မျိုး ဘာလို့ လုပ်မှာလဲနော်။ ဘဝရဲ့ ခဏတာ အချိန်တွေကို ဘာလို့ အဲ့လို ကုန်ဆုံးစေမှာလဲနော်။ နှမျောဖို့ ကောင်းပါတယ်။ အချိန်ဆိုတာမျိုးက ကိုယ်ကပဲ သူ့ကို စောင့်တာလေ သူကတော့ ကိုယ့်ကို မစောင့်တဲ့ အမျိုး မဟုတ်လား။ အဲတော့ အချိန် ရှိတုန်းလေး ကိုယ့်စိတ်ကို အပင်ပန်းခံ ကိုယ့်ဒုက္ခ ကိုယ်ရှာနေမှာလဲနော်။ တကယ်တော့ စာရေးသူ အရင်က အဲ့လို မတွေးတက်ခဲ့ပါ ကိုယ့်စိတ်ကို ဒုက္ခပေးတဲ့သူထဲမှာ ပါခဲ့ပါတယ်။
အလုပ်ထဲမှာ အရင်က နည်းနည်းလေး ကိုယ်မမှားပဲနဲ့ ဖြစ်ဖြစ် တစ်ခုခုကြောင့် ကိုယ့်စိတ်နဲ့ မရတဲ့ အပြုအမူ အပြောအဆို တွေ့ရ ကြားရတာနဲ့ စိတ်က ဘယ်လိုမှ မနေနိုင် လိုက်ခံစား အပြင်ကိုလည်း ကိုယ်ခံစားရတာ ထုတ်ဖော်မပြောနိုင်နဲ့ စိတ်ဖိစီးမှု တော်တော် ဖြစ်တာ အဲတော့ ကိုယ်လည်း မပျော်ရွှင် သူတစ်ပါးကိုလည်း ပျော်ရွှင်မှု မပေးနိုင်ဖြစ်ရတာပေါ့။ တကယ် စဉ်းစားကြည့်ရင် ကိုယ်ကသာ လိုက်ခံစားတာ ပြောသွား လုပ်သွားတဲ့ သူက သိမှာတောင် မဟုတ်ဘူး။ ကိုယ်ကသာ လိုက်ခံစားပြီး ကိုယ့်စိတ်ကို ဒုက္ခ ပေးနေတာလေ။ အလုပ်ကို အလုပ်မှာပဲ ထားခဲ့ပါ ဆိုတဲ့ စာလေး မိုတွက်တော့ တကယ့်ကို အဓိပ္ပါယ် ရှိပါတယ်။ အလုပ်ကို အလုပ်ထဲမှာ မထားနိုင်ပဲ အလုပ်က ဖြစ်လာသမျှကို အိမ်သယ်သယ်လာတော့ ကိုယ့်စိတ်က မကြည်တော့ အိမ်ကလူတွေပါ စိတ်မချမ်းသာ ဖြစ်ရစေတာပေါ့။ ဒါက အရင်ကပါ အခုနောက်ပိုင်းတော့ အသက်လေးကရလာ အတွေ့အကြုံတွေက များလား စာကောင်းပေကောင်း ဖတ်လာရတော့ စိတ်အလိုကို မလိုက်တော့ အလုပ်ကို အလုပ်မှာပဲ ထားနိုင်အောင် ကြိုးစားတက်ခဲ့တယ်။ အဲဒီတော့ စိတ်တွေလည်း ပျော်ရွှင်လာရသလို သူတစ်ပါးလည်း ကိုယ့်ကြောင့် မပျော်မရွှင် မဖြစ်စေတော့ဘူးပေါ့။
ဒါကြောင့် စာများများ ဖတ်တာ ဗဟုသုတ တိုးပွါးစေသလို စကားကောင်းတွေ ကြားရရင် အတွေးကောင်းတွေ ရပြီး ဘဝဟာ အဓိပ္ပါယ် ရှိပြီး ပျော်ရွှင်စေမှာပါလို့ မိုတော့ ယုံကြည်ပါတယ်။ စာရေးသူတွက်လည်း စာသားလေး တစ်ခုကြောင့် အတွေးကောင်း ဝင်ပြီး ပြောင်းလဲ လိုက်နိုင်တာမို့ စိတ်ဖိစီးမှုတွေ ကင်းဝေးပြီး ပျော်ရွှင်မှုတွေ ရစေတာ လက်တွေ့ပါ။ အရင်က စာရေးသူလိုမျိုး စိတ်ခံစားမှု နောက်လိုက်ပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာသူမျိုး မဖြစ်ရလေအောင် ရေးသားခြင်းပါ။ steemit မိသားစုကြီးလည်း စိတ်ဖိစီးမှုတွေ မရှိပဲ ပျော်ရွှင်စွာနဲ့ အဓိပ္ပါယ် ရှိသော ဘဝတွေ ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေးရင်း။
Author @ayemomo(MSC 051)
Photo by google
ဟုတ်ကဲ့ပါ ဆရာမလေး …ကျေးဇူးပါ
ကျေးဇူးပါရှင်
ပျော်ရွှင်ပါစေ
Nice post!
Thank you
good good
Thank you
ကိုယ့်စိတ်ကို ကိုယ်ပိုင်သူဟာ အရာရာကိုပိုင်ပါလိမ့်မယ် မလမ မိုမိုရေ
ဟုတ်ပါတယ်ရှင်
ကျေးဇူးပါ
စိတ်ပျိုကိုယ်နု စိတ်ထောင်းတော့ ကိုယ်ကြေ၊
ဟုတ်ကဲ့ပါ
ကျေးဇူးပါ
စိတ်တစ်ခုတည်းသာ အရာရာကို lead လုပ်နိုင်ပါတယ်
ဟုတ်ပါတယ်
မှန်ပါတယ် ဘ၀မှာအရေးအကြီးဆုံးက စိတ်ပျော်ရွှင်ဖို့ပါပဲ။
ဟုတ်တယ်
ဟုတ်ကဲ့ပါ
ပျော်ရွှင်ပါစေ
စိတ်သာလျှင် အရာရာကို ဦးဆောင်နိုင်တာပါ။ အတွေးအမြင် အသစ်တွေရရှိလို့ ကျေးဇူးပါ။
မိုကလည်းကျေးဇူးပါ
စိတ်ခံစားမှုကိုလည်း အပြင်ကိုလည်း ဆိုတဲ့စာပိုဒ်လေးမှာ စိတ်ခံစားမှုကလည်းလေးကိုဖြုတ်လိုက်ရင် ပိုကောင်းမယ်ထင်ပါတယ် မ မို
ဖြုတ်လိုက်ပါပြီမောင်လေး
အမှားထောက်ပြပေးတာကျေးဇူးပါနော်
good post.
Thank you