ရှာသလောက်ရမယ်ဆိုတော့

in #steempress5 years ago


https://nextcolony.io

အာကာသဂိမ်းမှာကတော့ တကယ့်ကို ပွဲတော်ကြီး တစ်ခုလို သူသူကိုယ်ကိုယ ဂြိုလ်ကိုယ်စီ ရနိုင်သလောက်ရှာနေကြပါပြီ များများရသူက များများ အကျိုးအမြတ်ရမယ်လို့လည်း သတင်း သဲ့သဲ့ ကြားနေရပါတယ် ဟုတ်ခဲ့သည်ရှိသော် နောက်မကျရလေအောင် ရတက်သမျှ ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေရပြီဖြစ်ပါတယ် တိုက်ပွဲတွေ ငြိမ်ချက်သား ကောင်းနေပါတယ်လို့ အောင့်မေ့တာ တကယ်က သူတို့တွေ ကြိတ်ပြီး ဂြိုလ်ရှာနေကြတာဖြစ်တယ်လို့ မထင်ထားမိပါဘူး အခုတော့ တကယ့်ကိုဘဲ ဂြိုလ်တွေ အသဲအသန် ရှာနေကြပါပြီ လက်ရှိအပြင်ပေါက်ဈေးကတော့ အတော်နည်းတယ်လို့ ထင်တာပါဘဲ အပြင်ပေါက်ဈေးနဲပ ရောင်းရင်တော့ ရှာဖွေခတောင် မရနိုင်ပါဘူး အဲ့သလောက် မလွယ်ပါဘူး ဂြိုလ်တစ်လုံးရလာဖို့က

ဘယ်လောက်တောင် ခက်ခဲသလဲဆိုရင် ဂြိုလ်ရှာနေသူတိုင်း ဂြိုလ်တစ်လုံးရဲ့ ခက်ခဲမှု နက်နဲမှု သိကြပါတယ် ရောင်းမယ့်သာရောင်းနေကြတာပါ ဂြိုလ်တစ်လုံး ရှာတွေ့ဖို့ဆိုတာ အတော်ကို မလွယ်တဲ့ အခြေအနေပါဘဲ ဘယ်လိုတွေလဲဆိုရင်တော့ ဥပမယ် ဂြိုလ်တွေ စရှာခါစတုန်းက သူများတွေ ဂြိုလ်အသစ်ကိုယ်စီရပြီ ကိုယ်တွေ မှာ မူလဂြိုလ်လေးတစ်လုံးနဲ့ ယောင်ချာချာဖြစ်နေခဲ့ဖူးပါတယ် ကိုယ်တွေရဲ့ အဖြစ်က အင်မတန် မျက်စိသူငယ် နားသူငယ်လိုပါဘဲ အတော်ကို သနားစရာ တောင် ကောင်းနေခဲ့တယ်ထင်တာပါဘဲ ဒုတိယဂြိုလ်ကို ဘယ်အချိန်မှ ရသလဲဆိုတော့ သူများတွေ ဂြိုလ် ဆယ်လုံးဝန်းကျင်ရမှ စပြီး ကိုယ်က ဒုတိယဂြိုလ်ရတယ်လေ အင်မတန်နောက်ကျခဲ့ရပါတယ်

နောက်တစ်ချက်ကတော့ ဂြိုလ်ရှာနောက်ကျမှ တွေ့သူတွေရဲ့ အခက်အခဲတစ်ခုပါ သူများက ကိုယ့်ထက် အင်အား စုစည်းနိုင်မှု အချိန်စောသွားတော့ ယဉ်ပျံတွေ ထုတ်လုပ်မှုကလည်း သူတို့က လက်ဦးတယ်လေ ဒီတော့ ကိုယ်တွေမှာ အတိုက်ခံရပါလေရော တိုက်တာမှ အမျိုးပြုတ်အောင်ကိုတိုက်တာပါ အတော်စိတ်ညစ်စရာကောင်းပါတယ် ကိုယ်ကပြန်တိုက်ရအောင်လည်း ကိုယ့်မှာက ဒူးဘဲရှိတယ်လေ ဘာယဉ်ပျံမှ မထုတ်နိုင်သေးဘူး ရှာဖွေရေးယဉ်လေး ထုတ်ထားလိုက် မရှာရခင် ဘေးအိမ်က လာသမလိုက် ဒီလိုနဲ့ ရုန်းရင်း ကန်ရင်း ပြေးရင်းလွှားရင်း အခုလို ရှင်သန်လာ အောင် မနည်းအသက်မွေးလာရတယ်ဆိုတော့ကာ ဂြိုလ်တွေကို ရတဲ့ဈေးနဲ့ေ၇ာင်းဖို့ အဆင်မပြေဘူးလို့ ယူဆမိတာပေါ့လေ

ဂြိုလ်တစ်လုံးတွေ့တဲ့ ဖီလင်က ဘာနဲ့မှ မတူဘူးဗျာ အတော်လေး မိုက်တယ် ဟုတ်မဟုတ် သိချင် တွေ့အောင်သာ ရှာကြည့် ဘယ်အချိန် တွေ့တွေ့ တွေ့တဲ့အချိန်မှာ ခံစားရတဲ့ ခံစားမှု ဖီလင်က အလွန်ဂွတ်ပါတယ်

@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/08/24/%e1%80%9b%e1%80%bd%e1%80%ac%e1%80%9e%e1%80%b1%e1%80%9c%e1%80%ac%e1%80%80%e1%80%b9%e1%80%9b%e1%80%99%e1%80%9a%e1%80%b9%e1%80%86%e1%80%ad%e1%80%af%e1%80%b1%e1%80%90%e1%80%ac%e1%82%94/

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.029
BTC 63642.71
ETH 2605.02
USDT 1.00
SBD 2.81