အလိမ်ဖြေခြင်း
ဟုတ်ပါတယ် လိမ်နေတာတွေကို စလို့ဖြေပါပြီ တမင်တကာ လိမ်ထားတာတော့ မဟုတ်ပါဘူး
ဖြေရင်းဖြေရင်း ရှင်းရင်းရှင်းရင်းကနေ လိမ်သွားတာပါဘဲ။ ဒါတောင် နှစ်မျိုးတည်းရယ်ပါ ဒီထက် အမယ် များရင်တော့
တော်တော် ဖြေရခက်မယ့်သဘောရှိပါတယ် အခုတောင် ဒီနှစ်ပင်လိမ်လေးကို မနည်းကြိုးစားပြီး ဖြေနေရပါတယ်
အရင်နေ့တွေက ရင်ဖွင့်ပြောပြခဲ့သလိုပါဘဲ နှစ်ပင်လိမ်နေတဲ့ အကျင့်ဆိုးနှစ်ခုကို အပြီးတိုင် ဖြုတ်ချဖို့အတွက်
စီမံချက် ရေးဆွဲလို့ပြီးသွားပါပြီ အဲ့ဒီစီမံချက်ကလည်း ယနေ့ကစလို့ အသက်ဝင်နေပြီဖြစ်ပါတယ်
နဲနဲလေးတော့ ပြန်ရှင်းမှ အဆင်ပြေမယ်ထင်တယ် ကိုယ်တိုင်ကလည်း ဆယ်လီမဟုတ်တော့ တစ်ခါတလေမှ လမ်းကြုံဝင်ဖတ်
မိတဲ့ ရွှေဧည့်သည် စာဖတ်သူများ မျက်စိလည်စရာ တစ်မျိုး ထင်စရာ ဖြစ်လို့နေပါတယ် ထပ်လို့ ရှင်းပါဦးမည်လေ
အစပထမကတော့ ဆေးလိပ် စွဲလမ်းသူပေါ့ တစ်နည်းအားဖြင့် ဆေးလိပ်သောက်သူ ဆေးလိပ်ကြိုက်သူရယ်ပါ
ဆေးလိပ်တွေ အများကြီးသောက်လာတော့ တဖြည်းဖြည်းနဲ့ ဆိုးကျိုးတွေ စလို့ပေးလာပါတယ်။ အမောမခံနိုင်တော့ဘူး
အသက်ရှူမ၀တော့ဘူး ညအိပ်ချိန်တွေဆို အိပ်ရတာ အဆင်မပြေဘူး တစ်ရေးနိုး အသက်ရှူမ၀ အသက်ရှူကြပ်တော့
ထထပြီး ထိုင်ရတယ်။ အိပ်ပျက်ညတွေများခဲ့ပြီ ။အဲ့ဒီလို မကြာခဏဆိုတော့ တဖြည်းဖြည်းလန့်လာပါတယ် အခြေအနေကို
သုံးသပ်ရပါတော့တယ် ဆေးလိပ်ဆက်သောက်လို့ အခြေအနေမကောင်းတော့ဘူး ဆိုတာ သိလိုက်ရတယ်။
ဒါဆိုဘယ်လိုလုပ်ရမည်လဲ
ကိုယ်တိုင်က ဆေးလိပ်ကြိုက်သူ စွဲနေသူ သောက်လာတဲ့နှစ်တွေကလည်း မနည်းတော့ ဒါကို ဖြတ်ပြစ်ဖို့ဆိုတာ အတော်မလွယ်
အပြောမဟုတ် လက်တွေ့လည်းမလွယ် တကယ်မလွယ်ပါ။ နောက်တစ်နည်း အရေအတွက်လျှော့ချရေး ဘက်ကို တွေးကြည့်
တယ် ဒါလည်း အဆင်မပြေ ယခင်ကလည်း လုပ်ကြည့်ဖူးပါတယ် မအောင်မြင် စိတ်အလိုလိုက်ခဲ့တာတွေလည်း ပါမည်။
အစားထိုးခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆေးလိပ်အစား ကွမ်းယာပြောင်းဝါးတယ် စားတယ်ပေါ့ အစတော့ဟုတ်သလိုလို
နောက်တော့တစ်မျိုးတိုးလို့ ကွမ်းစွဲတာ အဖက်တင်လာတယ်။ ပေါ့စေချင်လို့ ကြောင်ရုပ်ထိုး ဆေးအတွက် လေးရပြီပေါ့။
ဒါနဲ့ဘဲ ဆေးလိပ်လည်းမပြတ် ကွမ်းယာလည်း စွဲ ဒါကိုဘဲ နေသားကျလာလိုက်တာ အချိန်ကာလတစ်ခုထိပေါ့။အဲ့ဒီလို ဟိုမပြီး
ဒီမပြတ်နဲ့ အကျင့်ဆိုးနှစ်ခု နှစ်ပင်လိမ်နေခဲ့ပါတော့တယ်။
အခုတော့ ဒီအကျင့်ဆိုး နှစ်ခုအား အပြီးတိုင် ချေမှုန်းရန် မစ်ရှင် စတင်လိုက်ပါပြီ အကြောင်းပြချက်တွေကတော့ များစွာရှိပါတယ်
အကြောင်းပြချက်တစ်ခုတည်းနဲ့ အဆင်မပြေလို့ ခေါင်းစဉ်များစွာအတွက် မဖြစ်မနေလုပ်ဆောင်ရသည့်သဘောလည်း ဖြစ်လို့
အလေးထားဆောင်ရွက်ရခြင်းလည်းဖြစ်ပါတယ် အနှစ်ချုပ်ကတော့ အကျင့်ဆိုးအားအပြီးတိုင်ရှင်းလင်းရန်ပင်ဖြစ်ပါတယ်
အခုလိုဖြစ်နေတဲ့ အကျင့်ဆိုးနှစ်ခုထဲက တစ်ခုကို စတင်ရှင်းလင်းမှာပါ။ ယခုလို မစ်ရှင် လုပ်လာတာ အကြိမ်နှစ်ဆယ်ကျော်ခဲ့ပြီလည်း
ဖြစ်ပါတယ် အတိအကျတော့ မှတ်မထားဖြစ်ခဲ့ ယခုတစ်ကြိမ်တော့ အပြင်းထန်ဆုံး အတိကျဆုံး ထိုးစစ်တွေနဲ့ ရှင်းလင်းမှာဖြစ်ပါတယ်
နောက်ဆုံး အကြိမ် မစ်ရှင် ဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေ များစွာ ပြုလုပ်ထားပါတယ် ။အချိန်ကာလလည်း များစွာမယူထားပါဘူး
ဒီလထဲမှာ မစ်ရှင်ကို အဆုံးသက်မှာဖြစ်ပါတယ်။ အခက်ဆုံးအပိုင်းက စတင်ရှင်းလင်းမှာဖြစ်ပါတယ်။ ယခင်တစ်ကြိမ် မအောင်မြင်ခဲ့သော
ထိုးစစ်လမ်းကြောင်းအတိုင်းဘဲ ဆက်လက်ဝင်ရောက်ရှင်းလင်းမှာပါ။
ဘ၀မှာ ဆိုးဆိုးဝါးဝါး လုပ်ဖူးတာ နှစ်ခုတည်းရှိတယ်။ အဲ့ဒီနှစ်ခုက ဆေးလိပ်အလွန်အမင်းသောက်တာရယ် ကွမ်းယာ အလွန်အကျွံစားတာရယ်
အခုတော့ ဒါတွေကို အဆုံးသက်ရမယ့် အချိန်ရောက်လာခဲ့ပြီ။ အသက်ရှူမ၀တဲ့ နေ့ရက်တွေကို အဆုံးသက်လိုက်တော့မယ်။ကိုယ့်ရဲ့ သန့်ရှင်း
သော အဆုပ် ကိုပြန်လည်ရယူဖို့ အချိန်တန်ပါပြီ။ စတီးမစ်နဲ့အတူ ဘ၀လက်ကျန်အချိန်တွေများစွာ ရှိနေချင်သေးတယ်။
written by : @bobokyaw
အရက်ဆေးလိပ်ကွမ်းယာစွဲလန်းသူများတကယ်တန်းအချုပ်ထိသည့်အချိန်ရဲကပေးမစားရင်ဘာမှမခံပြောရဲသောအလိုလိုနေရင်းမတောင့်တရဲတော့ပြတ်သွားသွားတာပါဘဲလေ
အဲ့သလိုတော့ မလုပ်ပါနဲ့လေ တစ်ခါမှမရောက်ဖူးလို့ ကြောက်ပါသည်
အချုပ်ထိရမယ်မဆိုလိုပါဘူးနော်ဥပမာကိုပြောတာပါနော်
ဟုတ်ကဲ့ တကယ်လည်း မထိချင်ပါဘူး ခင်ဗျ
Done bro. Thanks.
ကျေးဇူးတင်ပါတယ် အစ်ကိုရေ
You have recieved a free upvote from minnowpond, Send 0.1 -> 10 SBD with your post url as the memo to recieve an upvote from up to 100 accounts!
very thanks you minnowpond
You got a 7.34% upvote from @upme thanks to @bobokyaw! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).
Thanks you upme
You got a 10.76% upvote from @postpromoter courtesy of @mmunited!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!
ကျေးဇူးတင်ပါတယ်
Sneaky Ninja Attack! You have just been defended with a 29.93% upvote!
I was summoned by @bobokyaw. I have done their bidding and now I will vanish...
woosh
A portion of the proceeds from your bid was used in support of youarehope and tarc.
Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?
ကျေးဇူးတင်ပါတယ်နင်ဂျာကြီးရေ