ရှာကြလေပြီ
မနေ့က အသံတစ်ခု ကြားလိုက်တာနဲ့ ဒီနေ့မှာတော့ ဂြိုလ်တွေ ရှာဖွေတွေ့ရှိမှု အကြိမ်ရေ စိပ်လာတာမြင်ရပါတယ် အရင် စကစားတုန်းကလောက် မများသေးပေမယ့် ပြီးခဲ့သော ရက်များဆီက ထက်တော့ ဂြိုလ်ရှာသူ အရေအတွက် များလို့လာပါတယ် ဒီဂိမ်းမှာ အမှန်တကယ်ကစားသူ အရေအတွက်က ငါးဆယ် ၀န်းကျင်တောင် မပြည့်မှီပါဘူး ဒီလူတွေချည့်ပါဘဲ အဲ့ထဲကမှ စိတ်ပျက်အားလျှော့သူတွေ နှုတ်ဦးမယ်ဆိုရင် များများစားစားမကျန်တော့ပါဘူး ဒါကြောင့်လည်း ကစားသူတွေကို လီဂမ်းဂြိုလ်လေးနဲ့မျှားပြီး ပြန်လည် နိုးကြားလာအောင်ဆွပေးလိုက်ခြင်းဖြစ်ပါလိမ့်မယ်
ဒါကတော့ ကောင်းပါတယ် ကစားသူတွေ ပြန်လည် အားစိုက်လာတော့ ဈေးလည်း လှုပ်လာနိုင်တာပေါ့ လီဂမ်းဂြိုလ်ချက်ချင်း ချမပေးတာကလည်း ကောင်းပါတယ် ချပေးလိုက်ရင် သူရတယ် ငါမရဘူးတွေနဲ့ အသံတွေ ညံလာဖွယ်ရှိနေပါတယ် အခုလို ပေးမယ် ရှာကြဆိုတော့လည်း အကင်းပါးသူတွေက အားစိုက်ရှာနေကြပြီဖြစ်ပါတယ် ရှာဖွေရေး ကို အားစိုက်လုပ်ပြီဆိုရင်တော့ တိုက်ခိုက်မှုတွေက နည်းပါးလာမှာ သဘာဝပါဘဲ တိုက်လည်းတိုက်မယ် ရှာလည်း ရှာမယ်ဆိုတာ တကယ်တော့ မလွယ်လှပါဘူး ဖူးလေဘယ်တင်ပြီးသားဆိုရင်တော့ မစ်ရှင်လေးဆယ် ပြစ်လို့ရပါတယ်
မစ်ရှင်လေးဆယ်က များတယ်လို့ အရင်က ထင်ဘူးပါတယ် တကယ်တမ်း အသုံးချတော့ မစ်ရှင်က မလောက်ပါဘူး လေးဆယ်က အတော်ကိုနည်းပါတယ် တိုက်ခိုက်မှု လုပ်လိုက်ရင် ရှာဖွေမှုက အားနည်းလို့သွားပါတယ် တစ်ခါတစ်ရံဆိုရင်တော့ ရှာဖွေမှုတွေကို လုံးဝ ရပ်တန့်ပြစ်လိုက်ရတဲ့ ရက်တွေလည်း ရှိပါတယ် ဒီလိုပါဘဲ ရှာဖွေမှုတွေ အားစိုက်မိတဲ့အခါ တိုက်ခိုက်မှုက ဘယ်လိုမှ မလုပ်ဖြစ်တော့ပြန်ပါဘူး ကိုယ့်ကို လာတိုက်ရင်တောင် ရှောင်ပြေးဖို့ နေရာလွတ် မကျန်တော့တဲ့အထိကို ၇ှာဖွေမှုမှာ သုံးလိုက်မိတဲ့အထိကို ရှာနေခဲ့တာပါ အဲ့သလောက် အားစိုက်ရှာတာတောင် ကံမလိုက်ရင် ဆယ်ရက် တစ်ပါတ်လောက်ကြာတဲ့အထိ ဂြိုလ်မိုးခေါင်ခြင်းကို ကြုံရပါသေးတယ်
ဘယ်သူတွေကများ ကံကောင်းကြမှာလဲ ရင်ခုန်စရာတော့ ကောင်းသား ကိုယ်လည်းပါဝင် ကံစမ်းထားတော့ မျှော်တလင့်လင့်လေးတော့ လုပ်မိနေတယ် ရခဲ့ရင် ................ဆိုပြီးတော့လေ......
Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/10/14/%e1%80%9b%e1%80%bd%e1%80%ac%e1%81%be%e1%80%80%e1%80%b1%e1%80%9c%e1%80%bb%e1%80%95%e1%80%ae/
