အာရုံပါးလာတယ်
စတီးမစ်ပေါ်မှာ နေ့တိုင်းရှိနေတာ ကြာလာတော့လည်း တဖြည်းဖြည်းနဲ့ အာရုံတွေပါးလာပြီဖြစ်ပါတယ် ထိထိမိမိရဖူးခဲ့သလို မစို့မပို့နဲ့လည်း ဖြတ်ကျော်လာရတဲ့နေ့ရက်တွေ များစွာ ရှိလို့နေခဲ့ပါတယ် မျှော်လင့်မိတဲ့အတိုင်းဖြစ်မလာပေမယ့် ထင်မှတ်မထားတဲ့ အကျိုးအမြတ်တွေလည်း ရခဲ့ပါပြီ တန်တယ် မတန်ဘူးဆိုတာတော့ ဘယ်လောက် အားစိုက်ခဲ့သလဲဆိုတာရယ် ဘယ်လောက်ရင်းနှီးခဲ့ရသလဲဆိုတာတွေနဲ့ ချိန်ထိုးရမှာပါဘဲ အချိန် လုပ်အား ငွေးအား အခြားသော အကြောင်းအချင်းအရာတွေလည်း ရှိပါသေးတယ် ဒါတွေအတွက် ထိုက်သင့်သမျှသော အကျိုးအမြတ်တို့ ပြန်လည်ရရှိပြီးခဲ့ပါပြီ အချိုမြိန်ဆုံးအပိုင်းကိုတော့ မျှော်လင့်နေတာကလွဲရင် သိပ်ပြီးတော့ အားမရတော့ပါဘူး
စတီးမစ်မှာ ကိုယ်တွေးမထားတဲ့ဝှက်ဖဲတွေ ရှိနေမယ်လို့တော့ မြင်ပါတယ် သို့သော် အဲ့ဒါတွေက ဘယ်တော့လဲဆိုတာရယ် အဘယ်သို့သောအင်အားတွေအတွက် ဦးတည်ထားတယ်ဆိုတာရယ် မသိနိုင်ပါဘူး နောက်တစ်ခုက အချိန်ပေါ့ အတိအလင်းချပြလို့လည်း မရတာဖြစ်နိုင်တာဘဲ သူလဲ့သူ့စီးပွားရေးလေ ကိုယ်တွေက စာလေး ပေါက်ကရလေးဆယ် ရေးပြီး ဖရီးလုပ်နေတာ ဟိုမယ်က ဒေါ်လာသန်းချီပြီး ရင်းနှီးလုပ်နေကြတာ အပြိုင်အဆိုင်တွေကြား သူလဲဝှက်ဖဲလေးတွေတော့ ချန်ထားမှာပေါ့ ထင်တာတော့ အချိန်ပါဘဲ ဟုတ်တယ် အချိန် အဲ့ဒါကြီးက နောက်ငါးနှစ်လား ဆယ်နှစ်လား ဒီထက်များများလား ဘယ်သူပြောနိုင်မှာလဲ လုပ်ငန်းကြီးတစ်ခုက အဲ့သလောက် အခြေကျမှ အောင်မြင်မယ်ဆိုတာ အချိန်တွေက မများပါဘူး ကိုယ်တွေသာ အခုလုပ်အခုထုတ် အခုရချင်တာလေ
အဲ့သလောက်ထိတော့ စိတ်ရှည်နိုင်တော့မယ် မထင်ဘူး အခြားလုပ်စရာ ရှိနေရင်တော့ တကယ် မစောင့်နိုင်ဘူးပေါ့ ဒါကြီးကိုဘဲ နံပါတ်ဝမ်း လုပ်နေလို့တော့ မရဘူး အဲ့ဒါလေးအရေးကြီးတယ် ဒီထက် ဦးစားပေးစရာတွေပြစ်ပြီးတော့ မလုပ်သင့်သေးဘူး အခြားအရာတွေဘက် ခဏဖြစ်ဖြစ် သွားကြည့်ပါဦးလား ဒီထက်မြန်ပြီး သေချာမယ့်အရာ တစ်ခုခုပေါ့ စတီးမစ်ကတော့ အမှန်တကယ် ရေရှည်အလုပ်ပါဘဲ ဒါကို မသိကျိုးကျွံပြုပြီး ဇွတ်အတင်းလုပ်နေ မျှော်နေခဲ့တာတော့ နည်းနည်း လွဲသွားတယ် အများထင်သလို မကြာခင် အောင်မြင်မယ် မမြင်သေးဘူး ကိုယ့်မျက်စေ့တစ်ထောက်အတွင်းတော့ တကယ်ဘာမှ မမြင်ပါဘူး မျက်စေ့တစ်ဆုံးတော့ မကြည့်တက်သေးပါ ရှည်လျှားတဲ့ကာလတစ်ခုကို ကောင်းကောင်းကြီးဖြတ်ကျော်ရပါဦးမယ် အဲ့ဒီကာလတစ်လျှောက် ဖြေးဖြေးမှန်မှန်လိုက်ပါ လုပ်ဆောင်နိုင်ခဲ့ရင်............ နောင်တစ်ချိန်.........
စတင်းဈေး နည်းနည်းတက်လာခဲ့ရင်လား ...... အဲ့ဒါက စတီးမစ်ရဲ့ အဖြေမဟုတ်သေးဘူးထင်တယ် နောက်ထပ် ဖြစ်လာနိုင်တာဘဲ လေးပြား ငါးပြား အဲ့သလောက်ရောက်လည်း လုပ်ကြရဦးမယ်လေ တစ်ဒေါ်လာအထက် ရောက်ရင်တော်ပြီကွာဆိုပြီး စောင့်လာတာ ခေါင်းစဉ်ကွဲတွေနဲ့ အကြောင်းအရာတွေထပ်လာတာသာ အဖက်တင်ပါသေးတယ်
အော်....မေ့တော့မလို့ အာကာသဂိမ်းအကြောင်းရေးမလို ဘယ်ရောက်သွားတယ်မသိဘူး ဒီနေ့အတွက်တော့ အာကာသဂိမ်းမှာ ဂြိုလ်တွေ ရှာဖွေတေ့ရှိမှု အလွန်ကိုနည်းပါတယ် မကစားကြတော့တာလား ရှာတဲ့သူတိုင်းမတွေ့ကြတဲ့နေ့တစ်နေ့လား......
Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/09/19/%e1%80%a1%e1%80%ac%e1%80%9b%e1%80%b6%e1%80%af%e1%80%95%e1%80%ab%e1%80%b8%e1%80%9c%e1%80%ac%e1%80%90%e1%80%9a%e1%80%b9/
