ဧည့်သည်များ ခရီးစထွက်ခြင်း
လွန်လေပြီးသောအခါ........................
နေရာသည်ကား အပြောကျယ်သော ပင်လယ်တစ်ခုအတွင်းမှာဖြစ်ပါသည်။ သစ်ဖေါင်ကြီး တစ်စီးသည်လှော်ခတ်သူမရှိဘဲ
ဦးတည်ရာမဲ့မျောပါလျှက်ရှိသည်။ သစ်ဖောင်ကြီးသည် အရှေ့သို့လည်းမျောသည် ။ခဏအကြာအနောက်သို့လည်းမျောသည်။
တစ်ခါတရံတောင်နှင့်မြောက်သို့လည်းမျောပါသည်။ ထိုသစ်ဖေါင်ကြီးပေါ်တွင် လူသုံးဦးပါရှိသည်။ထူးခြားသည်က ထိုလူသုံးဦးလုံးသည်သစ်ဖေါင်ကြီး
အရှေ့သို့မျောနေသည်ကိုလည်းသိသည် ။များမကြာခင်အနောက်သို့မျောနေသည်ကိုလည်းသိသည်။ တောင်နှင့်မြောက်ကိုမျောနေသည်
ကိုလည်းသိပါသည်။ သို့သော်သူတို့သည် ဘယ်အရပ်ကိုဖေါင်ကြီးကမျောသည်ဖြစ်စေ လှော်တက်များပါသော်လည်း
လုံးဝလှော်ခက်ခြင်းမပြုကြပါ။ ဖေါင်ပေါ်ပါလာသူများက အသက်မရှိကြတော့ဘူးလား။သေကုန်သည်များလား
မဟုတ်ပါ။ သုံးယောက်လုံးသည် အသက်ရှင်လျှက်နှင့်ပင်ဖေါင်ပေါ်မှာ အပူအပင်ကင်းစွာဖြင့်စီးနင်းလိုက်ပါလို့နေပါသည်။
ဖေါင်ပေါ်ပါလာသူသုံးဦးသည်အနောက်ဘက်အရပ်တိုင်းပြည်တစ်ခုမှ ရာဇ၀တ်သားများဖြစ်ကြပါသည်။ထိုတိုင်းပြည်တွင်
သူတို့သုံးဦးသည် ပြစ်မှုများကို ကြူးလွန်ကြသဖြင့် တိုင်းပြည်မှ နှင်ထုတ်ပြီး ဖေါင်ပေါ်တင်ကာပင်လယ်အတွင်းသို့
မျှောခံကြရသူများ အပြစ်ပေးခံကြရသူများဖြစ်ကြသည်။ သူတို့သုံးဦးစလုံးသည် အတတ်ပညာတစ်ခုစီတွင် တစ်ဖက်ကမ်းခတ်
အောင်ထူးချွန်ကြသူများဖြစ်ပါသည်။မင်းမှုထမ်းများလည်းဖြစ်ကြသည်။အနောက်ဖက်အရပ်တိုင်းပြည်ရှိ ရွှေနန်းတော်ကြီးတွင်
ဘုရင့်အမှုတော်ထမ်းရင်း ဘုရင်မင်းမြတ်ခွင့်မလွှတ်နိုင်သောအမှုများကို ကျူးလွန်ကြသဖြင့် ရာထူးအဆောင်အယောင်များ
ရုပ်သိမ်းခံရပြီး ပြည်နှင်ဒဏ်အပေးခံခဲ့ကြရလေသည်။ အမှုတော်ထမ်းဆောင်စဉ်အခါများတွင် တာဝန်ကျေပွန်ခဲ့ဖူးသည်များကို
ထောက်ထားညှာတာလျှက် သေဒဏ်အစားပြည်နှင်ဒဏ်ပေးခဲ့ခြင်းလည်းဖြစ်သည်။ပညာရှင်များ ဖြစ်သည့်အတွက် အခွင့်အရေး
ပေးခြင်းလည်းဖြစ်ပါသည်။
ပညာရှင်သုံးဦးလုံးသည် အိပ်လိုက် စားလိုက်နှင့် ပင်လယ်ပြာကြီးအတွင်းမှာ လုံးဝအပူအပင်မရှိ စိုးရိမ်ကြောက်လန့်
ခြင်းမရှိပဲ မျောချင်ရာမျောနေသည့် ဖေါင်ကြီးကိုစီးနင်းလျှက်ရှိကြပါသည်။ထိုပညာရှင်သုံးဦးလုံးသည် ထူးခြားသောရုပ်ဆင်းအင်္ဂါ
ရပ်များကိုလည်းပိုင်ဆိုင်ကြပါသည်။ ပါးစပ်ပြဲပြဲနှင့် ပညာရှင်သည်ပန်းပဲအလုပ်ကိုကျွမ်းကျင်သည်။မျက်စိပြူးပြူးနှင့်ပညာရှင်သည်ပန်း
ထိန်အလုပ်ကိုကျွမ်းကျင်သည်။သွားခေါခေါနှင့်ပညာရှင်သည် နှုတ်မှုရေးရာတို့တွင်ကျွမ်းကျင်သည်။
ပန်းပဲပညာရှင်အာဗြဲသည် အနောက်အရပ်နန်းတော်ရဲ့ စစ်တပ်တစ်ခုလုံးအတွက်လက်နက်များကို ထုတ်လုပ်ပေးရသည်။
ပန်းပဲလုပ်ငန်းတွင် တစ်ဖက်ကမ်းခက်ကျွမ်းကျင်သူဖြစ်လို့ အလုပ်ကိုလည်း ပညာကုန်သုံးကာ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။
အနောက်အရပ်ဘုရင်ကြီးသည် စစ်ကစားရသည်ကို ပျော်မွေ့သူဖြစ်သည်။အိမ်နီးချင်းတိုင်းပြည်များနှင့် အကြောင်းမရှိအကြောင်း
ရှာကာ အမြဲစစ်ခင်းတက်သည်။ သို့အတွက် စစ်လက်နက်များအတွက်ဆိုဘယ်လောက်ပင်ကုန်ကျသည်ဖြစ်စေ အကုန်အကျခံ
သည်။ လက်နက်အသစ်အဆန်းများကို တီထွင်ထုတ်လုပ်စေသည်။ပန်းပဲဆရာအာဗြဲကြီးကလည်း အခွင့်အရေးကိုအရယူတက်
ပါသည်။ဘုရင်ကြီးအတွက် နယူးဒတ်တီး ဆိုသောဖျက်အားပြင်းဒုန်းကျည်လက်နက်ထုပ်လုပ်ပေးမည်ဟုလျှောက်တင်သည်။
ဘုရင်ကြီးလည်း အားရကျေနပ်တော်မူသည့်အတွက် ဆုတော်လာဘ်တော်များချီးမြင့်သည့်အပြင်မိဘုရားငယ်တစ်ပါးတောင်
အဆစ်ပေးလိုက်ပါသေးသည်။ များမကြာမှီပင် နယူးဒတ်တီးဖျက်အားပြင်းဒုန်းကျည်အားကိုးဖြင့် အင်အားကြီးတိုင်းပြည်တစ်
ခုကိုစစ်ကြေညာကာ တိုက်ခိုက်ကြလေတော့သည်။အနောက်အရပ်ဘုရင်ကြီးသည် ထိုစစ်ပွဲတွင် ခွက်ခွက်လန်အောင်ရှုံးလေ
တော့သည်။နယူးဒတ်တီးဖျက်အားပြင်းဒုန်းကျည်မှာ နေရာပင်မရွေ့ပါ ။ပန်းပဲ လူလိမ်အာဗြဲအား ချက်ချင်းထောင်သွင်း
အကျဉ်းချစေလေသည်။
စစ်ရှုံးသည့်တိုင်းပြည်တို့ရဲ့ထုံးစံအတိုင်းပင် စစ်လျှော်ကြေးများပေးကာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန်အတွက် နှုတ်မှုရေးရာ
တွင်တဖက်ကမ်းခက်ကျွမ်းကျင်သည့်ပညာရှင်ပေါက်ခေါကို ရွှေလှည်းသုံးစီးတိုက်ဖြင့် အိမ်နီးချင်းစစ်နိုင်သည့် တိုင်းပြည်ကို
အမြန်စေလွှတ်ရလေတော့သည်။အမြန်မလွှတ်လို့ကမဖြစ် စစ်လျှော်ကြေးမပေးနိုင်လျှင် သူ့ရွှေနန်းတော်အား သုံးရက်အတွင်း
အမှုန့်ချေပစ်မည်ဟု ခြိမ်းခြောက်စာလည်း လက်ခံရရှိပြီးဖြစ်သည်။ သုံးရက်မြောက်သောနေ့မနက်တွင်သူ့ေ၇ွှနန်းတော်အပြင်
ဘက်မှ ပြည်သူများရဲ့ ထိတ်လန့်အော်ဟစ်သံများကြောင့် ဘုရင်ကြီးသည် နေဖင်ထိုးအောင်စက်တော် မခေါ်နိုင်တော့ဘဲ
သလွန်ညောင်စောင်းထက်မှ ထလာရတော့သည်။
သူ့တိုင်းပြည်ငယ်လေးအား စစ်အင်အားအလုံးအရင်းနှင့် ၀ိုင်းဝန်းပိတ်ဆို့ထားလို့နေချေပြီ။ စစ်လျှော်ကြေးလည်း ပေးထားပါ
လျှက်အဘယ်သို့ဖြစ်ရလေသနည်းဟု စဉ်းစားမရအောင်ဖြစ်လေသည်။သို့နှင့် နန်းတော်အပြင်သို့ထွက်ကြည့်လေတော့သည်။
ရွှေလှည်းသုံးစီးတိုက်နှင့်အတူ ပေါက်ခေါကိုလည်း လက်ပြန်ကြိုးတုပ်လျှက်နန်းတော်အပြင်တံခါးဝတွင်တွေ့ရတော့သည်။
ရွှေလှည်းသုံးစီးလုံးတွင် ပါသောရွှေအားလုံးသည်အတုများဖြစ်နေခြင်း။စကားအရာတွင်ကျွမ်းကျင်သည့်ပေါက်ခေါသည်
တစ်ပါးတိုင်းပြည်သို့ရောက်စဉ်ခဏမှာပင် ပညာစွမ်းပြကာနှုတ်သရမ်းသဖြင့်တစ်ပါးတိုင်းပြည်မိဘုရားကြီးနှစ်ပါးမှာယခင်က
ညီအစ်မရင်းချာများပမာချစ်ခင်ကြသော်လည်း ယခုမူ အချင်းချင်းစိတ်ဝမ်းကွဲလျှက် နဘမ်းထသက်ကြသဖြင့် မင်းကြီးကိုယ်
တိုင်မနည်းဖျန်ဖြေပေးလိုက်ရခြင်း။ ယခုထိ တစ်ဦးကိုတစ်ဦး အမြင်မကြည်မလင်ကြိတ်မနိုင်ခဲမရ ရန်သူအသွင်သို့တိုင်
ဆောင်နေကြခြင်း စသည့်စသည့်အကြောင်းအရာများကိုကြားသိရလေတော့သည်။အနောက်အရပ်ဘုရင်ကြီးလည်းချက်ချင်း
ပင်တစ်ပါးတိုင်းပြည်မင်းကြီးကျေနပ်စေရန်အတွက် မိမိတို့ရွှေနန်းစဉ်ဆက်အမြတ်တနိုးလက်ဆင့်ကမ်းသိမ်းဆည်းလာသော
ပတမြားငမောက်ကြီးအား စစ်လျှော်ကြေးပေးကာ တောင်းပန်လိုက်ရလေတော့သည်။
ဘုရင်ကြီးသည် စစ်လည်းရှုံး ရှက်လည်းရှက် နန်းစဉ်ပတမြားငမောက်ကြီးလည်းဆုံးရသဖြင့် အလွန်စိတ်ဆိုးဒေါကန်လျှက်ရှိသည်။
နန်းတော်ရဲ့ရွှေများကိုအတုများဖြင့်အစားထိုးကာ အပျောက်ရိုက်ထားသော ပန်းထိန်သူခိုးမျက်ပြူး နှင့် ကုန်းတိုက်စကားဆိုတတ်သော
ပေါက်ခေါ ပန်းပဲလူလိမ်အာဗြဲတို့အား ပင်လယ်အတွင်းအရှင်လက်လက်ဖောင်မျှောလွှတ်ရန် အမိန့်ချမှတ်လိုက်လေတော့သည်။
ဖောင်ပေါ်မှာ အပူအပင်မရှိလိုက်ပါနိုင်ကြသည်မှာအဘယ်ကြောင့်။ သူတို့သုံးယောက် အဘယ်တိုင်းပြည်သို့ရောက်ကြမည်
စသည်တို့အားဆက်လက်ဖော်ပြပါမည်ဟု အမြည်းပေးပါသည်။
ချစ်မိတ်ဆွေများ သည်းခံပြီး ဖတ်ပေးကြပါကုန် ...............
ဆက်ပါဦးမည်
@bobokyaw
MSC-060
photo : google image
img credz: pixabay.com
Nice, you got a 4.0% @minnowbooster upgoat, thanks to @bobokyaw
Want a boost? Minnowbooster's got your back!
သင့်တော်တဲ့ပုံ သတ်မှတ်ချက်ရှိနေတော့ ပုံထည့်ပေးတာ ကောင်းပါတယ်
Waiting nextttt
thanks you
thanks you
ပတ္တမြား ငမောက် ဘယ်ကိုရောက်နေ သိရင်ပြောပါလေ
ငမောက်လား ခုတော့ ဘုရားလူကြီးဆိုလားဖြစ်နေပါပြီ ငမောက်ခေါ်ရင်တောင် ကြ်ုက်တော့ဘူး ဦးလေးမောက် ဘကြီးမောက်ပေါ့ဗျာ
ဗြိတိန်လား အင်္ဂလန်လား
good
thanks you
ပုံလေးတွေထည့်ပေးပါဆရာတို့ blog လေးလှအောင်ပါ လာဖတ်တဲ့သူကိုလဲ ဖတ်ချင်စိတ်ဖြစ်စေအောင်ပေါ့
ဟုတ်ကဲ့ပါခင်ဗျာ အသားချည်းသက်သက်လေး ကောင်းမလားလို့ပါ
အမှန်ကတော့ ပုံရှာဖို့အဆင်မပြေဖြစ်သွားလို့ပါ
အဆင်ပြေအောင် ကြိုးစားပါမည်။
ဟုတ်ကဲ့ပါခင်ဗျာ အသားချည်းသက်သက်လေး ကောင်းမလားလို့ပါ
အမှန်ကတော့ ပုံရှာဖို့အဆင်မပြေဖြစ်သွားလို့ပါ
အဆင်ပြေအောင် ကြိုးစားပါမည်။
Very Good AKO.
thanks
သင့်တော်တဲ့ပုံ သတ်မှတ်ချက်ရှိနေတော့ ပုံထည့်ပေးတာ ကောင်းပါတယ်
ဟုတ်ကဲ့ပါအစ်ကို
သေချာတာက ဖေါင်ပေါ်မှာ ဘုိဘုိကော်ဆုိသူတစ္ဦးပါလာတာမည္သူမွ်မသိၾကေခ်။
ငင့် ပါဘူးလေဆရာရဲ့