ပေးမှာလားမပေးဘူးလား
ROR GAME ကစားနေတာတော့ အဓိက ရည်မှန်းချက်က စတင်းတိုးပွားရေးဖြစ်တယ်ဆိုတာကို သတိရဖို့လိုအပ်ပါတယ် အချိန်ကုန်ခံပြီး ကစားနေတာ စတင်းမှ မရရင်တော့ မထူးဘူး ပြောရမယ် သို့ပေမယ့် အဲ့သလို ဖြစ်မလာစေရန်တော့ ကြိုးစားဖို့ လိုပြန်ပါတယ် ဂိမ်းကစားတာကနေ တိုက်ရိုက်တော့ စတင်းမရပါဘူး စာရေးပို့စ် တင်ခြင်းကနေဘဲ သွယ်ဝိုက်သော နည်းလမ်းတစ်ခုနဲ့ စတင်းအနည်းငယ် ရလာပါတယ် ဒါဆိုရင်တော့ ဒီဂိမ်းကစားရတာ တန်ပါတယ် စတင်းဆိုတာက အစုလိုက် အပုံလိုက် ရရိုး ထုံုးစံမရှိလေတော့ ကိုယ့်အတွေ့အကြုံအရပြောတာပါ ဒါကတော့ အခုလို နည်းနည်းချင်းရနေတာ သေချာတဲ့အတွက် စာရေးပျင်းနေလို့က မဖြစ်ချေပါဘူး
အားရင်အားသလို ရေးပြီး မအားရင်လည်း အားသလို ရေးရပါတယ် လွန်ခဲ့သော တစ်လ၀န်းကျင်ကတော့ အိမ်မှု အလုပ်တွေ နဲ့ ဗျာများနေခဲ့တာကြောင့် တော်တော်လေး အခွင့်အရေးဆုံးရှုံးခဲ့တယ် ဆိုရပါမယ် အခုနောက်ပိုင်းတော့ အဲ့ဒီလို မဖြစ်လာစေဖို့ တင်ကြို အစီအမံများနဲ့ လုပ်ဆောင်လို့ထားပါတယ် ဒီထက်လည်း ပိုမို အားထုတ်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်
ဖရီးရှာသူပီပီ ဖရီးရမယ့် အပေါက်တွေတော့ ရှာနေတာပါဘဲ စတင်းဆိုတာက တဖြည်းဖြည်း ချင်း တိုးပွားများပြားလာတဲ့ အသွင်သဘောမှာ ရှိနေတော့ စိတ်ရှည်ရပါလိမ့်မယ် ဒီနေ့နဲ့ဆို သုံးရက်ရှိပါပြီ အပ်ဗုတ်ရောက်မလာခဲ့ပါဘူး စောင့်တော့ ကြည့်နေတယ် မပေးရင်တော့ နောက်တစ်မျိုး ပြောင်းတော့မှာပါ
@bobokyaw