အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်ပြီ

in #steempress6 years ago

ဆေးဝါးဂိမ်းက အကျဘက်ကို ရောက်နေပြီလို သုံးသပ်နိုင်မယ်လို့ထင်ပါတယ် နောက်အပြောင်းအလဲ မလာမချင်းကတော့ ဒီအတိုင်းဆို သိပ်ပြီး လွမ်းလောက်စရာ မရှိတော့ပါဘူး နားသူများလည်း နားလည်း ကစားသူများလည်း ဆက်ကစားနေကြပါတယ် စတင်းဖြုန်းသူတွေလည်း မရှိတော့ပါဘူး နောက်ထပ်အပြောင်းအလဲ တစ်ခု စည်းကမ်းအသစ်တစ်ခု ဥပဒေသတစ်ရပ်ကို စောင့်နေကြပါတယ် လွယ်တော့မလွယ်တော့ပါဘူး အခွင့်အရေးအသစ်တွေက လာဖို့ ခက်နေပါတယ် သူတို့လည်းအကြံကုန်သလောက်ဖြစ်နေပြီထင်ပါတယ်

အခုလို အခက်အခဲတွေနဲ့ မလွယ်ကူမှုတွေကြားကနေဘဲ အကျိုးအမြတ်များကို ရှာဖွေရယူမှာဖြစ်ပါတယ် သူများတွေ အနားယူသွားတဲ့အချိန်မှာ ကိုယ့်အတွက် အခွင့်အရေးကောင်းတွေကို ဖန်တီးမှာဖြစ်ပါတယ် မဖြစ်နိုင်တော့ဘူးလို့ ထင်နေကြတုန်းမှာဘဲ အနားယူတွေ ယူနေကြတုန်းမှာဘဲ နောက်ထပ် အပြောင်းအလဲ အသစ်တစ်ခုမလာခင်လေးမှာဘဲ အခွင့်အရေးကောင်းလေးတွေ ဖန်တီးရမှာဖြစ်ပါတယ် အခွင့်အရေး ကောင်းလို့ ဆိုသော်လည်း တကယ်တော့ မက်လောက်စရာအခြေအနေတော့မဟုတ်သေးပါဘူး

အခုဆိုရင် ဆေးဝါးဂိမ်းရဲ့ ဖွဲစည်းပုံက အသားတကျဖြစ်နေပါပြီ နောက်လာမယ် အပြောင်းအလဲကလည်း နဂိုမူလ စစ်အင်အားပေါ်မှာ အခြေခံမှာဖြစ်လို့ မိမိရဲ့ စစ်အင်အားကို အတောင့်တင်းဆုံးဖြစ်အောင် တည်ဆောက်ရလိမ့်မယ်လို့ သုံးသပ်ပါတယ် ဒါကြောင့် အခုလို စပ်ကူးမက်ကူး အချိန်လေးမှာဘဲ စစ်အင်အား တောင့်တင်းရေးကို ဦးစားပေးဆောင်ရွက်နေပါတယ် စစ်အင်အားက အဓိကကျတယ်လို့ မြင်ပါတယ် ပြီးတော့ စစ်အင်အားက အရှင်ပါ အချိန်မရွေးပျောက်ကွယ်သွားနိုင်ပါတယ် မိမိကို တိုက်ခိုက်မယ့် အုပ်စု တစ်စုနဲ့တင် ပျောက်ကွယ်မှာပါ

ဒါပေမယ့် စစ်အင်အား နဲ့ဘဲ ကျန်တာတွေကို ဖန်တီးရမှာဖြစ်သလို စစ်အင်အား တောင့်တင်းနေတဲ့ တပ်ကို ထိပါးဝံ့သူ နည်းပါတယ် တကယ်လို့ အဲ့သလို အပြတ်ဖြုတ်ခံရဖို့ အခြေအနေ ဖန်တီးလာရင်လည်း ဒုတိယ ပလန်ကို အသင့်ပြင်ထားပါတယ် ဒါတွေကို တွေးကြောက်နေလို့မဖြစ်ပါဘူး စစ်အင်အား ကောင်းရင် ကြိုက်တာကို လုပ်နိုင်တယ်လို့တောင် ဆိုပါတယ် ဒါကြောင့် စစ်အင်အား တောင့်တင်းရေးကို အစွမ်းကုန်လုပ်နေပါတယ် မကြာခင်မှာတော့ အင်အားကြီး စစ်တပ်တစ်ခုကို ပိုင်ဆိုင်ရတော့မှာဖြစ်ပါတယ်

စစ်အင်အားကိုဖြည့်တင်းခြင်းနဲ့အတူ ဆေးဝါးတွေကလည်း အလျှံပယ် ရနေပါတယ် ဒါကြောင့် ဆေးဝါးမှန်သမျှကို ဈေးကွက်ပို့ပြီး အရက်နဲ့ လက်နက်ကိုတော့ စစ်အင်အား အတွက် အသုံးပြုနေပါတယ်

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/04/18/%e1%80%a1%e1%80%9b%e1%80%bd%e1%80%ad%e1%80%94%e1%80%b9%e1%80%a1%e1%80%9f%e1%80%af%e1%80%94%e1%80%b9%e1%80%bb%e1%80%99%e1%80%bd%e1%80%84%e1%80%b9%e1%82%94-%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%85/
Sort:  

Pantheon မမြှင့်ဘူးလား။အဲ့ဒါမြှင့်ရင် upvote ရတာ ပိုပိုမြှင့်လာတယ်။

Posted using Partiko Android