လေးတိလေးကန်

in #steempress5 years ago


https://nextcolony.io

ဒီနေ့တော့ တမူထူးခြား စောစောစီးစီး အိပ်ငိုက်လို့နေပါတယ် တစ်နေကုန် ဖုန်းနဲ့ မျက်နှာမခွါတမ်း ကြည့်မိနေတော့ အညောင်းမိနေတာလည်း ဖြစ်နိုင်ပါတယ် အရင်က ဒီလိုမဖြစ်မိပါဘူး အခုတော့ တော်တော်လေး အိပ်ချင်နေတာနဲ့ စောစောအိပ်လိုက်တော့မယ် လုပ်နေတုန်းဘဲ ဟာ...........မဖြစ်သေးပါဘူး စာလေး တစ်ပုဒ်တော့ ရေးတင်မှပါလေဆိုပြီး မနည်းပြူးပြဲထပြီး အမြန်ရေးရပါတယ် တစ်ရက်ဆိုလည်း တစ်ရက် နည်းတယ်ဆိုသော်လည်း မရလိုက်မှာ စိတ်ပူမိပါသေးတယ် စတီးမစ်ရောဂါကတော့ တော်တော် ဆိုးလို့နေပါပြီ ဒါတောင် စတင်းဈေးမကောင်းလို့နော် စတင်းဈေးများကောင်းရင်တော့လား ဘာပြောကောင်းမလဲ တစ်နေကုန် ဒီထဲကကို ထွက်နိုင်မယ် မထင်တော့ဘူး

အခုလည်း ဘယ်ထဲမှာလဲ မေး စတင်းထဲမှာပါဘဲ အခြားတော့ လုပ်ချင်ပေမယ့် စတင်းမှာက ခွဲမနိုင်ခွါမရ အကြော်ငးအခြင်းအရာလေးတွေ ရှိနေသေးတော့ ဖြတ်မရနိုင်သေးပါဘူး ဂိမ်းတွေကလည်း အတော်လေး အလုပ်များပါတယ် နောက်ထပ် တစ်လကျော်လောက်တော့ ကစားလိုက်ပါဦးမယ် ဒါပြီးရင်တော့ အနားယူမှဖြစ်ပါလိမ့်မယ် မဟုတ်ရင် စတင်းဈေးမတက်ခင် လစ်သွားနိုင်ပါတယ် အရင်ကလိုတော့ အရမ်း အိပ်ေ၇းပျက် မခံနိုင်တော့ဘူး ကိုယ်ခံအားက အရင်လို မပြည့်တော့တာ သတိထားမိတယ် အေးပေါ့လေ ရက်ပေါင်းလပေါင်းကလည်း မနည်းကို ဒီလောက်တော့ ခံရမှာပေါ့လေ

ဒီတစ်ရက်နှစ်ရက် အာကာသဂိမ်းက အနည်းငယ် ဂယက်ထလို့နေပါတယ် ခက်တာက သူ့ဂယက်ကလည်း ပျော်စရာတော့ သိပ်မကောင်းလှပါဘူး ဘာလို့လဲဆိုရင် ဟိုနေ့ကပြောသလို သပွတ်အူလို ရှုပ်နေတော့ လူတွေ စိတ်ဝင်စားမှု အားနည်းတာ သတိထားမိပါလိမ့်မယ် ရှေ့က ဆေးဝါးဂိမ်း ရှုပ်လှေ အာင်းမေ့တာ ဒီကောင်က ပိုရှုပ်တယ် စတင်းလေးတွေ ပြန်ပေးမယ် ဆိုတော့လည်း နည်းနည်းတော့ လှုပ်ရွ လှုပ်ရွ ဖြစ်ကြတာပါဘဲ ဒါလည်း လူနည်းစုပါ ဂြိုလ်ရှာတဲ့အပိုင်းကို လူတွေ သိပ်မလုပ်တော့သလိုဘဲ အရင်ကလို ဂြိုလ်အသစ်တွေ တဒင်ဒင်မကျတော့တာ လေးငါးရက်မကတော့ဘူး မကစားသူတွေများလာသလားဘဲ ကစားသူတွေလည်း လက်နက်လောက် စုပြုံထုတ်နေကြတယ် တစ်ချို့အရူးတွေကတော့ တိုက်မယ် ခိုက်မယ်ဆိုတာချည့်ဘဲ ကိုယ့်ဘက်လှည့်လာမှာစိုးရတယ် စတင်းမရခင် တပ်လေး ပျက်သွားမှဖြင့် စိတ်ဆင်းရဲတယ် အာကာသဂိမ်းရယ် ဒါင်းလုပ်တာနဲ့ ကိုယ့်မှာ အချိန်ကိုမရှိတော့ဘူး

@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/09/30/%e1%80%b1%e1%80%9c%e1%80%b8%e1%80%90%e1%80%ad%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%94%e1%80%b9/
Sort:  

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!