နယ်မြေလုကြပြီ
ဒီနေ့အတွက်တော့ ပျော်စရာကောင်းခဲ့ပါတယ် မနက်ကတည်းကနေ အခုညပိုင်းအချိန်အထိ အကြိတ်အနယ်ရှိတဲ့ ပြိုင်ဆိုင်ရှာဖွေမှုတစ်ခုကို နယ်မြေတစ်ခုမှာ ပြုလုပ်နေကြပါတယ် သူကလည်း အလျှော့မပေးသလို ကိုယ်ကလည်း အလျှော့မပေးသေးပါဘူး သူလည်းလျှော့မယ့်သဘောမရှိသလို ကိုယ်လည်း လျှော့လိုမဖြစ်ပါဘူး ဘာလို့လဲဆိုရင်တော့ ဒီနယ်မြေအတွက် အရေးအကြီးဆုံး အထောက်အပံ့ဖြစ်စေမယ့် ဂြိုလ်သစ် တစ်လုံးကို လိုအပ်နေကြလို့ပါဘဲ မကြာခင်အချိန်မှာတော့ ဂြိုလ်မရရှိတဲ့သူက ခါးပြတ်သော အနေအထားနဲ့ရင်ဆိုင်ရပြီး ဒီနယ်မြေကို စွန့်ခွါရမှာ ရှာဖွေမှု ရပ်တန့်ပေးရတော့မှာဖြစ်ပါတယ်
ဟုတ်ပါတယ် အာကာသဂိမ်းမှာ နယ်မြေအနေအထားကောင်းတွေ ရှိပါတယ် ကံကောင်းရင်တော့ မနီးမဝေးမှာ ဂြိုလ်တွေ အစပ်အဆပ်နဲ့တွေ့တက်ပါတယ် ဒါဆိုရင်တော့ စိတ်ပျက်စရာမရှိပါဘူး ရှာဖွေရတာ ပျော်စရာကောင်းပါတယ် တစ်ခါတရံတော့ မူလရှာဖွေရေးဂြိုလ်ကနေ တော်တော်ဝေးတဲ့နေရာထိ အထောက်ဂြိုလ်မရခဲ့ရင် ရှာဖွေရတာ အချိန် အလွန်ကုန်ပါတယ် တစ်ခါတစ်ရံ ခါးပြတ်တဲ့ နယ်မြေမှာ ရှာရတာ မစ်ရှင်တစ်ကြိမ်ပြီးဆုံးဖို့ကို နှစ်ရက်လောက်ထိကြာသွားတက်ပါတယ် အဲ့ဒီထက်ပိုကြာရင်တော့ ဆက်မရှာတော့တာကောင်းပါတယ် အခြားနယ်မြေသစ်အတွက် အချိန်ပေးလိုက်တာက ပိုပြီးနီးစပ်နိုင်ပါတယ် အဲ့သလိုလေးတွေ ခက်ခဲတက်တော့ နယ်မြေလုတာတွေက ဖြစ်လာတော့တာပါဘဲ
သူနဲ့ကိုယ် နယ်မြေလုနေတာ နှစ်ရက်ရှိပါပြီ တစ်ယောက်နဲ့တစ်ယောက် အကြိတ်အနယ်ဖိုက်နေကြတယ်ဆိုပေမယ့် တိုက်ခိုက်ရေးယာဉ်တွေမသုံးကြပါဘူး ရှာဖွေရေးကိုဘဲ အပြိုင် ဦးအောင်ရှာနေတာပါ ခက်နေတာကသူုလည်း ဂြိုလ်မရ ကိုယ်လည်း ဂြိုလ်မရနဲ့ ခရီးက တော်တော်ဝေးလာခဲ့ပါပြီ ဘယ်သူက ကံကောင်းပြီးဘယ်သူကတော့ ဒီနယ်မြေက စွန့်ခွါရမလဲဆိုတာ မကြာခင် အဖြေပေါ်တော့မှာဖြစ်ပါတယ် ကိုယ်ကလည်း နည်းနည်းတော့ ဆေးသုံးထားပါတယ် သူလည်း လက်နက်ပုန်းတွေနဲ့ ဆော်နေပါတယ် နှစ်ယောက်လုံးက လက်ရည်တူနေတော့ ခုထိ အဖြေမပေါ်သေးပါဘူး သူမသိလိုက်တာက သူ့အနားမှာ ကိုယ့်ရဲ့ စစ်ကူနှစ်ယောက်က ကူညီရှာဖွေပေးနေတယ်ဆိုတာပါဘဲ သူ့ထက်တော့ အခွင့်အရေးအနည်းငယ် ပိုသာနေပါတယ် ဒါပေမယ့် ကံတရားကိုတော့ စောင့်ကြည့်ရပါဦးမယ်လေ
နယ်မြေသစ်များစွာ.............ရှေ့မှာ .........
Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/09/21/%e1%80%94%e1%80%9a%e1%80%b9%e1%80%b1%e1%80%bb%e1%80%99%e1%80%9c%e1%80%af%e1%81%be%e1%80%80%e1%80%bb%e1%80%95%e1%80%ae/