မီးပျက်လေသောမိုးညတစ်ည

in #busy7 years ago

night-3119429_960_720.jpg

ခေါင်းစဉ်ကတော့ အပေးကောင်းပေါ့ တကယ်တော့ ရောက်တက်ရာရာ ရေးမှာသာဖြစ်ပါတယ်
နေ့ခင်းဘက်တွေက တစ်နေကုန် မအားမလပ်ဖြစ်နေတော့ စာရေးချိန် မရလိုက်ပါ။ အမှန်တော့
အလုပ်တွေများနေတာမဟုတ် တစ်နေကုန် အိပ်နေမိသည်သာဖြစ်သည်။ ကောင်းလိုက်တဲ့
အခြေအနေ ဒီပုံဒီအတိုင်းနဲ့သာ ဆက်သွားရင်တော့ ကြာရင် ရူးသွားနိုင်ပါတယ် အခုလည်း ရူးချင်ချင်
ဖြစ်နေတာပါ။ စေျးလေးတက်နိုးတက်နိုး စပေါ့လေးရနိုးရနိုး အခြေအနေလေး ကောင်းလာနိုး
ကောင်းလာနိုးနဲ့ စောင့်စားအိပ်မက်လို့ နေတုန်းပေါ့ စိတ်မညစ်ပါဘူး နဲနဲလေးမှ စိတ်မပျက်မိပါဘူး
အားမရတာ တစ်ခုတည်းပါ စိုးရိမ်စိတ်လေးတော့ ဖြစ်မိပါတယ်။
cloud-3302872_960_720.png

နေ့ခင်းဘက် တစ်နေကုန် အိပ်မိလျှက်သားဖြစ်သွားတာက ဒီလိုရှိပါတယ် အဓိကတရားခံကတော့
စတီးမစ်ပါဘဲ ဟုတ်တယ် သူလုပ်တာနဲ့ ကိုယ့်မှာ နေ့တွေညတွေ မှားလို့ ညဆို မအိပ်တော့ဘူး
ဟိုဝင်ကြည့် ဒီဝင်ကြည့် ဟိုဟာ ကောင်းနိုးနိုး ဒီဟာ ကောင်းနိုးနိုး လေ့လာရေး လုပ်နေသည်ကများ တကယ်တမ်း ဖြစ်မြောက်အောင်လည်း မလုပ်ဖြစ်ခဲ့
ညဆိုရင် အိပ်မပျော်တက်တော့ အဲ့ဒီအကျိုးဆက်က မနက်ဆိုလည်း မထနိုင် နေ့ခင်းဆိုလည်း
ငိုက်မြည်းလို့နေတယ်။ လူကမလန်းဆန်း အခွင့်သာတိုင်း အိပ်ဖို့လောက်သာ ချောင်းနေတက်တော့တယ် ကြာတော့ အလုပ်ပျက် အကိုင်ပျက်တောင် ဖြစ်လာရော

စတီးမစ်ကြီးကို စသုံးပါပြီ ဆိုကတည်း ဖေ့ဘုတ်ဆိုတာကြီးနဲ့ ခပ်ကင်းကင်း ခပ်ခွာခွာ နေဖြစ်လာတယ် နဂိုကတည်းကလည်း ဖေ့ဘုတ်ကို သိပ်အာရုံမထား အာရုံထဲမရှိလှ သူများသုံးလို့သာ လိုက်သုံးလိုက်ရသည်။ စိတ်ပါပါမပါပါ အားနာပါးနာ ကောမန့်ရေးရမှာ လိုက်လုပ်ရမှာ ၀န်တာလေးသည့်စိတ်က အဓိကအကြောင်းရင်း ဟန်ဆောင်မျက်နှာဖုံးတွေ
တပ်ပြီး လူမှုရေးမလုပ်ချင်းပါဘူး ထားပါဦး ဒါကဖေ့ဘုတ်တစ်ပိုင်းပေါ့
နောက်တစ်ပိုင်းက ကိုယ်သိပ်ကြိုက်တဲ့ ၀ါသနာတွေ အကျင့်တွေ နောက်ဆုပ်ပေးလိုက်ရတာပေါ့
စတီးမစ်က အချိန်စားတယ် မယုံမရှိနဲ့ တကယ်စတီးမစ်ကို ရူးသွပ်သွားရင် စွဲလမ်းသွားရင်
ရှိသမျှအချိန်တွေ ထိုးကျွေးရတော့တာဘဲ

စတီးမစ်မသုံးခင်က ကိုယ်လုပ်တက်တာလေးတွေ ပြန်လွမ်းမိတယ်။ အခုကော လုပ်မရဘူးလား
မေးရင် မရတော့ဘူးဖြေရတော့မယ်။ ဟုတ်တယ်။ ညပိုင်းဆိုရင် အက်ရှင်ကားကောင်းကောင်း
လေးတွေ ကြည့်ချင်တယ် ဒါမှမဟုတ် ဂိမ်းကောင်းကောင်းလေးတွေ ကစားချင်တယ် နောက်တစ်ခု စာအုပ်ကောင်းကောင်းလေးတွေ ရှာဖွေဖတ်ရှုချင်တယ်။ အင်တာနက်ဆိုတာကြီး
ထဲကို ၀င်ရောက်ပြီး မွှေနှောက်ချင်တယ်။ ဒါပေမယ့် အဲ့ဒါတွေ အားလုံး အခုဆို တစ်ခုမှ မလုပ်နိုင်တော့ဘူး လုပ်ဖို့ အချိန်လည်းမရှိတော့ဘူး အချိန်လည်းမပေးနိုင်တော့ဘူး စိတ်ထဲမှာတော့ တေးထားတယ် တစ်နေ့ကျရင် စတီးမစ်ကြီး အနည်ထိုင်သွားတဲ့နေ့ အဲ့ဒါတွေ
ပြန်လုပ်ရဦးမယ်။ အခုတော့ အကြွေးတင်နေပြီ ။
ray-2174602_960_720.jpg

ခေါင်းစဉ် တည်ထားတာက တစ်မျိုး ရေးလာတာတစ်မျိုးဖြစ်နေတယ်
ရေးချင်သလိုလျှောက်ရေးနေတာတော့မဟုတ်ပါဘူး။ စိတ်ထဲမှာ အစာမကြေဖြစ်နေတာလေးတွေ
ချရေးကြည့်တာပါ။ စာရေးတော့မယ်ဆို စာကိုအရင်ရေးပြီး ခေါင်းစဉ်ကို ပြီးမပေးတာကောင်းတယ် ခေါင်းစဉ်အရင်ပေးပြီး စာရေးတော့ ရေးရတဲ့ဘောင်က ကျဉ်းသွားတယ်လေ ။ဒီနေ့က မိုးတွေအရမ်းရွာတယ် မိုးရွာပြီးသိပ်မကြာခင် မီးကပျက်ပါလေရော
မီးပျက်ပြီဆိုမှဖြင့် ကိုယ်သိပ်ကြိုက်တဲ့ ချယ်ရီအက်ဖ်အမ်လေးကလည်း မီးနဲ့အတူရောပြီး ပျက်ရတော့တာပေါ့ ။ ဒီနေ့ အစီအစဉ်သိပ်ကောင်းတယ် မီးပျက်သွားတာ ဆိုးလွန်းတယ်။ နိုင်တီးပလပ် အစီအစဉ်လေးလာနေတာ။ ကိုယ်တွေ ရင်ခုန်ခြင်း သင်တန်း အခမဲ့တက်နေတုန်းကာလက သီချင်းတွေလေ။ စည်သူလွင်တို့ ဂရေဟမ်တို့ ။ ဘိုဘိုတို့ ။ သူတို့သီချင်းတွေ လာနေတာ အတိတ်ကာလထဲ သီချင်းတွေနဲ့ မျောနေတုန်း မီးပျက်သွားတော့
ဒီည ဖီလင်တောင် ငုတ်သွားတယ်။ညတစ်နာရီခွဲမှမီးပြန်လာလို့ ဒီပို့စ်လေး ကသောကမျှောထရေးလိုက်ရတယ်။ စတီးမစ်လုပ်ရတာ တော်တန်ရုံ စကေးနဲ့တော့ မရဘူးဗျို့
စကေးတွေက အကြမ်းစားကြီးတွေ။
Photo Credit : Original source
Author : @bobokyaw
@bobokyaw.jpg

Sort:  

မီးပျက်တဲ့နေ့ကတော့ မှောင်နဲ့မည်းမည်း ဘာမှကိုလုပ်မရပါဘူးဗျာ

မီးပျက်ခြင်းအရသာဘာမှတင်စားလို့မရတော့ပါအမတို့တောမြို့တွင်နေ့တိုင်းမီးအနည်းငယ်သာရပါသည်

ဒါဆို ဒီမှာက တော်သေးတာပေါ့ ပျက်တော့ပျက်တယ် ခဏလောက်ပါဘဲ တစ်ခါတစ်ရံမှပါ

အရင်ဖုန်းမပေါ်ချင် tvတွေ ရှားပါးချိန်က မီးမှောင်မှောင်ညလေးမှာ လေဒီယိုလေးနားထောင်ရတာ တကယ့် အမိုက်စားဘဲ

ဟုတ်တယ် အဲ့အချိန်က အပျော်တွေက ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး လွမ်းစရာပါဘဲ

https://steemit.com/reviewme/@suyutu/my-reviewme-proifle-your-comment-is-cordially-appreciated-03e21e7ac87aeest

![5 cred stars](http://bit.ly/5credstars)

အပေါ်က ပိုစ့်ကို comment မှာ အလယ်က စာ ကို copy ကူးထည့်ပေးပါ ဘရို။

စမ်းနေတုန်းပါပဲ။ 5 Star 10 ခုရရင် 1 STU တန် upvote တစ်ခုရမယ်လို့ပြောပါတယ်။

ဟုတ်ကဲ့ပါ အစ်ကိုရေ လုပ်ထားပြီးပါပြီ အဆင်ပြေပါစေဗျ

You got a 9.11% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

You got a 6.63% upvote from @upme thanks to @bobokyaw! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

ဒါက တော့ bro ပျော်တတ်အောင် epc က ကြိုးစား ပမ်းစား လုပ်ပေးထားတာပါ မီးလာ တော့ bro မပျော်ဘူးလား ခဏ ခဏ လာတော့ ခဏ ခဏ ပျော်ရတာပေါ့

ပျော်တာပေါ့ဗျာ ဒီလိုဘဲ လှည့်ပါတ်ရေးနေရတာပါဘဲ
ကျေးဇူးပါဗျ