မီးပျက်သွားတဲ့ည

in #myanmar7 years ago

82233953.gif
ကျွန်တော်နေထိုင်ရာရပ်ကွက်လေးသည် မြို့ရဲ့အပြင်လဲမရောက်မြို့ရဲ့အတွင်းလဲမကျလေသော မြို့စွန်အဖျား တစ်နေရာတွင်ရှိလေသည်။ထိုရပ်ကွက်လေးသည် အချိန်ကာလတွေတဖြည်းဖြည်းရွှေ့လျှားလာသည့် အလျှောက် တဖြည်းဖြည်းချင်းတိုးတက်စည်ကားလို့လာပါလေသည် လူတန်းစားအလွှာပေါင်းစုံတို့သည်ဒီရပ်ကွက်ထဲတွင်နေထိုင်ကြလေသည်။တိုက်တာအဆောက်အဦးများ
ဈေးဆိုင်ကုန်စုံဆိုင်များနှင့်လဖက်ရည်ဆိုင်များလည်းတနှစ်ပြီးတနှစ်တိုးပွားလာပါသည် ရပ်ကွက်နေလူဦးရေသည်လည်းတဖြည်းဖြည်းတိုးပွားလာပါလေသည် စည်ကားလို့လာတာကိုတော့သတိထားမိပါသည်
ဟိုယခင်ကတော့ အိမ်လေးတွေကခပ်ကျဲကျဲသာ လူတွေလဲသိပ်မများသေး ဘယ်သူကတော့ဘယ်လမ်းက ဘယ်အိမ် ဘယ်နေရာ ဘာလုပ်တယ်ဆိုတာကအစ အထူးမှတ်သားထားရန်မလိုဘဲ အလွယ်သိနိုင်ခဲ့ပါသည် ခုတော့တိုးတက်စည်ကားလာသည်နှင့်အညီ လူတွေကလဲ မျိုးစုံ စရိုက်မျိုးစုံ တို့ဖြစ်ကြလေသည် အားလုံးနဲ့သိကျွမ်းဖို့မလွယ်တော့သလို အရင်လိုမှတ်မိဖို့လည်းခက်လေပြီ ဒီရပ်ကွက်လေးစည်ကားလာသည်ကလဲ ဒီတစ်လောအလွန်မြန်ဆန်လှချေသည် နယ်ပေါင်းစုံမှလူများဒီရပ်ကွက်သို့လာရောက်အခြေချကြလေသည်
telecommuting.jpg

အိမ်ခြံမြေများ အလုအယက်ဝယ်ယူကြလေသည် အိမ်ခြံမြေ ဝယ်ရောင်းများပွဲစားများအလုပ်ဖြစ်ကြသည် ရပ်ကွက်ထဲသူတို့ခြေချင်းလိမ်ကြသည် လမ်းထွက်မိလျှင်ပင်သူတို့နဲ့မလွတ်ပါ မနည်းရှောင်ရသည် အဆိုးဆုံးကတော့ အစ်ကို့အိမ်လေးရောင်းမလား ဈေူကောင်းပေးပါမယ် မရောင်းလဲငှားပါလား အိမ်စရီတ်ရတာပေါ့တဲ့ အင်း ခက်တာဘဲနေစရာမရှိလို့မှဈေးပေါတဲ့ဒီနေရာလေးလာဝယ်ပြီးနေပါတယ်ဆို ဒင်းတို့က ဘယ်အချိန်ဗိုက်နာမလဲ မမေးရုံတမယ်ပါလား
ဟုတ်တော့လဲဟုတ်ပေသည် မိမိတို့လာရောက်နေထိုင်စဉ်အခါက ယခုလောက်မစည်ကားသေး မြေဈေးအိမ်ဈေးများလဲ ယခုလောက်ဈေးကောင်းမပေးရသေး ခုတော့လူနေစိပ်လာသည့်အတွက်အိမ်ခြံမြေတို့ဈေးထိုးတက်လေပြီ ရပ်ကွက်ထဲလဲ ဝယ်သူရောင်းသူတို့နှင့် လက်ဆင့်ကမ်းကြလေပြီ အမြဲနေမည့်သူများလဲ အိုးအိမ်အဆောက်အဦးများအခိုင်အမာ အပြိုင်အဆိုင်ဆောက်နေကြပြီလေ ဈေးကောင်းရလို့အမြတ်ယူကာရောင်းထုတ်ပြီး မြို့ပြင်ထွက်နေသူများလည်းတွေ့ရလေသည် အချို့လည်းတစ်ခြမ်းရောင်းပြီးကျန်သည့်တစ်ခြမ်းကိုတိုက်တည်လိုက်ကြသည်။အချို့ကတော့ ပြင်ပစီးပွားရေးများတွင် ရင်းနှီးကြလေသည် ။ အချို့လည်းဈေးကောင်းရလို့လက်ရှိဝိုင်းလေးအားရောင်းလိုက်သည် နောက်ဈေးပေါသည့်နေရာရှာဝယ်သည် အဆင်ပြေသူလည်းရှိသည် ဟိုခုန်ဒီကူးနှင့် လက်မဲ့ဖြစ်သွားသူတို့လည်းမနည်းပါ ယုံကြည်ရာလုပ်ရင်းဆုံးရှုံးကြရလေသည် ။မိမိအား မကြာခဏပင်လာရောက်ပြီးရောင်းရန်တိုက်တွန်းသူများရှိသည် တကယ်တော့မိမိသည်ရောက်းရန်စိတ်ကူးမျှပင်မရှိပါချေ။ ပိုလို့သေချာစေရန်အတွက် ဝိုင်းထဲတွင်နေရာလွတ်မျှမကျန်အောင် နှစ်ရှည်ပင်များစိုက်လို့ထားပါလေသည်

10fb8f1a524644a798315f7be4e1ce8c.jpg
ယခုတော့ပေါင်းသင်ရေလောင်းလုပ်ပေးနေရသေးသည် သို့သော် အိမ်ဝိုင်းထဲက စိမ်းစိုနေသောအပင်ငယ်လေးတွေကိုနေ့စဉ်တွေ့မြင်နေရသည်မှာ အမောပြေပါလေသည်။ ဒီရပ်ကွက်လေးကိုမိမိ ချစ်သည် သံယောဇဉ်ရှိသည် ။ အနေကြာလာသည့်အတွက် နေသားကျနေပြီဖြစ်သည့်အတွက် ဈေးကောင်းရသော်လည်းရောင်းချပြီးအခြားနေရာမှာမနေလိုတော့။ဒီရပ်ကွက်လေးမှာနေထိုင်လုပ်ကိုင်ရင်းစီးပွားဖြစ်ထွန်းလာသည့်အတွက် မိမိရဲ့အောင်မြေဟုမှတ်ယူထားလေသည်။
တစ်ခုတော့ရှိလေသည် ဒီရပ်ကွက်ကမီးတော့သိပ်မမှန်ပါ မကြာခဏမီးပျက်တက်ပါသည် ။ မီးပျက်သည့်အခါတိုင်းလည်းမိမိအိမ်မှပွဲတစ်ခုလုပ်သောနေ့ဖြစ်တက်လေသည်။မှတ်မှတ်ရရ မွေးနေ့ပွဲလုပ်တုန်းကတစ်ခါ မီးမရ အိမ်သစ်တက်တုန်းကတစ်ခါမီးမရ ဟိုတနေ့ကအလုပ်နှစ်ပါတ်လည်ညပိုင်းဧည့်ခံပွဲလုပ်တုန်းကလည်းမီးမရ အခြားအခ်ျန်တွေမီးမှန်သော်လည်းမိမိ ပွဲလုပ်သည့်အခါတိုင်းနီးပါးမီးပျက်တက်လေသည်။ကံများကောင်းရန်ယတြာချေရပေဦးမည် ဘုရားတနေရပါသည် မိမိအိမ်တွင်ပွဲလုပ်သည့်နေ့တို့တွင်မီးပျက်တက်သောကြောင့်ဖြစ်ပါသည် ပွဲတစ်ခုလုပ်ဖို့အရေးအတော်ခွန်အားမဲ့ရလေသည် စိုးရိမ်ပူပန်ရလေသည် သို့သော် မီးပေးသည့်သူများကိုလည်းချစ်သည် ဒီရပ်ကွက်လေးကိုလည်းချစ်ပါသည်

image
Author : @bobokyaw
Photos credit; Google Image
MSC-060

Sort:  

နှစ်​ရှည်​ပင်​​တွေက​တော့စိုက်​သင့်​သ​လောက်​စိုက်​ရမှာ​ပေါ့။စိတ်​ချမ်းသာလက်​ချမ်းသာနဲ့ကိုယ်​စိုက်​ချင်​တဲ့အပင်​မျိုးစိုက်​ရရင်​​ကောင်းတာ​ပေါ့အစ်​ကို

ဟုတ်ကဲ့
ကျေးဇူးပါဗျ

Thank you @bobokyaw for making a transfer to me for an upvote of 0.72% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

This post has received a 0.71 % upvote from @boomerang thanks to: @bobokyaw

This post has received gratitude of 1.33 % from @appreciator thanks to: @bobokyaw.

same same situation in north dagon! :D

You're so nice for commenting on this post. For that, I gave you a vote! I just ask for a Follow in return!

ညီမတို့ စာသင်နေတဲ့ရွာလေးမှာ မီးကိုမရသေးပါဘူး အကို ပျက်သော်လည်း မီးရသေးတာတော်ပါသေးတယ် ညီမတို့ဖုန်းအားသွင်းဖို့တောင်အခက်ခဲဖြစ်ရပါတယ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61180.86
ETH 2456.21
USDT 1.00
SBD 2.57