မနိုင်မနင်းတွေဖြစ်

in #steempress5 years ago


https://nextcolony.io/

အာကာသဂိမ်းထဲမှာ ဂြိုလ်တွေ များများပိုင်ဆိုင်တဲ့သူတွေက တော်တော်လေးကို အခွင့်သာတာတွေ့မြင်ရပါတယ် အဓိကတော့ လောလောဆယ်မှာ ယာဉ်ထုတ်လုပ်ရေးတစ်ခုတည်းနဲ့တင် အခြားသူ လိုက်မမှီနိုင်အောင်ဖြစ်စေပါတယ် ဂြိုလ်များရင် များသလို ယာဉ်ပျံတွေ များများ ထုတ်လုပ်နိုင်ပါတယ် တော်တန်ရုံ ငွေသမားကတော့ ဂြိုလ်များသူကို မယှဉ်နိုင်ပါဘူး ဒါတောင် လောလောဆယ် အားသာချက်တစ်ခုသာဖြစ်ပါတယ် နောက်ပိုင်း အကျိုးအမြတ်တွေ ခွဲဝေပးလာတဲ့အခါ ယခုလိုဂြိုလ်များသူတွေအတွက် အခွင့်အရေးက ပိုလာဦးမယ်လို့ ထင်မြင်မိပါတယ် ဒါကြောင့်လည်း ကစားသူတွေက သူ့ထက်ငါ အပြိုင်ြ၈ိုလ်ရှာဖွေမှုပြုလုပ်နေကြတာပါဘဲ

ဂြိုလ်တွေကလည်း ပြောမယ့်သာ ပြောရပါတယ် တော်တော်လေးကို ရှားပါးတာမြင်ရတယ် တစ်နေကုန်လို့မှ တစ်လုံးတောင် မတွေ့တဲ့အဖြစ်တွေသာ ကြည့်ပါ ရှာဖွေရေးယဉ် သုံးလေးငါးဆယ် ပြစ်လွှတ်ပြီး ရှာနေသူတောင် တစ်ရက် တစ်လုံးတွေ့နိုင်ဖို့မလွယ်ပါဘူးတွေ့လည်း မတွေ့ကြပါဘူး အဲ့....... ကံလေးများကောင်းရင် တော့ တစ်ရက်တည်း တစ်ကြိမ်တည်း နှစ်လုံး သုံးလေးငါးလုံးတွေ့နိုင်တာကလည်း ထူးခြားမှုပါဘဲ ဒါကတော့ လာဘ်ကီးနဲ့ ဆိုင်သွားတာပေါ့လေ အဲ့သလို ကံကောင်းမှုမျိုးကလည်း တစ်ရာမှာ တစ်ယောက် တစ်ယောက်မှာ တစ်ကြိမ်တောင် မလွယ်ကူပြန်ပါဘူး ခက်တာမှ သိပ်ကိုခက်တာပါဘဲ အဲ့သလို ခက်ခဲတဲ့ကြားကဘဲ စိတ်ရှည်လက်ရှည်နဲ့ရှာဖွေနေလိုက်ကြတာများ တဖြည်းဖြည်း ချင်း တွေ့ရှိတာလေးတွေစုပြီးနေလာလိုက်တာ အခုဆိုရင် ဂြိုလ် လေးငါးရှစ်ဆယ် ပိုင်ဆိုင်သူတွေ များလာခဲ့ပါပြီ သိပ်မကြာခင် အချိန်တစ်ခုမှတော့ ဂြိုလ်ရာပြည့် ပိုင်ဆိုင်မှုတွေကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်

ဂြိုလ်တွေ အဲ့သလောက်များနေတာ လက်ကောလည်ရဲ့လားလို့ မေးစရာပါဘဲ တကယ်ဆို အဲ့သလောက်လည်း မလွယ်ဘူးဗျ ဒီဂိမ်းက အချိန် အရမ်းပေးရပါပြီကော တိုက်ခိုက်ရေး လုပ်မယ်ဆိုလည်း အချိန်တစ်ခုသွားတယ် ရှာဖွေရေးလုပ်မယ်ဆိုလည်း အချိန်တစ်ခုသွားပြန်တယ် အဆင့်မြှင့်တင်ရေးလုပ်ပြန်တော့လည်း အချိန်တစ်ခုက သွားပြန်ပြီ အားလုံး ဂြိုလ်စေ့လုပ်နိုင်ဖို့တော့ တစ်နေကုန်တောင် လိပ်ပါတ်လည်မယ်မထင်ပါဘူး တကယ်လည်း လိပ်ပါတ်မလည်ရှာကြပါဘူး ဒါလည်း ရှာဖွေတာတွေကို တော်ပြီ ရပ်မယ် ဘယ်သူမှ မပြောကြပါဘူး လိုနေသေးတယ်ဘဲ ဖြစ်နေခဲ့တာပါ ဟုတ်ပါတယ် ဂြိုလ်များများ ရှာဖွေတွေ့ရှီထားဖို့ ပိုင်ဆိုင်ထားဖို့ အထူးလိုအပ်ပါတယ် ကျန်တာတွေ ဘာဖြစ်ဖြစ်ြ၈ိုလ်များများ ရှာဖွေပိုင်ဆိုင်ထားမှုကတော့ အရာရာမှာ အားသာချက်တွေနဲ့ အဆင်ပြေစေမှာဖြစ်ပါတယ်

အမှန်အတိုင်းပြောရရင်တော့ နေ့စဉ်နေ့တိုင်း လက်မလည်နိုင်အောင်ဖြစ်နေရပါတယ် အဲ့သလောက် အချိန်စားတဲ့ဂိမ်း ကြာရင် မလွယ်ဘူးထင်တာပါဘဲ အခုတော့ ရတန်သလောက် ကစားနေမိတယ် သုံးရက်လောက်ကစားမှ တစ်ပါတ်လည်တယ်ဆိုတော့ ကိုယ်ဘဲကစားတာလိုအပ်ချက်တွေရှိနေတာဖြစ်ပါမယ်လေ

@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/08/25/%e1%80%99%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%99%e1%80%94%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%bb%e1%80%96%e1%80%85%e1%80%b9/

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.029
BTC 63642.71
ETH 2605.02
USDT 1.00
SBD 2.81