ဖ၀ါးခြေထပ် ထပ်ချက်မကွာ

in #myanmar7 years ago (edited)

follow-the-leader.jpg

"ရှေ့မှာရန်သူနယ်မြေရောက်ပြီ နိုင်အောင်တိုက်ကြပါ ရဲဘော်တို့....တက်......"
လွတ်လပ်ရေးမရမီ ကာလ တော်လှန်ရေးဇာတ်ကားတစ်ခုရဲ့ ဇတ်ဝင်ခန်းမှအသံဖြစ်ပါသည်။
အသံဟုဆိုရာဝယ် လမ်းထိပ်လဘက်ရည်ဆိုင်အတွင်း မှလာသောအသံဖြစ်လေသည်။
ထိုအသံကိုရုတ်တရက်ကြားမိလေသည်နှင့် မိမိအတွေးစိတ်ကူးထဲတွင် အရုပ်များထင်မြင်လာလေသည်။
ဒီလိုဇာတ်လမ်းတွေကို လူအချို့အတော်ကြိုက်ကြသည်။ဇာတိသွေးဇာတိမာန် တက်ကြွစေသောကြောင့်
လောဟုထင်ပါသည်။ထိုအသံနှင့်အတူ စိတ်အတွေးထဲသို့ ယခင်ကကြည့်ခဲ့ဖူးသည့်တော်လှန်ရေးဇာတ်လမ်း
တစ်ခုအကြောင်းကိုသတိရမိပြန်သည်။သတိရမိသည်ကလည်း အသံနေအသံထားနဲ့ အမိန့်ပေးသည့်ဟန် အနည်းငယ်
တူညီသောကြောင့်ဖြစ်ပေမည်။ဒါပေမယ့် ယခုအသံအတိုင်းတော့မဟုတ်ချေ။သတိရမိသည့်အသံကဒီလိုဖြစ်
သည်။
"ရှေ့မှာ ရန်သူ့နယ်မြေရောက်ပြီ ခုချက်ချင်းဝင်တိုက်မယ် ဒီအချိန်ကအကောင်းဆုံးဘဲ ရဲဘော်တို့ ငါ့နောက်ကလိုက်
ခဲ့ကြပါ" ဟုဖြစ်လေသည်။
အပေါ်ကအမိန့်ပေးသံနှင့်အောက်ကအမိန့်ပေးသံသည် တူသယောင်ရှိသော်လည်း တန်ဖိုးချင်းအတော်ကိုကွဲလွဲသည်
ကိုသတိပြုမိပါလေသည်။မိမိသည်လည်းထိုအသံနှစ်ခုအား စိတ်အာရုံအတွင်းဝယ် ပေါင်းစပ်တွေးတောရင်း
အတွေးများသည်ပျံ့လွင့်လျှက်ရှိလေသည်။
မိမိတို့ရဲ့လမ်းပြဆရာဖြစ်သူသည်လည်း ထိုကဲ့သို့သောအသံမျိုးဖြင့် ညာသံပေးလျှက် ချီတက်စေသည် လုပ်ဆောင်စေ
သည်။နယ်မြေသစ်များကို သိမ်းပိုက်စေသည်။ထိုကဲ့သို့သောအသံဆိုသည်မှာ အဘယ်သို့သော အသံဖြင့်နည်း..........
ယနေ့အချိန်အထိဆရာသည် သူဖောက်သောလမ်းအပေါ်တွင်မိမိတို့အားလျှောက်စေခဲ့သည်။သူ့အတွေ့အကြုံကောင်းများဖြင့်
မိမိတို့ရဲ့နေ့တွေကိုတန်ဆာဆင်ပေးသည်။သူ့အမှားများကဲ့သို့ မိမိတို့ညများ မညစ်နွမ်းရအောင် သတိပေးတက်သည်။
သူဖောက်လုပ်ခဲ့သောသူသွားသည့်လမ်းအတိုင်း သက်သောင့်သက်သာလိုက်ပါစေသည်။ သူသွားရာလမ်းတစ်လျှောက်တွင်
သူဆောက်လုပ်ခဲ့သော ချောင်းကူး မြောင်းကူး ချောက်ကူး တံတားကြီးတံတားငယ်များပေါ်မှ မိမိတို့အား အခမဲ့ဖြတ်သန်းခွင့်
ပေးလေသည်။သူသွားရာလမ်းအတိုင်း အလွယ်တကူလိုက်ပါနိုင်ရန် နည်းနာပေါင်းများစွာလည်း သင်ပြပေးတက်သေးသည်။
မိမိသည် ထိုနည်းများအတွင်းမှ နည်းတစ်ခုနှစ်ခုလောက်သာ ရယူကျင့်သုံးခဲ့သည်။ ထိုသို့ရယူခဲ့သည် နည်းစနစ်အနည်းငယ်
ကပင်လျှင်မိမိအား များစွာအထောက်အကူပြုစေခဲ့ ပြုနေဆဲ ပြုနေဦးမည်ဖြစ်ပါသည်။သူပေးလေသော နည်းနာအားလုံးကို
လိုက်ပါကျင့်သုံးနိုင်မည်ဆိုလျှင်ကား အဘယ်မျှအကျိုးကျေးဇူးဖြစ်ထွန်းလေမည်နည်း။
မိမိတို့အား သူရောက်ဖူးသည့်နေရာကိုသာခေါ်ဆောင်သည် ။သူသွားမည့်နေရာသို့နောက်မှလိုက်ခဲ့ရန်သာခေါ်ဆောင်သည်။
သူသွားမည့်နယ်မြေသစ်အား မိမိတို့ကို အရင်စေလွှတ်ခြင်း တောရှင်းခိုင်းခြင်း တံတားဆောက်ခိုင်းခြင်းများမရှိ နားနေရာ နေရာ
များကြိုတင်လုပ်ဆောင်ထားပေးရန် မခိုင်းစေပါ။ "မင်းတို့ရှေ့ကသွား ငါနောက်ကလိုက်ခဲ့မယ်"ဒီလိုမဟုတ်ပါလေ။
"ငါရှေ့ကသွားမယ်။မင်းတို့ငါ့နောက်ကနေသက်သောင့်သက်သာစည်းကမ်းတကျလိုက်ခဲ့ပါ"ဟု ဖြစ်လေသည်။ထိုသဘောထား
ကပင်လျှင် မိမိရဲ့စိတ်ဘ၀င်အားဆွဲကိုင်လှုပ်စေခဲ့သည့်စိတ်သဘောထားပင်ဖြစ်ပါသည်။
ယခုကဲ့သို့ရေးသားဖော်ပြရခြင်းသည် လာဘော အလာဘော သဘောမျိုးနှင့် လုံးဝမသက်ဆိုင်ပါလေ။အကျိုးလိုပြီးညောင်ရေသွန်းသောယတြာချေခြင်းလည်း
မဟုတ်ပါလေ။မိမိမလုပ်ချင်ဆုံးသော အလုပ်တွေထဲတွင် ထိုသဘောထားမျိုးနှင့်ယတြာချေရသောအလုပ်မျိုးလည်းပါလေသည်။
တစ်ရာ ရာခိုင်နှုန်းကိုယ်တိုင်ရေး ယခုစာစုဖြင့် မိမိလေးစားမိသောလမ်းပြကြယ်ကြီးအားဂါရ၀ပြုပါသည်။
image
Author : @bobokyaw
Photos credit; Google Image
MSC-060

Sort:  

ကိုဟင်​နရီ ကို ရည်​ညွှန်းပြီး ​ရေးထားတာလား အကို

လမ်းပြကြယ်ကြီးပေါ့ဗျာ

This post has received gratitude of 0.78 % from @appreciator thanks to: @bobokyaw.

ကျေးဇူးပါ

You got a 1.10% upvote from @postpromoter courtesy of @bobokyaw! Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks

Sneaky Ninja Attack! You have been defended with a 1.84% vote... I was summoned by @bobokyaw! I have done their bidding and now I will vanish...Whoosh

thanks you

Thank you @bobokyaw for making a transfer to me for an upvote of 1.24% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

thanks

This post has received a 2.21 % upvote from @boomerang thanks to: @bobokyaw

thanks you.

New to Steemit?