စိတ်တော့မရှည်ချင်
အာကာသဂိမ်းက တကယ့်ကို တိုင်ပါတ်တဲ့ ဂိမ်းကောင်းတစ်ခုပါဘဲ ဟုတ်တယ်လေ တော်တန်ရုံ ကစားသမား မျက်စိမလည် ခေါင်းမမူး ကြိုက်တာသာပြောသွား ဘယ့်နှယ်ကွယ် စတင်းနဲ့ပါတ်သက်နေလို့သာ ကစားနေမိတာပါ ဒီလောက် သပွတ်အူကျတဲ့ ဂိမ်းမျိုး ဘယ်လိုဖီလင်ထည့်ကစားရမယ်ဆိုတာ တွေးတောင်မကြည့်ချင်ဘူးရယ် တော်တော်ကိုမလွယ်တဲ့ဂိမ်း ဘယ်လောက်ခက်တယ်ဆိုတာ ကစားဖူးသူတိုင်းသဘောပေါက်ကြပြီပေါ့ အခုထိကစားနေတာ ဒီဂိမ်းက ဘာကို ဦးတည်နေတယ်ဆိုတာကိုတောင် သေချာမသိဘူးရယ် အော် ခက်တော့ခက်နေပါပြီ အဲ့ဒိဘာမှန်းမသိတာကြီးကိုဘဲ မျှော်လင့်ပြီး ကစားနေတာပါဘဲ
ပြောသာပြောရပါတယ် သူ့ဟာသူ သပွတ်အူဘဲကျကျ ဘယ်လောက်ခက်တယ်ပြောပြော ကစားလို့တော့ ကောင်းသားလားဗျာ ဒီဂိမ်းမှာ အကြိုက်ဆုံးအပိုင်း လောလောဆယ်ပြောရရင်တော့ ဂြိုလ်ရှာတွေ့တဲ့အချိန်လေးပါဘဲ အဲ့ဒါကတော့ တော်တော်ကို သဘောကျစရာကောင်းတယ် ကျန်တာတော့ သူ့ဟာနဲ့သူ ကောင်းကြပေမယ့် ကိုယ်တော့ မကြိုက်ဘူးရယ် အခုလည်းကြည့် စတင်းရမယ့် ပုံကလည်း တော်တော်ဂွကျကျနိုင်တဲ့ အလုပ်တွေ လုပ်ရပါဦးမယ် အဲ့သလောက် ခက်နေရင်တော့ သေချာတယ် ဒီဂိမ်းလည်း ရွာ်လည်တော့မှာပါဘဲ သူရွာလည်တာကနော်ကမှ ကိုယ်တွေက နေ့တိုင်းတိုင်ပါတ်နေတာ လေးလလောက်ရှိနေပြီ ကိုယ့်ဟာနဲ့ကိုယ် ဘာတွေလုပ်နေမှန်းကို တစ်ခါတလေ မသိတော့ဘူး
စတီးမစ်မှာ ကစားရအခက်ဆုံးက ဒီဂိမ်းဘဲ ဒီကောင့်ရဲ့ ကောင်းကွက်တွေလည်းရှိပါတယ် အားလုံးမကြိုက်ဘူးတော့မဟုတ်ပါဘူး အလွန်ကောင်းတဲ့အချက်ကတော့ စတီးမစ်မှာ ဂိမ်းကစားရင်း အပ်ဗုတ်တောင်းနိုင်တာ အတော်လေး ဟန်ကျပါတယ် အရင်ကဆိုရင် သိတဲ့အတိုင်း လေးငါးပြားလောက် ရဖို့ လုပ်လိုက်ရတာ မျက်ကလူးဆန်ပြာ လျှာ လက်လေးသစ်လောက်ထွက်မှ ၀မ်းစတင်းလောက်ရတာပါ အခုတော့ ဂိမ်းလေးကစားလိုက် အကျိုးအမြတ်လေးယူလိုက် ဒီကြားထဲ နေ့တိုင်းရတဲ့ အပ်ဗုတ်လေး ရိုးရာမပျက် ပြေးတောင်းလိုက် သူ့ဟာနဲ့သူက အကိုက်ရယ် တကယ်လို့သာ ဒီလိုဂိမ်းတွေ ပေါ်မလာခဲ့ပါဘူးဆိုရင် အင်း........... ကိုယ်တွေတော့ ခုချိန် ဘယ်နားရောက်နေမယ်မသိတော့ဘူး စတီးမစ်မှာ ရှိမနေလောက်တော့ဘူးထင်တာဘဲ
စတင်းဈေးကလည်း မျှော်လင့်ထားတဲ့ နေရာရောက်တော့မယ်ထင်ပါတယ် ငါးပြားလောက် ရောက်လာရင်တော့ တော်ပြီ ဘေ့ဘုတ်ကိုဘဲ ပြန်သုံးတော့မယ် စတီးမစ်လုပ်ရတာ အဲ့သလောက်ဆိုတော်ရောပေါ့ ဘယ့်နှယ်ကွယ် ကိုယ်တွေ လုပ်ခါမှဘဲ စတင်းဈေးက ယမမင်းဆီး အလည်သွားတဲ့အခိုက်နဲ့ကြုံရပါတယ်လို့ အဲ့သလောက် အကျိုးပေးကောင်း တော်ပြီလေနော............
Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/09/29/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%82%94%e1%80%99%e1%80%9b%e1%80%bd%e1%80%8a%e1%80%b9%e1%80%81%e1%80%ba%e1%80%84%e1%80%b9/

ဝုတ် ဒေ ပြော သာ ပြော 😁😁