Road of Rich [ROR] ကစားကြည့်ပါမယ်

in #roadofrich6 years ago

VJBdND5.jpg
ROR Website: https://rorsteem.com
ဒီနေ့တော့ ROR ဂိမ်းလေးကို စတင်း ကစားကြည့်ဖြစ်ပါတယ် ဂိမ်းရဲ့ တည်ဆောက်ပုံကိုလေ့လာကြည့်ဖြစ်သလောက်ကတော့ စိတ်ဝင်စားစရာကောင်းပါတယ် အမြင်လည်းဆန်းသလို လုပ်ဆောင်ရမယ့် အပိုင်းတွေကလည်း အသက်ဝင်လှပါတယ် တစ်ဆင့်ခြင်းသွားရမယ့်အခြေအနေဖြစ်လို့ အလောသုံးဆယ်မလုပ်မိဖို့တော့ လိုအပ်မယ်ထင်ပါတယ် ရှေ့က ဂိမ်းတွေမှာ လုပ်ခဲ့ဖူးသော အမှားအယွင်းတွေကို သတိရမိတော့ တစ်ခုခုဆို ဆုံးဖြတ်ချက် မြန်မြန်ချပြီး အလောသုံးဆယ်လုပ်တက်တာကို မနည်းသတိထားလုပ်ဆောင်မှ တော်ကာကျပါလိမ့်မယ် မဟုတ်ရင်တော့ စတင်းတွေ ကုန်သွားနိုင်လို့ပါဘဲ ကုန်စရာ စတင်းကလည်း သိပ်မကျန်တော့ပါဘူး အစပိုင်းတော့ စတင်းရမယ်ဆိုလို့ ကစားတာပါဘဲ နောက်ပိုင်း စတင်းတွေ ကုန်သွားတာတော့ သိပ်နည်းလမ်း မကျဘူးပေါ့ လုပ်တာတော့ ရမလားလို့လုပ်တာပါဘဲ မရတော့လဲ ဘယ်တက်နိုင်မည်လဲ

အမှန်က ဒီဂိမ်းကစားဖို့ အချိန်သိပ်မလောက်ပါဘူး အာကာသဂိမ်းမှာ အချိန်တွေ ပေးထားရတာပါ ဒါပေမယ့် မြန်မြန်နဲ့ မှန်မှန် အကျိုးအမြတ်ပေးမယ့် ဂိမ်းဆိုရင်တော့ ဦးစားပေးကစားဖြစ်မှာပါ ခုလောလောဆယ်တော့ ပို့စ်တင်ပြီး အပ်ဗုတ်ပေးတာ လုပ်ပေးထားတာတွေ့ရလို့ မဆိုးဘူးပြောရမှာပါဘဲ ရင်းနှီးမှုတော့ အနည်းအကျဥ်း စတင်ရမှာပါ ဂိမ်းဆိုတာကလည်း ရိုးရိုးကစားလို့က မရဘူးမဟုတ်လား အပျော်သဘောကစားမယ်ဆိုရင်တော့ ပြသနာမဟုတ်ပေမယ့် အတိုင်းအတာတစ်ခုထိ ထိုးဖေါက်ကစားမယ်ဆို၇င်တော့ အရင်းအနှီးက လိုအပ်မှာပါဘဲ ဘယ်လောက် ရင်းရမလဲဆိုတာတော့ လောလောဆယ် မသိသေးပါဘူး အခုထိကို ဂိမ်းထဲ ကောင်းကောင်းဝင်လို့မရသေးဘူး ဂိမ်းက အစပိုင်းဖြစ်လို့လားတော့မသိဘူး တော်တော်လေးကို လေးပါတယ် ဒီထက်မြန်ဆန်လာရင်တော့ ပိုကောင်းမှာပါ ဒီနေ့တော့ ဒီကောင်လေးကို စမ်းကြည့်နေပါတယ်

myanmar player တွေကိုလည်း တွေ့ရပါတယ် စတီးမစ်ပေါ်က ဂိမ်းတွေမှာတော့ မြန်မာတွေရဲ့ ပါဝင်ပါတ်သက်မှုက အခြေအနေတစ်ခုထိ ရှိလို့နေပါတယ် ကစားအားလည်း ကောင်းကြတာ တွေ့ရပါတယ် အခြားနေရာတွေတော့ မသိပေမယ့် ဂိမ်းတွေမှာတော့ မြန်မာတွေအတွက် နေရာတစ်ခု ရအောင် ဖန်တီးနိုင်ကြတာတွေ့ရပါတယ် ဒီထက် တိုးတက်အောင် ရှေ့ရောက်အောင် လုပ်နိုင်သေးတာလည်း မြင်ရပါတယ် များမကြာခင်တော့ ဒီဂိမ်းကို သေချာလေး ကစားဖြစ်မှာပါ အခုတော့ အစမ်းသဘောလောက် ကစားနေပါတယ်
@bobokyaw