ရာပြည့်အိပ်မက်
အာကာသဂိမ်းမှာ ဂြိုလ်ရာပြည့်သခင်တွေကတော့ တဖြည်းဖြည်း များလာနေပါပြီ အချို့ကလည်း စတင်းတွေ ရေလိုသုံးပြီး ၀ယ်စုကြပါတယ် အချို့ကတော့ ၀ိရိယအားစိုက်ပြီး ကြိုးစားရှာဖွေကြပါတယ် ဂြိုလ်များများပိုင်ရင် အကျိုးအမြတ်များများရမယ်ထင်ပါတယ် ဒါကြောင့်လည်း ဂြိုလ်တွေကို အသည်းအသန်ရှာနေကြတာပါဘဲ ဂြိုလ်တစ်ရာပြည့်ပြီးသွားတဲ့သူတွေက ရှာဖွေမှုတွေ ရပ်တန့်ပြီလားလို့ လေ့လာကြည့်မိပါတယ် အား...... ဘယ်ကလာ ရပ်တန့်ရမည်နည်း အရင်ထက် ပိုလို့တောင် ဂြိုလ်ရှာဖွေမှုတွေကို တွန်းထိုး လုပ်ဆောင်နေကြတာပါလား ဒါဆိုရင်တော့ နောက်မကြာခင်မှာ ဂြိုလ်နှစ်ရာပြည့်တွေ ဘာတွေ မြင်တွေ့လာရဖွယ် ရှိနေပါတယ် သူတို့ရှာနေကြတာက မရပ်မနားဆိုတော့ ကိုယ်တွေအတွက်တောင် ရှာဖွေစရာ နယ်မြေကျန်နေပါဦးမည်လား
မပူပါနဲ့ အဲ့ဒီအတွက် မပူပါဘဲ အချိန်တွေသာ အားနေပါစေ ဂြိုလ်တွေကတော့ ရှာဖွေလေ တွေ့ရှိလေပါဘဲ ဘယ်တော့မှ ကုန်ဆုံးနိုင်ဖွယ်မရှိပါဘူး ယခုမြင်တွေ့ရတဲ့ အာကာသ အ၀န်းအ၀ိုင်းလေးထဲမှာကိုဘဲ ရှာဖွေစရာနယ်မြေ များစွာ ကျန်နေပါသေးတယ် များမကြာခင်မှာလည်း နောက်ထပ် ဘေ့တစ်ခု ထပ်ချဲ့လာဦးမယ်ဆိုလား........ ဟာ......... ဒီတစ်ခုနဲ့တောင် အချိန်မလောက်တာ နောက်စာမျက်နှာတစ်ခု လှန်ရဦးမယ်ဆိုရင်တော့ သေတော့မှာပါဘဲ
အင်း မအားလို့ မရှာနိုင်လည်း အနားသာယူပါ ရှာနိုင်သူတွေကတော့ ဆက်တိုက်ကိုရှာနေကြတာပါ တစ်ရက်တစ်ရက် ဂြိုလ်အသစ်ကျလာမှုက ငါးဆယ်နဲ့ တစ်ရာကြားမှာရှိပါတယ် ကိုယ်တွေနာမည်နဲ့သာ ကျမလာချင်နေမယ် အများတကာ နာမည်မျိုးစုံနဲ့ကတော့ တဒင်ဒင်ကို ကျနေတာပါဘဲ ရှာလည်း ရှာနိုင်ကြပါပေသည် ဟုတ်ပြီ....... သူတို့တောင် ရှာနိုင်ကြတာ ကိုယ်တွေလည်း ရှာနိုင်အောင် အားစိုက်ရမယ်မဟုတ်ဘူးလား.......
အကျိုးအမြတ်ကမလာသေးတော့ အားတော့ စိုက်ချင်ပါတယ် အားကမပြည့်ပါဘူး စိတ်ပါတဲ့နေ့ တွန်းရှာလိုက် စိတ်မပါတဲ့နေ့ ဖွင့်တောင် မကြည့်ဖြစ်တော့ဘူး ကစားရတာက ဆားမပါတဲ့ဟင်းချို အငတ်ပြေသောက်နေရသလိုဘဲ အရသာမရှိလဲ ကြိတ်မှိတ် မြိုချနေရတယ်လေ တကယ်ဆို ဆေးဝါးဂိမ်းပေးသလို တစ်ရက်နည်းနည်း ပေးပါတော့လား ဒီလိုလည်းမဟုတ် လုံးဝ မပေးဘဲ သူ့အိပ်ထဲချည့် ခပ်တည်တည် မျက်နှာသေကြီးနဲ့ ပြစ်ထည့်နေတာ နည်းနည်းတော့ လွန်ပြီထင်တာဘဲ (တကယ်က တော်တော်လွန်နေပါပြီ)
ကိုယ်တွေသာ ဆုပ်လည်းဆူး စားလည်းရူး ဘာမှမလုပ်လဲ ရှုံးမှာဆိုတော့ ဟန်မပျက် မျှောလိုက်နေရတာရယ် အာရုံပါလွန်းလို့များ ကစားနေတယ်မထင်လိုက်နဲ့ စတီးမစ်ကို အဆက်ဖြတ်မလို့ဟာ ဒီကောင်က လည်တယ်တယ်နဲ့ အမျှင်တန်းနေလို့ရယ်ပါ
Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/09/20/%e1%80%9b%e1%80%ac%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%82%94%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%99%e1%80%80%e1%80%b9/