ရှင်သန်ရာဘ၀များ (၄)

in #myanmar7 years ago (edited)

poor_life_by_nyiminsan.jpg

ညနေခင်းနေစောင်းပြီဆိုလျှင်တော့ဖြင့် သူတို့တွေ တစတစနဲ့  ပြန်ရောက်လို့လာကြပါပြီ။
သူတို့မနက်ကယူဆောင်လွယ်သိုင်းသွားသော အိတ်ကြီးအိတ်ငယ်အသွယ်သွယ်တို့မှာတော့ ဖောင်းကားတင်းလို့နေပါသည်။
တဖြည်းဖြည်းနှင့်လူစုံလာပြီမလို့ အသံဗလံများလည်း စတင်ဆူညံလို့လာပြီဖြစ်သည်။ ဆောင်းဘောက်ကြီးငယ်တို့ဖြင့်
ဖွင့်သောသီချင်းသံများ ကလေးဆူသံ ဆော့သံအော်ဟစ်ပြေးလွှားသံများ။ အချို့ကလေးငယ်များ၏ ငိုသံရယ်သံများ
နှုတ်သီးကောင်းလျှာပါး ကလေးအမေအချို့ရဲ့ မြည်တွန်တောက်တီးဆဲဆိုသံများနှင့် သောသောညံလို့ရှိချေသည်။
တဲလေးတွေအတွင်းမှ မီးခိုးအူလျှက် ထွက်နေသောမြင်ကွင်းကိုကြည့်ရသည်မှာ စက်ရုံတန်းရှည်တစ်ခုကိုအဝေးမှ
လှမ်းမြင်ရဘိသကဲ့သို့ရှိလေသည်။ သူတို့တွေ ညစာအတွက် စတင်ချက်ပြုတ်နေကြတာဖြစ်ပေလိမ့်မည်။

Poverty-in-India.jpg

ညပိုင်းကိုးနာရီလောက်ရောက်သောအခါ တဲလေးတွေမှာ မီးရောင်များမရှိတော့ သူတို့ရဲ့တစ်နေ့တာ လှုပ်ရှားရုန်းကန်
ရမှုများအတွက် အနားယူအိပ်စက်ကြပေလိမ့်မည်။မနက်ဖန်အတွက် အားအင်ယူကြပေတော့မည်။ သူတို့တွေသည် အများ
နည်းတူဘ၀တွေကို ရေးခြစ်ပုံဖော်ထုဆစ်နေခြင်းပင်ဖြစ်သည်။ သူတို့အသိုင်းအ၀န်းလေးမှာသူတို့ပျော်ကြသည်။
ဘ၀တူလူတန်းစားများ စုစည်းနေထိုင်ကြသည်။ အရေးအကြောင်းတစ်စုံတစ်ရာရှိလျှင် ဒီပါတ်ဝန်းကျင်းအသိုင်းအ၀ိုင်းလေး
ကိုသာ အားကိုးအားထားပြုကြရသည်။ စာနာနားလည်ပေးခြင်း ဖေးမခြင်းများသည် ဒီအသိုင်းအ၀န်းလေးအတွင်းကပင်
လာသည်။ မြို့အတွင်းက လူသူတွေကြားမှာ သူတို့ဝင်ထွက်သွားလာ ရှာဖွေလို့ရသည် သို့သော် အချိန်ပိုင်းသာဖြစ်သည် ။
လူအများနှင့်မတူညီသည့် ဘ၀ရပ်တည်ချက်များအတွက် လူဘောင်လူ့သဘောများက ကန့်သက်လို့ထားသည်။
ဒါတွေအတွက်သူတို့ မကျေမနပ်မဖြစ်ပါ။ သူတို့အ၀န်းအ၀ိုင်းကကမ္ဘာလေးကိုသာ သူတို့နှစ်သက်ပျော်မွေ့ကြလေသည်။

los-algodones-villa.jpg

အများနှင့်မတူလို့ ခုလိုမြို့ပြင် တောချုံကြားမှာ မှတ်ခြင်ယင်တို့ကိုအံတုကာ ယာယီတဲတန်းလေးဖြင့် အထီးကျန်
နေထိုင်ကြရသော်လည်း လူဟာလူပဲမို့ လူအကျင့်တော့ကျင့်ကြမည်ဖြစ်သည်။ အများလိုပင် စားဝတ်နေရေးအတွက်
အလုပ်လုပ်ပါသည်။ အများလိုပင် အခြေခံကျသော လူ့သဘာဝ ရှင်သန်နေထိုင်မှုများဖြင့် ရပ်တည်ပါသည်။
အများလိုပင် ၀မ်းနည်းခြင်း ၀မ်းသာခြင်း ပျော်ရွှင်ခြင်း ငိုကြွေးခြင်း တို့ဖြင့် ဘ၀နေ့ရက်တွေကို ခံစားလှည့်ပါတ်နေပါသည်။
နိမ့်ကျသောအလုပ်လုပ်ခြင်းဟု အများကသတ်မှတ်ထားသည့်ဒီအလုပ်ကိုလုပ်လို့ လူ့ဘောင်အသိုင်း အ၀န်းကဖယ်ကျဉ်ခြင်း
ခံကြရသော်လည်း သူတို့သည် အများနည်းတူပင် ရိုးရာဓလေ့ ဘာသာအယူအဆများအား လက်ခံကျင့်သုံးကြသည်ကို အနည်း
ငယ်ပြောပြလိုသေးသည်။

dfdsfdsfs.jpg

သူတို့မှာလည်း လူကြီးသူမ ဆရာသမား အဆုံးအမ လိုက်နာကျင်သုံးရမည့် စည်းကမ်းကာလနားများရှိသည်ဟု ယုံကြည်ပါသည်။
ခုလိုသီတင်းကျွတ်ပြီဆိုလျှင် သူတို့အသိုင်းအ၀န်းလေးအတွင်းမှာလည်း လူမှုရေးကိတ်စများ ရှိသည်ကိုမြင်တွေ့ရပါသည်။
မင်္ဂလာဆောင်ခြင်းလို လူမှုရေးကိစ္စများကိုဖြစ်သလိုမလုပ်သည့်အပြင် သူတို့အတွက်အလွန်ခမ်းနားကြီးကျယ်သည်ဟု
ယူဆနိုင်သည့်အပြင်အဆင်များနှင့် ဆောင်ရွက်ကြသေးသည်။ရှင်ပြုခြင်း နားသခြင်းတို့လည်း မလွတ်ပါ သူတို့လုပ်ကြပါသည်။
သူတို့သည် အလှူအတန်းများကိုအများနည်းတူပင် လုပ်ကြပါသည်။

1.jpg

သာရေးနာရေး ကိစ္စများတွင် ဘုန်းကြီးများအားပင့်လျှက် လှူတန်းရေစက်ချကြသည်။ ဘုန်းကြီးပင့်တာမှ
တစ်ပါးနှစ်ပါးတည်းမဟုတ် ဘုန်းကြီးသံဃာများစွာပင့်လျှက် လှူကြတန်းကြသည်မှာ မယုံနိုင်စရာမြင်ကွင်းမျိုးပင်ဖြစ်သည်။
ထိုကဲ့သို့အလှူအတန်းနေ့များမှာတော့ သူ့တို့ဝတ်စားဆင်ယင်ပုံကား လုံးဝခြားနားသွားပြီဖြစ်သည်။
အလုပ်ခွင်ဝင်တုန်းကလို ပေစုပ်စုပ်ခပ်နုတ်နုတ်များမဟုတ်ကြတော့ အများသူငါလိုပင် ၀တ်ကောင်းစားလှများနှင့်ဖြစ်သည်။
အချို့သောသူများဆိုလျှင် ရွှေငွေလက်ဝတ်တန်စာများပင်ဆင်မြန်းကြသည်မှာ သူတို့မှဟုတ်ပါလေစဟု သံသယ၀င်မိသည်ထိ
ဖြစ်လေသည်။ အလှူပွဲများအတွင်း ကလေးများပျော်ရွှင်ကြစေရန် ပိုက်ဆံကြဲခြင်းကဲ့သို့သော ပျော်စရာများလည်းလုပ်
လေ့ရှိပြန်သည်။သူတို့ပြုလုပ်သော အရေးကိတ
စ္စကြီးငယ်များကို ၀ိုင်းဝန်းကြသူများမှာ သူတို့သာလျှင်ဖြစ်လေသည်။
အပြင်အပမှ လာရောက်လည်ပါတ်သူပင်မရှိသမို့ ဒီလိုအကြောင်းအရာများရှိလေသည်ကို သိသူအတော်ပင်ရှားခြင်းဖြစ်နိုင်သည်။

family-cartoon-696x348.png

သူတို့သည် လူထဲမှလူသားများသာဖြစ်သည့်အတွက် မည်မျှပင် အောက်ကျနောက်ကျနိုင်သည်ဟုဆိုသော်ငြားလည်း
ကျွန်တော်တို့လိုပင် ဘ၀တာဝန်ကိုယ်စီ စိတ်ကူးယဉ်အိပ်မက်ကိုယ်စီ ရည်မှန်းချက်ကိုယ်စီနှင့် ရရှိထားတဲ့ဘ၀လေး
ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဘ၀တိုက်ပွဲဆက်လို့ဆင်နွှဲနေကြဦးမည်သာဖြစ်သည်။
ညသည်နက်လို့လာချေပြီ။သူတို့တဲများရှိရာအရပ်သည် သစ်ပင်သစ်ခက်များနှင့်အတူအမှောင်ထုကဖုံးအုပ်ထားလျှက်ရှိသည်။
သူတို့တွေအိပ်စက်လို့နေကြပြီဖြစ်သည်။ မအိပ်နိုင်သေးသော မိမိသည်သာလျှင် ပို့စ်တစ်ခုရရှိရေးအတွက် သူတို့အကြောင်းကို
အတွေးနက်လျှက်ရှိလေသည်။

@bobokyaw
photo : google image

Sort:  

အိပ်ပါတော့ဗျာ နောက်နေ့ဆက်ရေး

ရဘူးဗျ ညပိုင်းလေးပဲအားပြုရေးရတာ
ကျေးဇူးပါဗျ

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond

အေးအေး

ကြိုက်တယ်ဗျ

ဘဝဆိုတာ ဒီလိုပါပဲ

thanks

အော် သံဝေဂ တရားတွေပေါ့။

thanks konyi

ဘဝသံသရာ

thanks ko tinmyoaung.

Different people have different lifestyles.

ဘ၀ဆိုတာဒီလိုပါပဲ နိမ့်တုံတခါ မြင့်တုံတလှည့်

ဘဝဆိုတာဒီလိုပါပဲဗျာ

ဘဝသံသရာ

ဟုတ်ကဲ့ဗျ

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 62864.56
ETH 2538.87
USDT 1.00
SBD 2.93