ယင်ကောင်တို့ရဲ့ရှင်သန်စားသောက်ပုံများ

in #myanmar7 years ago

1-fly-treatment.jpg
ယင်ကောင်တို့သည် လည်ပင်းအင်မတန်သေးငယ်လှပါသည်။ထိုပိန်သေးသေးလည်တံမှ ထိုးထွက်နေသောသူတို့ရဲ့
ဦးခေါင်းတို့သည် စက်ဝိုင်းပုံတစ်ပတ်ပြည့်အောင်လှည့်ပတ်လှုပ်ရှားနိုင်ပါလေသည်။စနစ်တကျဖြင့်အနုစိတ်ကာကြည့်ပါဦး
မည်လား ဟုတ်ကဲ့ကြည့်ကြပါသည်။ တော်တန်ယုံအသည်းငယ်သူများ ထိတ်လန့်အော်ဟစ်ကြပေလိမ့်မည်ဖြစ်ပါသည်
ခရမ်းညိုရောင်ရှိသော ပဲ့စေပုံစံမျက်လုံးကြီးနှစ်လုံးမှာ ပြူးကြယ်လို့ထွက်နေပါသည်။မျက်လုံးတစ်ဖက်စီတွင် အနား
ခြောက်ဖက်တောင်ပါသည့်မှန်ဘီလူးပေါင်း4000ကျော်ပါရှိပါသည်။ထိုမှန်ဘီလူးများမှာသီးခြားစီလှုပ်ရှားလုပ်ကိုင်ကြ
သည်ဟုဆိုပါသည်။သူ့တာဝန်နှင့်သူဖြစ်လေသည်။ထို့ကြောင့်ယင်တစ်ကောင်သည် ကြည့်မြင်ရမှုအပိုင်းတွင် ပုံရိပ်မပြတ်
သားသောအပိုင်းအစတို့ထောင်ပေါင်းများစွာအဖြစ်မြင်လွှာပေါ်သို့ ကူးပြောင်းရောက်ရှိသွားကြလေသည်။ယင်ကောင်တစ်
ကောင်ရဲ့ မျက်ဝန်းထဲတွင် ရှင်းလင်းစွာ အရိပ်ထင်သောအရာများမှာ အလင်းရောင် အမှောင်ထုနှင့်လှုပ်ရှားသွားလာ
မှုတို့သာဖြစ်ကြလေသည်။တိကျပြတ်သားသောပုံရိပ်အစစ်အမှန်တို့ကိုသူတို့မရရှိနိုင်ကြပါဘူး။
20496275_10213700214329998_458176541_n.jpg
ယင်ကောင်ရဲ့မျက်လုံးများအနီးတွင် တိုပြီးတုတ်ခိုင်သော အာရုံခံကလာပ်စည်းများနှင့် ဖွဲ့စည်းထားပါသည်။အမျှင်လေးနှစ်ခု
ပါရှိပါသည်။ထိုအမျှင်လေးနှစ်ချောင်းသည် ပတ်ဝန်းကျင်လေထုထဲတွင် လှုပ်ရှားနေသော အရာမှန်သမျှကို ခံစားသိရှိနိုင်သည့်
အာရုံခံကိရိယာလေးဖြစ်ပါသည်။ယင်တစ်ကောင်ရဲ့အနီးသို့ ရန်သူများ ရန်ပြုမည့်သူများ အနှောက်အယှက်ပေးမည့်အရာများ
ချဉ်းကပ်လာသောအခါတွင် ထိုအမျှင်ကလေးနှစ်ချောင်းက ကြိုတင်သတိပေးလေ့ရှိပါသည်။ထိုအမျှင်နှစ်ချောင်းသည် အသား
ငါး အပုပ်များနှင့် အမှိုက်များကိုလည်း အနံ့ခံနိုင်ပါသေးသည်။ထို့ကြောင့် သူ့ရဲ့အစာရှိရာလမ်းကြောင်းကို အလွယ်တကူသွား
ရောက်နိုင်ခြင်းဖြစ်ပါလိမ့်မည်။ယင်ကောင်တို့သည် လေထဲတွင်ပျံသည့်အခါတွင် လေစီးကြောင်းအတိုင်း မျောပါပြီးပျံသန်းခြင်း
မပြုကြပါဘူး လေဆန်ကိုသာအမြဲတိုးဝင်ဖြတ်ကျော်ပျံသန်းကြပါသည်။ ထို့ကြောင့်လေထုထဲတွင်ပျံ့နှံ့နေသော အနံ့များအားလုံး
ကို အလွယ်တကူခံစားသိရှိနိုင်ပါသည်။ ပျံသန်းနေရင်းနှင့် မျက်လုံးအနီးပါသော အမျှင်တိုလေးနှစ်ချောင်းကို ရှေ့သို့ ဆန့်ထုတ်
ထားလေ့ရှိပါသည်။ဦးခေါင်းရဲ့အရင်းပိုင်းတွင် နှာမောင်းနှင့်တွဲဆက်ထားသော ယင်ကောင်၏ ပါးစပ်ရှိပါသည်။

ယင်ကောင်း၏နှာမောင်းသည် ထူးခြားလှပါသည်။ထိုနှာမောင်းသည် သူ့ရဲ့ဦးခေါင်းလောက်အရှည်ရှိပါသည်။စပလိမ်လိုကျုံ့နိုင်
သွင်းနိုင်သောအရှင်ကိရိယာလေးဖြစ်သည်။အဖျားထိပ်တွင် ကတော့ပုံစံရှိပါသည်။ထိုနှာမောင်းတွင် အစားအစာအစအနများ
ကို ခြစ်ယူစားသုံးရန်အတွက် သွားငယ်လေးများလည်းပါရှိပါသည်။
ယင်ကောင်တွင်ခြေထောက်ခြောက်ချောင်းရှိပါသည် ထိုခြေထောက်လေးများသည် လမ်းလျှောက်ရန်အတွက်သာမက အစား
အစာများကို မြည်းစမ်းကြည့်ရန်အတွက် အသုံးပြုပါသေးသည်။ အရသာထူးခြားသော အရသာထူးကဲကောင်းမွန်သောအစား
အစာပေါ်တွင် ခြေထောက်တစ်ချောင်းချမိပြီဆိုသည်နှင့်ချက်ချင်းရပ်တန့်လိုက်ပြီးတော့ နှာမောင်းကိုထိုအစာအပေါ်ချကာစ
ပြီးစမ်းသပ်လေ့ရှိကြပါသည်။ယင်ကောင်များသည် တွေ့လေရာအားလုံးကိုစားသောက်လေ့ရှိပါသည်။အစာတော့မရွေးကြပါ။
အမှီုက်သရိုက်များနှင့်အညစ်အကြေးများသည်သူတို့အတွက် နှစ်သက်စရာအစားအစာများဖြစ်ကြလေသည်။
Screen-Shot-2016-01-03-at-11.09.19-PM1-762x420.png
ယင်ကောင်တွေအတွက်လိုအပ်သောအရာမှာ ပရိုတိန်းဓာတ်နှင့် သကြားဓာတ်တို့ဖြစ်ပါသည်။ သို့သော်ယင်ကောင်တို့သည်
သကြားဓာတ်ကိုပိုမိုနှစ်သက်ကြပါသည်။ယင်အမများသည်သူ့အသက်ခြောက်ရက်မှခုနှစ်ရက်ခန့်အထိတော့ပရိုတိန်းဓာတ်
ပါသောအစားအစာများကိုရွေးချယ်စားသောက်ပါသည်။သူ့ရဲ့ဥများအတွက်ပရိုတိန်းဓာတ်သည်အလွန်လိုအပ်သောအရာဖြစ်
ပါသည်။အခြေခံလိုအပ်ချက်ကတော့အရည်ဒါမှမဟုတ် အရည်ပျော်နိုင်သောအစားအစာဖြစ်ရန်သာဖြစ်လေသည်။သကြားခဲ
များ သကြားပွင့်များ သကြားရည်များ ကြေညက်နေသောအာလူး အမဲဆီ စသဖြင့် သူတို့အတွက်မာကျောသည့်မျက်နှာပြင်
များကိုရှာဖွေတွေ့ရှိသောအခါတို့တွင်ယင်ကောင်တို့သည် ထိုအစားအသောက်ပေါ်တွင် သူ့ရဲ့တံတွေးဖြင့်အရင်ဦးစွာထွေး
ပါလေတော့သည်။သူ့တံတွေးနှင့်ထိသောအစားအစာသည်ချက်ချင်းပင်အရည်ပျော်သွားစေပါသည်။ထို့နောက်တွင် သူ့ရဲ့
လေစုတ်ကိရိယာနှင့်တူသော ကတော့ပါသည့် နှာမောင်းကြီးဖြင့်အရည်ပျော်သွားသော အရာများကို ဖြည်းညင်းစွာပင်
အရသာခံပြီး စတင်စားသောက်ပါသည်။စုပ်ယူပါတော့သည်။

@bobokyaw
MSC-060
photo : google image

Sort:  

@alchemage has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

            To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
            To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
            To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

great post!

ဟုတ်ကဲ့ဗျ

I like this post

ဟုတ်အစ်ကို ကျေးဇူးတင်ပါတယ်

ဗဟုသုတရပါတယ် ကျေးဇူးတင်ပါတယ်ဗျ

ဟုတ်ကဲ့ ကျေးဇူးပါ

ကျေးဇူးပါ

ယင်​​ကောင်​​အ​ကြောင်းသိရလို.​ကျေးဇူးပါ

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်

ကျေးဇူးပါဗျ

thanks for sharing

Thanks you bro

ကိုယဉ်ကောင်😁
စတာနော်

ယင်ကောင်မှာ မျက်လုံးပေါင်းများစွာပါတယ်လို့စာတွေမှာဖတ်ဖူးတယ်ဗျ စိတ်ဝင်စားစရာကောင်းပါတယ်ဗျာ

ဟုတ်တယ်ကိုစိုး
မျက်လုံးတစ်ဖက်ကိုမှန်ဘီလူးမျက်လုံးလေးထောင်ကျော်တောင်ရှိတယ်လို့ပြောထားပါသည်။

Coin Marketplace

STEEM 0.20
TRX 0.16
JST 0.030
BTC 65857.46
ETH 2663.96
USDT 1.00
SBD 2.87