Life life life
Etn coin ico မဖွင့်ခင်တုန်းက coin trade ကို
ဘာမှန်းမသိသေး။ invest , hyip , hourly တွေနဲ့ တိုင်တွေကိုပတ်လို့  ထည့်လိုက်ကုန်လိုက်
ရလိုက်ပြန်ရင်းလိုက် ဖုန်းဘေလ်ကလွဲလို ဘာမှ
မရခဲ့ ။
Trade လောက ရောက်မှ ငွေပေါ်လာတယ် ။
Etn ကလည်း ထင်ထာထက်အမြတ်ရတော့
Coin Trade တာကို အတော်စိတ်ဝင်စားသွား
ခဲ့မိတယ်ဆိုရမယ်။ တခြားအဆင်ပြေရာ coin
လေးတွေဝယ် ပြန်ရောင်းနဲ့  အမြတ်အစွန်းက
ပိုက်မိလာတယ်။
အရင်းတွေကိုအကုန်ထုတ် ရတဲ့အမြတ်နဲ့ အပိုင်ပဲကွာဆိုပြီး coin တွေဝယ်လိုက်တာ ။
သိပ်မကြာပါဘူး နှစ်ကူးအပြီး coin ဈေးတွေက
မျှော်မှန်းထားသလို တက်မလာပဲ အဝီစိနဲ့မိတ်ဖွဲ့ 
လိုက်တော့ ငါးပါးကိုမှောက်တော့တာပဲ ။
အမြဲတမ်းထုတ်ရနေတဲ့ဆိုက်တွေကလည်းမရတော့ ။ တကယ်ကို စိတ်ပျက်စရာ 2018 လို့
ပဲကြွေးကြော်ချင်တော့တယ်။
နှစ်စဉ်နှစ်တိုင်းနယူးရီးယားရောက်ရင် ယမကာ
လေးနဲ့အပေါင်းအဖော်စုံပြီးကြိုဆိုနေကျ ဒီနှစ်
ကျမှ မကြိုဆိုဖြစ်လိုက်လို့လားမသိဘူး။ နှစ်ကူးအပြီးမှာ ဘဝပျက်တော့တာပဲ။
တခြားလုပ်ငန်းတွေလည်း တခုမှ အဆင်မပြေ
ပုံမှန်ရနေကျဆိုက်တွေကလည်း တခုမှ မရတော့
အပြင်လုပ်ငန်းတွေက အကုန်ကတိတွေပျက်ခဲ့ရ
တကယ့်ကို ဖွတ်ကျားနှစ်တစ်နှစ်ပါပဲ ။
Steemit ဆိုလို့ အကောင့်လေးဖွင့်ပြီးစာရေးပြန်တော့ ဘယ်သူမှလည်း လာ မ vote
တော့ ဘယ်ကငွေရမှာလည်း။ esteem က
ပေးတယ်ဆိုလို့  တင်ပြန်တော့ good-karma
ကလည်း တခါမှလည်း လာမ vote ဘာကြောင့်လည်းတော့မသိ။ လူတွေက ငွေနဲ့ပတ်သက်ရင်
ဂုဏ်သိက္ခာပါလာတယ် ။ မျက်နှာလိုက်တတ်လာတယ်။ account က new ဆိုတော့
Reputation ကမရှိ ။
စိတ်ပျက်နေလို့လည်း အလကားပဲ
ရေးစရာရှိတာ ရေးရမှာပဲ ။
....
Fighting !!! ပေါ့ (ကိုယ့်ကိုကိုယ်အားပေးတာပါ 😃)
Buildwhile
This post has received a 1.00 % upvote from @drotto thanks to: @minkhantnyar.
Release the Kraken! You got a 1.21% upvote from @seakraken courtesy of @minkhantnyar!
You got a 2.71% upvote from @allaz courtesy of @minkhantnyar!