My life is money

in #myanmar7 years ago

image

သို့/
ပိုက်ဆံ
သတိရခြင်းများစွာဖြင့် စာရေးလိုက်ပါတယ်။

နေကောင်းကျန်းမာစွာ ရှိသည့်အကြောင်းကိုလည်း
ကြားသိရသဖြင့် အလွန်ပင်ဝမ်းမြောက်မိပါသည်။

ဤစာကိုရေးသားရသည့် အကြောင်းမှာ ကျွန်တော်နှင့်ပိုက်ဆံ၏ ဆက်ဆံရေးအတွက်ဖြစ်ပါသည်။

ကျွန်တော်ဘက်မှ ပိုက်ဆံကို ထာဝစဉ် လိုလိုလားလား
ရှိသည် ဖြစ်သော်လည်း ယခုနောက်ပိုင်း သင်၏ဘက်မှ ဆက်ဆံရေးကျဲလာသည်ကိုသတိထားမိပါသည်။

ယခင်ကအတူတွဲခဲ့သည့် အချိန်များတွင်
ကျွန်တော်ဘက်မှဘာများမှားသွားခဲ့သလဲဆိုတာကိုလည်း
စဉ်းစားမရနိုင်ပါ။

ယခုဆိုလျှင် တစ်လလုံးနေမှ
သင့်ကိုတွေ့တယ် ဆိုရုံလေးတွေ့ရတတ်ပြီး
မကြာခင်မှာပင် ပျောက်ဆုံးသွားပြန်သောကြောင့်
များစွာ စိတ်မကောင်းဖြစ်ရပါသည်။

အတူတူပျော်ခဲ့ဖူးသော အချိန်များကို ပြန်စဉ်းစားမိတိုင်း
ပို၍ ဝမ်းနည်းမိပါသည်။

ကျွန်တော့်အား စိတ်ဆိုး စိတ်ခုနေသည်ဆိုလျှင်
ပွင့်ပွင့်လင်းလင်းပြောပြပေးစေလိုပါသည်။

သင်မရှိသည့်အခါ ကျွန်တော့်မှာ စားလည်းမစားနိုင် သွားလည်းမသွားနိုင် phone တောင်မပြောနိုင်ဖြစ်၍လာပါသည်။

သင့်ကို တစ်ခါတလေ သူများတွေနှင့် တွဲ၍ပျော်ရွှင်စွာ
တွေ့မြင်ရသည့်အခါ ကျွန်တော်သည်မျက်ရည်များပင်
ဝဲလာသည်ထိ ထိခိုက်နာကျင်ခံစားရပါသည်။

ကျွန်တော့်အပေါင်းအသင်းများကအစ ကျွန်တော့ထက်
သင့်ကို ပို၍လိုလားကြသည်ဟုထင်ပါသည်။

သင်မရှိတော့ သူတို့လည်းကျွန်တော်ဆီ အရောက်အပေါက် နည်းလာသောကြောင့်ဖြစ်သည်။

အချုပ် အားဖြင့် ဆိုရလျှင် ကျွန်တော့ထံ များများ မြန်မြန် ပြန်လာဖို့သာဖြစ်တော့မည်။ 😃😃😃😃😃

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by kokokyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.