အချစ်ရူး (1) . . .

in #myanmar7 years ago

နေပူရှိန်တောက်တောက်အောက်မှာ ကုက္ကိုယ်ရိပ်ကိုခိုလှုံလျှက် လူတစ်ယောက် လက်ရာမြှောက်လှသော သစ်သားပန်းပုရုပ် သေးသေးလေးအားကိုင်ကာ ရည်ရွှယ်ချက်ရှိဟန်မထင် ဘာကိုကြည့်မှန်းမသိ ငေးကာဆွေးကာ နေနေလေသည် ။ တစ်ခါတစ်ရန် သူ၏လက်အတွင်းမှ အရုပ်ကလေးအား ကြည့်ကာ စကားတွေပြောနေလေသည် ။ သူ့ကိုကြည့်၍ ဂရုဏာသက်ရုံမှအပ မည်သူတစ်ဦးတစ်ယောက်မှ ကူညီနိုင်လိမ့်မည်မထင် ။ သူကား ယဉ်ယဉ်လေးနှင့် ရူးနေရှာရှာသည်။ ဘာရူးလဲဆိုတော့ အချစ်ရူးပါ ။အချစ်က ရူးစေပါသလား သူကကို ခံစားချက်ပြင်းလွန်းသည်လား အတိတ်ဘဝ ကဝဋ်ကြောင့်လား မသိနိုင်ပေ ။ သေချာသည်က သူရူးနေရှာပါသည် ။ သူရူးနေတဲ့အကြောင်းကလေးကိုတော့ ဂွေးဖြင်ကုန်းမှာ ပုံပြင်သဖွယ် ဝမ်းနည်းစရာ ဇာတ်လမ်းသဖွယ် ပြောနေကြပါသေးသည် ။ အခြားသူများပြောသော သူ့အကြောင်းကို ချစ်ထူးတစ်ယောက်တော့ မသိနိုင်ရှာဘူးထင်ပါတယ် ။ချစ်ထူးတစ်ယောက် ခုလည်း အရုပ်ကလေးနဲ့ အလုပ်ရှုတ်နေရှာသည် ။

image

ပိုးအိမ်ဆိုသောကောင်မလေးနှင့် ချစ်ထူးဆိုသောကောင်ကလေးမှာ ဂွေးမြင်ကုန်းရွှာတွင် လူတစ်ကာ အားကျစရာကောင်းသော သမီးရည်းစားအတွဲကလေး ဖြစ်ခဲ့၏ ။ ပိုးအိမ်မှာလည်း အလွန်ချောမောလှပသော ကောင်မလေးတစ်ယောက်ဖြစ်ပြီး လူပျိုတိုင်းရင်မှာ အသဲစွဲ ဖြစ်ခဲ့သည် ။ ချစ်ထူးကလည်း ဂွေးမြင်ကုန်းရဲ့ နှင်းဆီခိုင်းကြီးပါ ။ ပိုးအိမ်တို့က ဂွေးမြင်ကုန်းဇာတိ မဟုတ်ပေမဲ့ ဂွေးမြင်ကုန်းကို ပိုးအိမ် ဆယ်နှစ်သမီးလောက်က ပြောင်းလာကြသည် ။ ချစ်ထူးတို့ မိဘများကလည်း ရွှာမျက်နှာဖုံးများပင် ။ နှစ်ဦးနှစ်ဖက် မိဘများကလည်း သဘောတူ ကြည်ဖြူထားကြရာ သူတို့နှစ်ဦး အချစ်ရေးမှာ အလွန်သာယာဖြောင့်ဖြူးနေလေသည် ။

image

သို့သော် သာယာခြင်း၏ နောက်ကွယ်၌ အလွန်ပြင်းထန်သောမုန်တိုင်းများ စောင့်နေတတ်သည် ။ ချစ်ထူးအား ပိုးအိမ်ဆိုသော ကောင်မလေးမှ ခါးခါးသီးသီး ငြင်းဆန်သွားသည် ။ ဆက်မချစ်ဖို့ နောက်ကို လုံးဝ မပတ်သက်ဖို့ ပြင်းထန်စွာ တုန့်ပြန်ခဲ့ပါသည် ။ ချစ်ထူးကြေကွဲစွာ ငိုရှိုက်ရင်း ဖြေမနိုင်ခဲ့ပါ ။ ဒီလိုနဲ့ ချစ်ထူး အချစ်ဒဏ်တွေ အလူးအလဲ ခံစားနေရရှာပါတယ် ။ ကောင်မလေးလည်း ရွှာမှာမရှိတော့ပါဘူး ။ ချစ်ထူးနဲ့ ဂွေးမြင်ကုန်းရွှာကလေးကို ထားခဲ့ပြီး တစ်နယ်တစ်ကြေး ပစ်ပြေးသွားပါတော့တယ် ။

image

ချစ်ထူးလဲ အချစ်ဒဏ်တွေ ခံစားရင်း နှစ်လလောက် ကြာချိန်မှာတော့ ချစ်ထူး ဘုရားမှာ သူ့ကောင်မလေးနဲ့ ပေါင်းရဖို့ ဆုတောင်းရင်း အလွန်လက်ရာမြှောက်လှတဲ့ သစ်သား ပန်းပုရုပ်ငယ်ကလေးအား ကောက်ရခဲ့ပါတယ် ။ ထိုသစ်သား ပန်းပုရုပ်ကလေးဟာ ကောင်မလေးရုပ် ဖြစ်ပြီး ထူးခြားတာက သူ့ရဲ့ကောင်မလေး ပိုးအိမ်နဲ့ အတော်ဆင်တူနေတာပါဘဲ ။ အဲ့ဒီအရုပ်လေး ရတဲ့ အချိန်ကစပြီး တစ်ခါတစ်ရန် အရုပ်ကလေးကြည့်ပြီးငို တစ်ခါတစ်ရန် ပြုံး သူ့မျက်စေ့ထဲ သက်ရှိထင်ရှား သူ့ကောင်မလေးအလား ပြုစုရင်း တစ်ဖြည်းဖြည်း ဆိုးလာကာ ယဉ်ယဉ်လေးနဲ့ ရူးနေပါတော့တယ် ။

ပိုးအိမ်မှာလည်း ချစ်ရူးအပေါ်သို့ ရက်စက်လို၍တော့ မဟုတ်ပါ ပိုးအိမ်တို့ မိသားစုနှင့် ဦးကောင်လေး တို့ ဂွေးမြင်ကုန်းနှင့် အတော်အလှန်းဝေးသော ရွှာလေးတစ်ရွှာတွင် တွင်ဆုံတွေ့ခဲ့ရာ သူတို့၏ သမီးအကြောင်းအား ဦးကောင်လေးသိခဲ့ရပါသည် ။ ပိုးဥ မှာ သွေးကြောပိတ်သော ရောဂါဖြင့် ကုမရနိုင်သော အခြေနေမို့ သူ့ကောင်လေးအားလည်း ထိုအတွက် စိတ်ဆင်းရဲမှု မခံစားစေလိုသောကြောင့် သူတို့ နှစ်ဦးချစ်ခြင်းအား မေ့ပျော်နိုင်အောင် ချစ်ထူးအား ပြောဆိုကာ လမ်းခွဲခဲ့သည် ။ ထိုသို့လုပ်ပါက ချစ်ထူးမှာ သူ့ကိုမေ့သွားပြီး အခြားတစ်ယောက် နှင့် အဆင်ပြေမည် သူ့မှာ သေမည့်သူဖြစ်နေသဖြင့် ချစ်ထူးအား မချစ်စေလို ချစ်ထူးအား ပိုပြီး မခံသားစေချင်သေကြောင့် လမ်းခွဲခဲ့ပါသတဲ့ ။

သူ့လုပ်ရပ်မှားသည်မှန်သည်ထက် သေခါနီး စိတ်ချမ်းသာစေရန် ပိုးအိမ် မိဘများကလည်း ပိုးအိမ် သဘောအတိုင်းသာ ။ သိပ်တော့ ကြာကြာမခံလိုက်ပါ ပိုးအိမ် ဆုံးပါးသွားခဲ့ပါသည် ။ ပိုးအိမ် မိဘများလည်း ဂွေးမြင်ကုန်းရွှာ လေးတွင် ပြန်လည်နေထိုင်ခြင်းမရှိတော့ဘဲ ထို ပိုးအိမ် ဆုံးပါသွားသော ရွှာကလေးတွင်သာ အခြေချ နေထိုင်သွားကြပါသည် ။ ထိုရွှာကလေးမှာ သူတို့ ဂွေးမြင်ကုန်းသို့ မပြောင်းရွှေ့မီ နေထိုင်ခဲ့သော ရွှာကလေးလည်း ဖြစ်လေသည် ။

Photos credit; Google Image

domelay (အတွေးမျှင်လေးများ)

Sort:  

မိုက်တယ်

အယ် အမြှောက်ကြီးပစ်နေပြီ ပြေးမှ

This post was resteemed by @steemitrobot!
Good Luck!

Want to Know More! Check out introduction post on how to use steemitrobot

The @steemitrobot users are a small but growing community.
Check out the other resteemed posts in steemitrobot's feed.
Some of them are truly great. Please upvote this comment for helping me grow.

တကယ့်ကိုခံစားရပါပေတယ်
သနားစရာချစ်ဇာတ်လမ်းလေးရယ်
တော်ပါပေတယ်စာရေးဆရာ@domelayရယ်

very thankful အပျိုကြီးမမ

တကယ့်ကိုခံစားရပါပေတယ်

ကျေးဇူးပါဗျာ

This post has received a 4.25 % upvote from @booster thanks to: @domelay.

@domelay Really excellent post.

Thanks to provide Great New and Useful Information

ခံစားချက်​အစစ်​​တေနဲ့​ရေးလို့အ​ရေးအသး​တေက​ကောင်​​နေတာလားမသိဘူးခဗျ။

ဒီလိုဘဲ လျှောက်တွေးထားတာပါဗျာ ကျေးဇူးပါ