byteball app လေးထိမ်းသိမ်းမယ်
ကျွှန်တော် ဒီတစ်ခါတော့ byteball application ကနေ backup ပြန်လုပ်နည်းလေးကို ဖော်ပြပေးချင်ပါသည် ။ သိပ်အခက်အခဲကြီးမဟုတ်သော်လည်း မသိသူများမတွက် သိရှိစေရန် ဖော်ပြခြင်းဖြစ်ပါသည် ။ ကျွှန်တော်ကိုင်လျှက်ရှိသော ဖုန်းကလေးဆိုလျှင် application တစ်ခုကိုပင် ကောင်းစွာထိမ်းသိမ်းထားနိုင်ဖို့ စိတ်မချရသော အခြေနေတွင်ရှိလေသည် ။ ထို့ကြောင့်ပင် byteball app လေးအား ကြာရှည်စွာထိမ်းသိမ်းနိုင်ရန် စိုးရိမ်မိခဲ့သည် ။ ယခုအချိန်တွင် steemit reputation မှ တစ်ဝက်သာပေးသော အရာတို့ကို ရရှိပြီးဖြစ်ကြကာ အချို့မှာ ရရှိလာသော bytes များကို သိမ်းထားလိုကြသည် ။ အချို့မှာလည်း နောက်နှစ်တွင် ရမည်မှာ ပိုများသဖြင့် app လေးအား ထိမ်းသိမ်းရန် လိုအပ်ပေသည် ။ ထို့ပြင် မတော်လို့များ app ပျက်သွားလျှင် ဟူသော စိုးရိမ်မှုများ ရှိကြမည် ထင်ပါသည် ။ app အား backup ပြုလုပ်ပြီး သိမ်းထားပါက ထိုသို့ပျက်သွားသော်လည်း မိမိစုဆောင်းထားသည်များ ပြန်လည်ရရှိနိုင်ဦးမည် ဖြစ်ပါသည် ။
seed ဖြင့် recovery ရသော်လည်း seed မှာ အလုံးစုံကို recovery ပြန်လုပ်မပေးနိုင်ပါ ။ blackbytes နှင့် အခြား smartwallet ထဲကကဲ့သို့ သော အရာတို့ကို ပြန်မရရှိနိုင်ပါ ။ ထို့ကြောင့် full backup ပြုလုပ်ခြင်းဖြင့် backup file လေးအား သိမ်းထားသင့်ပေသည် ။
1 . ထိုသို့ပြုလုပ်မည်ဆိုပါက ပထမ app ကိုဖွင့်၍ အပေါ် ဘယ်ဘက်ထောင့်မှ အရာလေးကိုနိပ်ပါ။ ထို့နောက်မှာတော့ setting ထဲသို့ ဝင်ရောက်ပါ ။
2 . Full backup သို့ ဆက်သွားပါ ။
3 . ပြီးလျှင် မိမိမှတ်မိမည် ဖြစ်သော password ထည့်ကာ export ကိုနိပ်ပါ ။ ထို့နောက် စိတ်ရှည်ရှည်ထားပြီး စောင့်ပါ ။
5 . file manger ထဲတွင် byteball ဟူသော floder လေး ရောက်နေမှာ ဖြစ်ပြီး ထိုထဲတွင် back up file လေး ရှိနေပါလိမ့်မည် ။
ပြန်restore ပြုလုပ်မည် ဆိုပါက
- app အသစ်တင်ကာ setting သို့သွားရောက်ပြီး restore from full backup သို့သွားရောက်ပါ ။
2 . ထို့နောက် ယခင်က မှတ်ထားသော file ကို ရှာထည့်ပါ ။ ပြီးလျှင် မိမိ backup ပြုလုပ်ခဲ့သော password ကို အောက်တွင်ထည့်ပြီး IMPORT ကို နိပ်ပေးပါ ။ ထို့နောက် ခဏစောင့်ပြီးပါက byteball wallet ပြန်ရပါပြီ ။
အားလုံးဘဲ crypto များ များစွာရရှိကြပါစေ ။
MSC . 9
@domelay (အတွေးမျှင်လေးများ)
ဒိုမီရေ cleaner မွှေလိုက်တာ ဆော့ဝဲလ်အကုန် uninstall ဖြစ်ကုန်တာ byteapp လည်းပါသွားတယ် အဲ့ဒါမရတော့ဘူးပေါ့နော်
😭😭တင်ပါဘုရား ရတော့ပါဘူး ဘုရား😭😭
ကျေးဇူးပဲကိုဒိုရေ လုပ်ထားလိုက်ဦးမယ်
ဟုတ် လုပ်ထားတာ ကောင်းပါတယ်ခင်ဗျာ
ဘာမှနားမလည်သေးပါ
byteball လေး နာမည်ကြီးသွားသေးတယ် steemit rp တွေ အလိုက် gbyte တွေပေးတာအန်တီ ။
လုပ်ကြည့်အုံးမယ် ဒိုဒိုရေ
ဟုတ်ပါခည
ကျေးဇူးပါပဲ ကိုဒို လုပ်ကြည့်မယ်
ဟုတ်
လုပ်ကြည့်မယ်ကွ ကျေးဇူးကိုချစ်
လုပ်ပါဂျာ
ရမှ မရလိုက်တာ ဘာကို ထိန်းရမလဲကွယ်
တိန် ဘာလို့မရ ပြန်ရတယ်ဟုတ်ဖူးလား သများဒေ နည်းနည်းကြာတော့ပြန်ရကြတာဟာ
ကျေးဇူးကိုဒို ခုမှပဲသိတော့တယ်။