Keep Going
တရက်သားက pro ပိုစ့်တင်သူ နည်းသူဟု ပြောမိလိုက်လို့လား မသိ။ မနေ့ကတော့ pro ပိုစ့်တင်သူ (၇) ယောက်တောင် ရှိသွား၏။ တော်တော်လေး ပျော်သွားမိ၏။ နောက်ရက် pro မှာ ဘယ်နှယ်ယောက်များ ထပ်ပြီး လာမန့်မလဲဟု မျှော်လင့်မိ၏။ မည်သို့ပင် ဆိုစေကာမူ pro တင်သူ နည်းပေမယ့် ပုံမှန်လေး ရှိနေတာပဲ ဟုတ်နေသေး၏။ pro အစီအစဉ်လေး ရှိတုန်းပဲ ယူထားလို့ ရသည် မဟုတ်လား။ pro က တသက်လုံး ပေးနေမည် မဟုတ်ပေ။ သတ်မှတ်ပေးထားသည့် အချိန်ကုန်သွားလျှင် ကျနော်တို့ပဲ ကျန်တော့မည် ဖြစ်၏။ ကိုယ့်ဘာသာကို ဆက်လက် ချီတက်ရမည် ဖြစ်၏။
ထိုအချိန်ထိတော့ pro ကို ပေးနေသရွေ့၊ ရနေသရွေ့တော့ ယူထားရပေမည်။ မယူထားလျှင် နှမြောဖို့ ကောင်း၏။ တချိန်ချိန်မှာ ကိုယ်တွေ ကိုယ့်ကို ဆက်လက် ချီတက်ရမည် မဟုတ်လား။ ထို အချိန်အတွက် အခုကတည်းက ရသလောက်ကို ယူထားရပေလိမ့်ဦးမည်။ ဒီနှစ်ထဲမှာ steem ဈေး တက်ဖို့ မရှိဘူးဆိုပေမယ့် ယတိပျက်ကြီးတော့ ပြောလို့ မရသေးဘူး မဟုတ်လား။ မမျှော်လင့်ထားသည့်အချိန်မျိုးမှာ ဈေး ပြန်တက်လာနိုင်သေးသည် မဟုတ်လား။ ဒီနှစ်ထဲ မတက်လည်း ဘာအရေးလဲ။ နောက်နှစ် တက်လိမ့်မည်။
Steemit platform ကြီး မပျက်သရွေ့ ကျနော်တို့ မျှော်လင့်ခွင့် ရှိ၏။ လေထဲ အိမ်ဆောက်နေခွင့် ရှိ၏။ တက်ဈေး ကျဈေးက သူ့သူ ပြောင်းလဲ ဖြစ်ပေါ်နေလိမ့်မည်။ ကျနော်တို့ အလုပ်က ကိုယ့်ကို ရေးစရာ ရှိတာရေး၊ တင်စရာ ရှိတာ တင်ရုံပေါ့။ steem ဈေး ပြန်ကောင်းလာသည့်အခါ မိမိမှာ ထိုက်သင့်သည့် SP ရှိနေဖို့သာ လို၏။ ထိုက်သင့်သည့် SP လေးသာ ရှိထားပြီး ဈေးလည်း ပြန်တက်လာသည့် အချိန်မျိုးဆိုလျှင် ဘာပြောကောင်းမလဲပေါ့။ ထိုအချိန်လေးကို စိတ်ကူး မျှော်လင့်ရင်း ယခု အချိန်မှာတော့ မနည်းအားတင်းပြီး စိတ်ရှည် လက်ရှည်နှင့် ရေးသား ပိုစ့်တင်ကာ SP စုထားရပေလိမ့်မည်။
photo from Google
အစောပိုင်း အချိန်တွေတုန်းက steem ဈေး ကျနေခြင်းကို လွန်စွာမှပဲ စိတ်ညစ်နေမိ၏။ ထိုအချိန်က မိမိ လက်ထဲ ငွေကြေးအားဖြင့်လည်း နည်းနေသဖြင့် steem အနည်းငယ် ထုတ်ရောင်းပြီး ထိုအခက်အခဲကို ဖြေရှင်းဖို့ တွေးထားသည်ကိုး။ သို့ပေမယ့် ဈေးက တော်တော်လေးကို ကျနေ၊ နည်းနေသဖြင့် မရောင်း ဖြစ်လိုက်ပေ။ ခုလိုမျိုး ထပ်ပြီး ဈေးကျသည့် အခါမျိုးမှာလည်း ရောင်းစရာ မလိုတော့ပြန်ပေ။ ငွေကြေးအားဖြင့် အနည်းငယ် ပြန်အဆင်ပြေသွားပြီကိုး။ ယခုတော့ SP စုဖို့ပဲ စဉ်းစားထားတော့၏။ ကံသည် အမြဲ မဆိုးနေနိုင်သလို steem ဈေးလည်း အမြဲတော့ မကျနေနိုင်ပေ။ တချိန်ချိန်မှာတော့ ပြန်တက်လာပါလိမ့်မည်။
အနိမ့် အမြင့်၊ အတက် အကျ ဆိုသည့် အရာများသည် လောကသဘာဝ များပင် မဟုတ်လား။ ဖြစ်ပျက်ပြောင်းလဲမှုများကြောင့် စိတ်ပျက် ပင်ပန်းနေလျှင် မိမိပဲ ရှုံးပေလိမ့်မည်။ လုပ်စရာ ရှိတာ လုပ်နေဖို့သာ လို၏။ အပြောင်းအလဲ တခုမှာ ကိုယ်မကျန်နေခဲ့ဖို့ လို၏။ တချိန်ချိန် တခုခု ထူးခြားလာပါက ပျော်ရွှင်ရမည့် သူများထဲတွင် မိမိ ပါဝင်နေရဖို့ လို၏။ ထို့ကြောင့် စာများ ဆက်ရေး၊ ပိုစ့်များ ဆက်တင် ဖြစ်နေဦးမည်မှာ အသေအချာပင် ဖြစ်၏။တ
Don Jaun
MSC 31
We will go on...
Posted using Partiko Android
Yeah
ဘယ်သူပြောနိုင်မှာ တစ်ချိန်မှာ စတင်းဈေးတွေတက်ရင်
တို့တွေက သူဌေးတွေဆိုတာ 😁