May be Again?steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

လက်ရှိ steem ဈေးကတော့ တော်တော်လေးကို ပြောစရာ ဖြစ်နေ၏။ အင်း ခုမှ ပြောစရာ ဖြစ်တာ မဟုတ်ပါဘူးလေ။ တကယ်တမ်း ပြောစရာ ဖြစ်နေခဲ့တာ အတော်လေး ကြာခဲ့ပြီးကိုး။ ရက်ရက်စက်စက် ကြီး ရက်ဆက်စွာ ဆက်တိုက် ကျလာခဲ့သည့် ဈေးသည် ကျနော်တို့ ဘော်ဒါများ၊ မိတ်ဆွေများကိုပါ တပါတည်း ဆွဲချသွား၏။ Steemit ပေါ်မှာ ဆုံနေကြ ဘော်ဒါများကိုတောင် မတွေ့ရတော့တာ အတော်လေး ကြာခဲ့ပြီ ဖြစ်၏။ အချို့ကို ကျိုကြား ကျိုကြား တွေ့နေရသေးသော်လည်း အချို့ကိုကား လုံးဝ မတွေ့မမြင်ရတော့ပေ။ steem ဈေးကြောင့်ပဲလား၊ တကယ် မအားတာလားပေါ့။

ဒီအကြောင်းကိုပဲ မကြာမကြာ ချဲ့ကားပြီး ရေးလာခဲ့သည်မှာ ပိုစ့်ပေါင်းလည်း မနည်းတော့ပေ။ လက်ရှိ steemit ပေါ်မှာ လျှောက်လှမ်းနေကြသည့် သူများ၏ အခြေအနေကို ပြောရလျှင် သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတော့၏။ စကားပုံထက် ပိုဆိုးတာက သမင်က ထပ်မမွေးနိုင်တော့ပေ။ မွေးပြီးသားများကိုသာ ကျားက ထိုင်ထိုင်ပြီး စားနေကြခြင်း ဖြစ်၏။ ပုံမှန် စာရေး နေသူများ မကြာမကြာ သာ ရေးကြတော့၏။ မကြာမကြာ ရေးသူများ တော်တော်ကြာမှ ရေးတော့၏။ တော်တော်ကြာမှ ရေးသူများ လုံးဝ ပျောက်သွားတော့၏။ တဖြည်း လူများ နည်းနည်းသွားတော့၏။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

လူသစ် ၀င်ဖို့ မပြောနှင့် လူဟောင်းများပင် ပျောက်ပျောက်သွားတော့၏။ အခြား နေရာ၊ ဒေသများကို လိုက်ကြည့်စရာ မလိုဘဲ မိမိတို့ MSC တခုထဲမှာကိုပင် ပုံမှန် စာရေးနေသူများ အရေးကျဲသွားတော့၏။ promotion post မှာ လာမန့်သည့် လူဦးရေမှာလည်း ခုချိန်ထိ အများဆုံးက (၅) ခုထက်ကို မပိုတော့ပေ။ တချို့ရက်များဆိုလျှင် (၃) ယောက်တောင် မပြည့်ချင်ချင်။ ဒီအကြောင်းကိုလည်း ယခင့် ယခင် ပိုစ့်များမှာတုန်းက ထည့်ရေးဖူး၏။ steem ဈေးကြောင့် မဟုတ်ဘဲ စာရေးတာ ၀ါသနာ ပါရဲ့သားနှင့် မရေးဖြစ်တာမျိုးဆိုလျှင်တော့လည်း သိပ်မဟုတ်သေးပေ။

Online ငွေရှာလိုသောကြောင့် ပဲ ဖြစ်ဖြစ် steem ပေါ် ရောက်လာပြီးမှာတော့ မဖြစ်မနေကို စာတော့ ရေးနိုင်ရတော့မည် မဟုတ်လား။ စာမရေးနိုင်လည်း အခြား ဖန်တီးမှု တခုခုကို တင်ဆက် ပြသလို့ ရသည် မဟုတ်လား။ လက်သွေးလိုသများ အဖို့ ဘာဘာညာညာ စဉ်းစားနေစရာ မလိုလှဘဲ ရေးနေလို့ ရသည် မဟုတ်လား။ နဂိုထက် ဈေးကျသွားတာကလွဲလျှင် ဘာမှ မပြောင်းလဲသွားဘူး မလား။ ရေးစရာ ရှိတာရေး၊ လက်သွေးနေစရာ ရှိ သွေးနေရုံသာ မဟုတ်လား။

ကိုယ်တွေရဲ့ MSC ကြီးကို ယခင်လို စည်စည်ကားကားလေး ပြန်ဖြစ်စေချင်၏။ ထိုကဲ့သို့ ပြန်ဖြစ်လာဖို့ကလည်း steem ဈေးနှင့် ပတ်သက်နေပြန်သေး၏။ ဈေးလေးများ ပြန်တက်လာမည် ဆိုလျှင်တော့ အချို့ ဘော်ဒါများ ပြန်ရောက်လာလိမ့်မည်ဟု ထင်မြင်မိ၏။ ထို့်ကြောင့် မဖြစ်လာနိုင်ဘူး ဆိုပေမယ့် တချိန်ချိန်မှာများ steem ဈေးလေး ပြန်တက်လာ၊ ပြန်ကောင်းလာခဲ့လျှင် ဆိုသည့် အတွေးလေးနှင့် မျှော်လင့် စောင့်ဆိုင်း နေမိတော့၏။

Don Jaun

MSC 31

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63439.39
ETH 2545.40
USDT 1.00
SBD 2.66