ML and then ML
ML ဆော့လာရာ ယခုဆိုလျှင် level 23 သို့ ရောက်လာပြီ ဖြစ်၏။ Rank အနေနှင့် ဆိုလျှင်လည်း Master II သို့ ရောက်နေပြီ ဖြစ်၏။ Master II မှ I ၊ I မှ II ဆင်းလိုက် တက်လိုက်နှင့် ဖြစ်နေတော့၏။ ယခုကဲ့သို့ Rank မြင့်သွားလိုက် ပြန် ဆင်းသွားလိုက် ဖြစ်နေရခြင်းမှာ မိမိနှင့် တွဲဆော့ရသည့် အသင်းဖော်များနှင့်လည်း ဆိုင်သေး၏။ ကျွမ်းကျွမ်းကျင်ကျင် ရှိလှသော သူများနှင့် ဆော့ရလျှင် အဆင်ပြေပေမယ့် မကျွမ်းကျင်သေးသူများနှင့် ဆော့ရလျှင် မိမိပါ တိုင်ပတ်တော့၏။ တချို့က ကျွမ်းပေမယ့် တကိုယ်ကောင်း၊ တကိုယ်တော် ဆန်ကြ၏။ (၅) ယောက် (၅) ယောက် တိုက်ခိုက်သည့် game မျိုးမှာ တကိုယ်ကောင်း ဆန်လို့ မရပေ။
Team Work မကောင်းလျှင် အလကားပင်။ မိမိ hero လည်း စောစောစီးစီး သေ၏။ အသင်းလိုက် မဆော့သဖြင့် အခက်အခဲ ဖြစ်ချိန်မှလည်း အကူအညီ မရ မပေးနိုင် ဖြစ်တတ်၏။ ကျနော်၏ ML ဆော့သက် တလအတွင်းမှာ ထိုကဲ့သို့သော လူများနှင့် မကြာခဏ ဆုံရလေ့ ရှိ၏။ တော်တော်လေးဆိုး၏။ မကျွမ်းကျင်သည့် သူများထက် ထို တကိုယ်ကောင်း သမားတွေက ပိုပြီး ဆိုး၏။
တခါတလေ ကျပြန်တော့ ကစားသမား တယောက်ယောက်က ထွက်သွားတာမျိုးလည်း ရှိသေး၏။ ဆော့နေရင်း တန်းလန်းနှင့်ပေါ့။ ထိုအခါမျိုးဆိုလျှင် ပိုပြီး အခက်တွေ့ရ၏။ (၅) ယောက်၊ (၅) ယောက်ချင်း ယှဉ်ရသည့် ကိစ္စကို တယောက် လျော့သွားပြီကိုး။ ဘောလုံးပွဲမှာ တယောက်လျော့သွားလျှင် ကျန်အသင်းအဖော်များက ပိုပြီး အားစိုက်ခါ ရုန်းကြရသည် မဟုတ်လား။ ယခု ဂိမ်းမှာလည်း ထိုသို့ပင် ဖြစ်၏။ အကြောင်းကြောင်းကြောင့် တယောက် ယောက်လျော့သွားလျှင် အသားကုန် လိုက်ပြီး ဆော့ကစားရတော့၏။
နောက်တချက်က မိမိကိုင်သည့် hero ကို သေချာပိုင်နိုင်ဖို့ လို၏။ ထိုသို့ မဟုတ်လျှင် အသင်းအတွက် အထောက်အကူ မဖြစ်သည့်အပြင် အသင်းကိုတောင် ဒုက္ခ ဖြစ်စေ၏။ မိမိ ကို လိုက်ကူပေးနေရသဖြင့် ကျန် အသင်းဖော်များကို နှောင့်နှေးစေ၏။ ဆိုခဲ့သည့်အတိုင်း ကျနော်က support role ကို ပိုကြိုက်သဖြင့် Fighter အမျိုးအစား hero ထက် support ပေးသည့် hero များကို ပိုကြိုက်၏။ လက်ရှိ ဆော့ဖြစ်နေသည့် heroes များကတော့ Nana နှင့် Belerick ဖြစ်၏။ Mage နှင့် Tank အမျိုးအစား heroes များ ဖြစ်ကြ၏။
Nana နှင့်တော့ ပိုပြီး ဆော့ ဖြစ်၏။ Tank ၏ level က နိမ့်နေသေးသည်လည်း ပါတာကိုး။ တခါတလေ လိုအပ်ချက် အရတော့ Belerick ကို ကိုင်ပေးရသည့် အခါလည်း ရှိ၏။ ဘယ် hero ကို ကိုင်ကိုင် ကျနော့် rule က အတူတူပင်။ အရင်ဆုံး အသတ် မခံရအောင် နေမယ်၊ ဆော့မယ်။ ပြီးမှ သူများကို အနိုင်တိုက်မယ်။ မည်သို့ပင် ဆိုစေ အနှီ ML ဂိမ်းနှင့် အားလပ်ချက် အချို့ကို ကုန်ဆုံး ဖြတ်သန်းပါဦးမည်။ ကဲ နောက်နေ့မှ ဆက်ပြောပါဦးမည်။
Don Jaun
MSC 31
Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Vote for @Steemitboard as a witness to get one more award and increased upvotes!
Dear STEM Geek! I am writing this comment to inform you that the leader of our tribe, @themarkymark, has unfairly banned me from the discord server of our tribe. Show him we are a decentralized community and that such acts of tyranny will not be accepted in the STEM tribe! Tell him to let me in again!
Thank you!