မမေ့ရက်နိုင်ဘူး(၁) ( Never forgetting)
" လွန်ခဲ့သော၃နှစ်ကဘဝတပါးသို့ ကူးပြောင်း သွားခဲ့သော ဦးဖြိုးဝေအား ရည်စူး၍ လှူ ဒါန်းရသော ကုသိုလ်အစုစုကို ဘဝတပါးသို့ကူးပြောင်းသွားသော ဦးဖြိုးဝေနှင့်တကွ ၃၁ဘုံမှာကျင်လည် ကြကုန်သော မြင်အပ်၊ မမြင်အပ် သတ္တဝါများ အားလုံးအား အမျှပေးဝေ ပါကုန်၏ အားလုံး ကြားကြားသမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ........ သာဓု၊ သာဓု ...."
သံဃာတော်အရှင်မြတ်များ၏ အမျှဝေသံနှင့်အတူ ယုယု၏ မျက်ရည်များ တသွင်သွင်စီးကျ လာခဲ့ပါသည်။ "သမီးရယ် စိတ်ကိုဖြေပါ။တမလွန်က သားသိရင် စိတ်ကောင်းမှာ မဟုတ်ဘူး" သူမဘေးနားမှ ဖြိုးဝေအမေ၏ အသံအား ကြားတချက်မကြားတချက်ဖြင့် သူမမျက်စိတွေဝေဝါးသွားပါပြီ။"ဟဲ့ သမီး...သမီး လုပ်ကြပါဦး။ သတိလစ်သွားပြီ။"
လွန်လေပြီးသော အတိတ်ကာလ........။ သူမတို့နှစ်ယောက်သံယောဇဉ်သည် မူကြိုကျောင်း မတက်ရသေးခင် စကားမပီကလာပီကလာပြောတတ်သည့်အရွယ်မှစတင်ခဲ့လေသည်။ သူမ၃နှစ်မပြည့်တပြည့်အရွယ် ခြံထဲရှိ ဒန်းကလေး၌ သူမထိုင်နေစဉ် သူမတို့ဘေးအိမ်သို့ ပစ္စည်းတင်သည့်ကားကြီးဆိုက်လာပါသည်။သူမလည်း လှမ်းကြည့်ကာစပ်စုမိသည်။ကားကြီးနောက်၌ တက္ကစီတစ်စီး ဆိုက်လာပါသည်။
သူမလှမ်းကြည့်မိရာ တက္ကစီပေါ်မှ အမျိုးသားကြီး တစ်ဦး၊ အမျိုးသမီးကြီးတစ်ဦးနှင့်သူမအရွယ်ကောင်ကလေးတစ်ယောက် ဆင်းလာသည်ကိုတွေ့လိုက်ရခဲ့သည်။
သူမအရွယ်ကောင်လေးက သူမလှမ်းကြည့်နေသည်ကို မြင်သွားပြီး မျက်စိမှိတ်ပြပါသည်။ သူမလည်း ခေါင်းကိုငုံ့ ချကာ အိမ်ထဲသို့ ပြေးဝင်သွားမိပါသည်။သူမသည် ငယ်ငယ်ကတည်းက အလွန်အမင်းလူကြောက်ပြီး ရှက်တတ်သည့် ကလေးတစ်ယောက် ဖြစ်ပါသည်။
သူမအိမ်ထဲသို့ ပြေးအဝင် သူမအမေခြံထဲသို့ အဆင်းတံခါးဝ၌ တိုက်မိသွားရာ " ဟဲ့...ဟဲ့ ဘာဖြစ်လာတာလဲ သမီးရယ်"ဟု သူမအမေ လှမ်းအော်သည်ကိုပင် သူမမကြားနိုင်ဘဲ အခန်းထဲပြေးဝင်ပြီး အိပ်ယာထက်၌မှောက်လျက် မျက်နှာအပ်ထားကာ နေမိပါတော့သည်။
ထို့နေ့ပြီးနောက်တစ်နေ့နံနက်၌ မိသားစုမနက်စာစားကြ ရင်းမေမေက ဘေးအိမ်ကလူသစ်တွေအကြောင်းပြော ပါသည်။ သူမလည်း မနက်စာစားအပြီး သူမတို့ခြံရှေ့ဆီးပင်ခြေရင်းရှိ ခုံတန်းလျားလေးတွင် တစ်ယောက်တည်းထိုင်နေစဉ် "ဟေ့ နင့်နာမည်ဘယ်လိုခေါ်လဲ။"
အသံကြား၍သူမလှည့်ကြည့်မိရာမနေ့ကကောင်ကလေး။ "နင်နဲ့ခင်ချင်လို့။ ငါ့ကိုနင့်သူငယ်ချင်းအဖြစ်သတ်မှတ်ပေးလို့ရမလား။" "အင်း ရပါတယ်ဟာ။"
သူမစကားသံအဆုံး၌ ကောင်ကလေးက သူ့လက်ညှိုးနှင့်လက်ခလယ်ကိုကွေးပြီး သူမရှေ့ထိုးပေးလိုက်ရာ သူမကခေါ်မယ်ဆိုသော သင်္ကေတဖြင့် လက်ချောင်းနှစ်ခုပေါ် ဖိချလိုက်ပါတော့သည်။
သူမတို့နှစ်ယောက်၏ သံယောဇဉ်နိဒါန်းကား ဤတွင် စတင်ဖွင့်လှစ်ခဲ့လေပြီ။ သူမတို့ နှစ်ယောက်
သံယောဇဉ်ကား ကလေးဘဝကပင် အင်မတန်ကြီးခဲ့ကြပါသည်။
"အမေသားယုယုတို့အိမ်ဘက်သွားဦးမယ်"ဟု လှမ်းပြောပြီး ဖြိုးဝေ ယုယုတို့အိမ်ဘက်သို့ လှမ်းထွက်လာခဲ့ပါသည်။ယုယုတို့ အိမ်ဘက်ရောက်သောအခါ ယုယုအမေက " သားရေ သားသူငယ်ချင်းတော့ အရမ်းဖျားနေလို့ ဆော့နိုင်မှာမဟုတ်ဘူး။" " ဟုတ်ကဲ့ အန်တီ။သူအခန်းထဲမှာလား သားဝင်သွားမယ်နော်" ဟု သူပြန်ပြောပြီး သူမအခန်းထဲဝင်လာခဲ့သည်။
ကုတင်ပေါ်၌ ပက်လက်ကလေးဖြင့် နွမ်းနယ်သော သူငယ်ချင်းမမျက်နှာမြင်ရသောအခါ သူ့ရင်ထဲနင့်ကနဲဖြစ်သွားပါသည်။ " ဟဲ့ ကတုံးမ ဖျားပြီ။မဟုတ်လား။ငါ့စကား နားမထောင်ပဲ စက်ဘီးလျောက်စီးတာ။"
"ငါ့ကို ကတုံးမလို့မခေါ်ပါနဲ့ဆို။" သူမ အသံက အားမရှိ ဖျော့တော့စွာဖြင့်။ "နင်ပြန်တော့အော်နိုင်သား။ နင့်ဦးထုတ်တွေချွတ်ထားစမ်းပါ။ နင့်ကတုံးကို ဘယ်သူမှမမြင်ပါဘူး"ဟု ပြောပြီးဦးထုတ်ကိုဆွဲချွတ်ရာ သူမငိုမဲ့မဲ့ဖြစ်သွားပါသည်။ "အေး...အေး ပြန်ဆောင်းထား။ ပြန်ဆောင်းထား"ဟုပြောပြီး ပြန်ချော့လိုက်ရပါသည်။
ထိုည၌ပင် သူမအဖျားကြီးပြီး သတိလစ်သွား၍ ကလေးဆေးရုံသို့ တင်လိုက်ရသည်။နောက်တနေ့၌ မိဘများနှင့်အတူဆေးရုံသို့ သတင်းသွားမေးရာ သူသူမအနားမှမခွာတော့ပေ။ သူမဆေးရုံမှ မဆင်းမချင်းသူမအနားမှာသာနေခဲ့သည်။ လူကြီးများဘယ်လိုမှချော့ခေါ်လည်းမရ။ အစားလည်းမစား၍ မနည်းချော့ကျွေးခဲ့ရသည်။
သူမဆေးရုံမှ ဆင်းပြီးအိမ်သို့ရောက်သော အခါတွင်လည်း သူမအနားမှတဖဝါးမှမခွာခဲ့ပေ။ လူကြီးများပင် သူတို့နှစ်ယောက်သံယောဇဉ်အား တအံ့တသြဖြစ်ခဲ့ရပါသည်။
ဤသည်ကား သူမတို့၏ ကလေးဘဝသံယောဇဉ်တည်း။
ကျန်သံယောဇဉ်များအား အပိုင်း(၂)တွင် ဆက်လက်ဖတ်ရှူ့ ပါရန်။
" Many kinds of merits for U Phyo who was died last 3 years ago may be equally shared for all living-things who live in the universe. Equal share... equal share. May be called "Well done". Well done...well done.."
Yu Yu's tears was being flown when the monks called " well done" at the end. " Daughter; you have to make your feeling well.If my son who was another life know; he will be sad." Phyo's mother said.But her vision couldn't be clear and could hear voice as well as not hear. " Daughter..; daughter help me. She is slipping mind."
Passing past times.............
Their attachment between she and he had started before the age of pre-school students .A truck which was fulled with things stopped in front of
the left house of her house while she was sitting on the swing in her compound . Then she inquisitively looked there.After the truck; a taxi stopped there.
She saw a man; a woman and a male child who was the same age of her while she was looking at.The male child teased her by closing his one eye while he was seeing her look.So she got down her head and ran into her house.She had been shameful and had been phobia the srange people since her childhood.
She accidently pushed her mother at the door who was going to the compound while she was running to the house. " Daughter; what happened?" Her mother was shouting her.But she was running to her bed room without hearing her voice and was overturning on her bed.
Her mother was telling about her new neighbours who was beside her house while her family was having breakfast in the next morning. After having breakfast; she was sitting on the bench under the plum in front of her compound. " Hay; what is your name?"
She was looking back because of hearing a voice and she found her male child who was seen. " I want to make friend with you. Can you allow me as your friend?" " Yes; I can." He
was bending his middle finger and overlapping on index finger at the end of her voice.Then his overlapping fingers was placed before her. So she was pressing on these fingers by showing her friendship sign.
The preface of their attachment was started with that condition.Their attachment had been very strong since their childhood.
" Mother; I am going to Yu Yu's house." Phyo Wai said his mother and he was going to her house.When he reached her house; her mother said " Son; Yu Yu is very sick. She cann't play with you."" Yes; aunty. Is she in her bed room? May I go in her room?" He was replying and going into her room.
He seriously felt sad while he was seeing that she was tiredly laying on her bed." Hay; bald girl; Are you ill? You didn't listen I said not to ride bicycle in the hot sun."
" Don't call me bald girl;"she was saying with pale face." You can shout me.Take off your hats and nobody cann't see your bald head;" he was saying and taking off her hats.So she was crying." You are taking on your hats again;" he was soothing her.
Tonight she was seriously ill and slipping mind to send her the hospital.Next day; he and his parents went to the hospital and encouraged her.Then he was staying with her all the time till she went back home.He was persuaded to eat by his parents without eating anything.
He had been with her when she went back home.Their attachment was been surprising by their adults.
This is their childhood's attachment.
Continued to read part (2) the remaining attachment.
@eieikhing
MSC No. 173
Credited from google images.
Good
Good writing
Thank you.
Good ပါဗျာ
Thank you.
ကောင်းပါတယ် အပိုင်း၂ကိုစောင့်နေပါမယ်
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်။
Good post
ဟုတ်ကဲ့။ကျေးဇူးပါ။
Good တယ် အားပေးနေမယ်
ဟုတ်ကဲ့။ကျေးဇူးပါရှင့်။
အပိုင်း၂ မျော်နေမယ်
ဟုတ်ကဲ့။
good writing
Good post ,thz u par
Thank you.
ရေးတတ်တယ်
အပိုင်း၂မျှော်
ဟုတ်ကျေးဇူးပါ