The Three Roses, The Three Colours

in WORLD OF XPILAR6 years ago

မင်္ဂလာပါ ချစ်မိတ်ဆွေတို့ရေ ...
ဒီနေ့ ပို့စ်တင်ဖို့ ရွေးချယ်ထားတာ ကတော့ အရောင် သုံးမျိုး
နှင့် နှင်းဆီ 🌹 သုံးပွင့် ဖြစ်ပါတယ်။

ဒီ နှင်းဆီ ပန်းလေးတွေက ယောက္ခမ အိမ်ဝင်း ထဲမှာ
စိုက်ပျိုးထားတဲ့ နှင်းဆီပင် သုံးပင် ဆီက တစ်ပွင့်စီ ကို
ခူးဆွတ်ပြီး ဖန်ခွက်လေး ထဲ ထည့်က စားပွဲတင် ပန်း
အဖြစ် ထားထားတာလေးပါ။

received_874678009710837.jpeg

ဒီပုံကို ကျွန်တော်၏ ခယ်မအငယ်ဆုံးလေး က ဓာတ်ပုံ
ရိုက်ပြီး ပို့ပေးလို့ ခုလို ပို့စ်တင်ခွင့် ရတာပါပဲ။

ကျွန်တော်က ပို့စ်တွေ တင်တာ ဝင်ငွေ အတန်အသင့်
ရတယ် ဆိုတော့ သူတို့လေးတွေက ဝိုင်းကူတဲ့ သဘော
အလှပုံလေးတွေ ပို့ပေးတာပေါ့ဗျာ။
ကျွန်တော် ကလည်း သူတို့ကို ဖုန်းဘေ ထည့်ပေးတာမျိုး
ရှိတာကိုးဗျ။

ကဲ ကြည့်စမ်းပါဦး လှတယ် မဟုတ်လား။
ခယ်မလေးတွေကို မေးတာ မဟုတ်ဘူးနော်။ နှင်းဆီပန်း
လေးတွေကို ပြောတာပါဗျ။

ဪ သို့ ပေ သော် လည်း ပန်း ဘဝ က
မကြွေခင် လှရရှာတာပါလေ။ ဖြစ် ပျက် သမျှ သင်္ခါရ
ကို သူလည်း ဘယ် လွန်ဆန် နိုင်မလဲဗျာ။

မိတ်ဆွေအများ ပြုံးပျော်ကြစေသား။

@golden.future