အန္တရာယ်များခဲ့သော အမှတ်တရ

in #myanmar7 years ago

image

မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း ရှမ်းစုရပ်ရှိ " ဆင်ဖြူစာသင်တိုက် " ကြီးသို့  စာသင်ရောက်ခါစကပေါ့ ။ကျောင်းတိုက်ကြီးတစ်ခုလုံး ဦးဇင်း၊ ကိုရင်တွေက အပါး၈၀၀ ကျော်ကျော်ဆိုတော့ စာကျက်သံတွေက ဆူလို့  ညံလို့  ပျော်စရာတော့ ကောင်းလှပါသည်။ မိမိက ယခုမှ စာသင်တိုက်စရောက်ခါစဆိုတော့ကာ အတန်းငယ်လေးများထားရာ ကျောင်းတော်ကြီးအောက်ထပ်၌ နေရာစီစဉ်ပေးလေသည်။ အတန်းသတ်မှတ်ချက်ကတော့ ဥပစာရတန်း၊ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း ဓမ္မာစရိယတန်း၊ အလင်္ကာရတန်း ဆိုပြီး အတန်းတွေ ခွဲထားပါတယ် ။မိမိကား အငယ်ဆုံး ဥပစာရတန်းမှာပေါ့ ၊မိမိနဲ့ အတန်းတူ အတန်းဖော်အားလုံး ၈၀ လောက်တော့ရှိမည်။ အကုန်လုံး ကျောင်းကြီးအောက်ထပ်၌သာ နေရလေသည် ။အပေါ်ထပ်က စာသင၊် စာချ ဘုရားဝတ်ပြု ရန်အတွက်ဖြစ်ပြီး အောက်ထပ်မှာတော့ မိမိတို့  နေထိုင်ရလေသည်။

image
ကျောင်းတော်ကြီးက ရှေးဟောင်းကျောင်းကြီးတွေဆိုတော့ တိုင်လုံးကြီးတွေနှင့် လှပခန့် ငြားသော်လည်း မိမိတို့ နေထိုင်ရာ အောက်ထပ်က အလင်းရောင်သိပ်မရဘဲ အနည်းငယ်မှောင်နေပါသည။် မိမိနှင့် ကပ်လျက်ဘေးခုတင်က သူငယ်ချင်းက ထားဝယ်လူမျိုး၊ ထားဝယ်သားဦးဇင်းလေးတစ်ပါးဖြစ်ပြီး စကားဝဲလေသည်။ ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးကြရင်းဖြင့် တစ်နေ့  သူ့ နေရာမှာ မီးချောင်းလေး လင်းနေတော့ သဘောကျမိသည်။ ခလုပ်လေးနှိပ်ပြီး မီးအဖွင့်အပိတ် လုပ်လို့ ရသည်ကို အံ့သြမိသည်။ ပလပ်ထိုးလိုက် ဖြုတ်လိုက် လုပ်စရာမလိုဘဲ ခလုတ်လေးနဲ့အဆင်ပြေတာမြင်တော့ မိမိလည်း သဘောကျပြီး သွားဝယ်လာတာပေါ့ ။ခက်တာက ခလုပ်က သူ့ အတိုင်းပါလာပြီး မီးကြိုးကိုယ့် ​ဘာသာ ထည့်ရမှာဆိုတော့ ဘေးနားက ထားဝယ်ဦးဇင်းလေး အကူအညီတောင်းရတော့တာပေါ့။ သူကအိပ်နေတာဆိုတော့ နှိုးရကောင်းမလားဆိုပြီး " ဒါလေးတောင် မလုပ်တတ်ဘူးလားဆိုပြီး " ငေါက်ပါလေရော။ အဲ့ဒါနဲ့ မိမိလည်း မခံချင်စိတ်နဲ့ အမောက်ကလေးထောင်ပြတော့တာပေါ့ ။" ဘာလဲ လူကိုအထင်သေးတာလား physics နဲ့ကျောင်းပြီးလာတာ ဒီလောက်ကတော့ မိုင်နာပဲ ဆိုပြီး " ကြွားလည်းကြွား ပလပ်ခေါင်းက ကြိုးအနီရယ် ၊ခလုတ်က ကြိုးအနီရယ် ၊မီးချောင်းက ကြိုးအနီရယ် အနီသုံးကြိုး စုပြီး လိမ်လိုက်တယ်၊ အမဲလည်း သုံးကြိုးစုပြီးလိမ်လိုက်တယ်။ သူဟာနဲ့သူထည့်ပြီးတော့ ရလောက်ပြီပေါ့ ။ဒါဆို မီးဖွင့်လို့ ရပြီဆိုပြီး ပလပ်ထိုးပြီး ခလုတ်ဖွင့်လိုက်တော့မှ ကျောင်းကြီးအောက်ထပ်တစ်ခုလုံး ဝါယာရှော့ဖြစ်ပြီး မီးခိုးတွေ အူသွားပါလေရောဗျာ။ ဒါတောင် အိပ်နေတဲ့ ထားဝယ်ကိုယ်တော်လေး ပြေးပြီး မိန်းခလုတ်ချတာမြန်ပေလို့ ပေါ့ ။နောက်ကျလို့ ကတော့ တစ်ကျောင်းလုံး မီးလောင်သွားနိုင်သည်။

image
ညရောက်တော့ ဘုရားဝတ်ပြုပြီးတော့ ဆရာတော် ခေါ်ပါလေရော၊ ပြောရမှာတော့ ရှက်ပါသည်။ ကျိုက်ထီးရိုးဝါးလုံးတွေနဲ့ ကျောပြင်ကို ဗျောတင်တာ ဘယ်နှစ်ချက်မှန်းပင် မသိတော။့ ထိုင်မရ ထမရနှင့် နေရတာတော်တော် ခက်ခဲလိုက်ပုံများ ပြောကိုပြောချင်ပါဘူးဗျာ။ နာမည်တော့ကြီးသွားတာပေါ့ " physics နဲ့ကျောင်းပြီးလို့  တော်သေးတာပေါ့ကွယ်တဲ့ မဟုတ်ရင် ငါတောင်နေစရာရှိမှာ မဟုတ်တော့ဘူး " ဆိုတဲ့ ဆရာတော်ရဲ့ ချီးမွမ်းသံက ယနေ့ ထိ နားထဲမှာ ကြားယောင်နေဆဲပေါ့ ။ဒါလည်း အမှတ်တရတွေထဲက အမှတ်တရ တစ်ခုပါ။

Author -@gunapeya
MSC-181

Sort:  

This post has received a 0.34 % upvote from @drotto thanks to: @gunapeya.

This post has received a 16.67 % upvote from @sleeplesswhale thanks to: @gunapeya.

This post has received a 2.16% upvote from thanks to: @gunapeya.
For more information, click here!!!!
Send minimum 0.010 SBD|STEEM to bid for votes.


Do you know, you can also earn daily passive income simply by delegating your Steem Power to @minnowhelper by clicking following links: 10SP, 100SP, 500SP, 1000SP or Another amount

Sneaky Ninja Attack! You have been defended with a 1.28% vote... I was summoned by @gunapeya! I have done their bidding and now I will vanish...Whoosh