ကလေးဆိုး ( ၃ )

in #myanmar6 years ago

image

ဘာလိုလိုနှင့် ချမ်းမြေ့တစ်ယောက် မွေးစားမိဘများအိမ်တွင် နှစ်လကျော်နီးပါးရှိနေသည် ။ မွေးစားမိဘဆိုသော်လည်း မိခင်ရင်းဘက်က ဆွေမျိုးမကင်းသူများဖြစ်သည်ကတစ်ကြောင်း သူကိုယ်တိုင်က အရွယ်နှင့်မလိုက်အောင် ဆိုးသွမ်းနေသည်က တစ်ကြောင်းမို့  လိမ္မာရေးခြားရှိအောင် ပြုပြင်ဖို့  ခေါ်သွားသည့် သဘောပင်ဖြစ်သည် ။ တော်တော်ပြောင်းလဲသွားသည်ဟု ဆိုရမည် ။ ယခင်ကလို အပေါင်းအသင်းတွေနှင့် သွားလာနေရတာမျိုးလည်းမရှိပေ ။ ပင်ကိုယ်စိတ်ရင်းက သိပ်ဆိုးသွမ်းနေသည်မဟုတ်ပေမဲ့ အပေါင်းအသင်းကြောင့် ဂုဏ်တတ် အပေါင်းအသင်းကြောင့်ပဲ ဂုဏ်ပျက်ရသလိုပါ ။ စရိုက်ဆန်သည့်ရပ်ကွက်မှ အပေါင်းအသင်းသူငယ်ချင်းများ၏ စရိုက်များ ကူးစက်ပြီး ဆိုးချင်တိုင်းဆိုး ပေချင်တိုင်းပေနေသမျှ ယခုမူ အပိုးကျိုးနေချေပြီ ။

image
Image Original Source,

သူ့ ကိုခေါ်လာသည့် မွေးစားမိဘများကား ဘာသာတရား ကိုင်းရှိုင်းသည် ။ နောက်တစ်ခုက ရွှေရင်ကျော် ဆိုသည့် ပယောဂများ ကုသည်ဂိုဏ်းဝင် ပုဂ္ဂိုလ်များလည်းဖြစ်သည်မို့  သူအလွန်ကြောက်သည် ။ တစ်နေ့ တစ်နေ့  ပယောဂ လာကုသူများ မြွေကိုက်လူနာများအား သက်သာပျောက်ကင်းအောင် ကုသပေးနိုင်သည့် သူ့ မွေးစားအဖေကို အားကျမိသည် ။ သူ့ လိုပင် ရွှေရင်ကျော် ဂိုဏ်းဝင်ဖြစ်ချင်သောကြောင့် ပြောသမျှနားထောင်သည် ။ ဘုရားတရားလည်း ရိုသေရကောင်းမှန်းသိလာသည် ။ သူ့ အဖေကြီးဘုရားတစ်ခါ ရှိခိုးလျှင် တစ်နာရီခန့် ကြာတတ်သည်မို့  ခြင်မကိုက်အောင် ယပ်ခပ်ပေးနေရသည်ကိုက သူ့ အတွက် ပီတိဖြစ်မိနေသည် ။ မိဘရင်းကိုတောင် ကလန်ကဆန် လုပ်ခဲ့ပေမဲ့ ဒီအဖေကြီးကျမှ သူနာခံတတ်နေသည် ။ ဘာလို့ ဆို အဖေကြီးက ရိုက်နှက်ခြင်းမရှိပေ ။ အပြစ်ကိုပြပြီး မြင်အောင် ပြောတတ်သည် ။ ရင်ထဲရောက်အောင် ဆုံးမတတ်သည် တစ်နေ့ လျှင် သူဖတ်ခိုင်းသည့် စာတစ်ပုဒ်ဖတ်ပြရသည် ။ ဒီလိုနဲ့ တဖြည်းဖြည်းပြောင်းလဲလာသည်ကို သူကိုယ်တိုင်ပင် သတိထားမိလာသည် ။ ကျောင်းတွင်လည်း စာမေးပွဲတွေ ဘာတွေဖြေရာ၌ အဆင့်တွေဘာတွေ ဝင်လာသည် ။ အပြောအဆို အမူအရာကစပြီး သိမ်မွေ့ နူးညံလာတော့သည် ။

image

စာမေးပွဲတွေပြီး ကျောင်းတွေပိတ်တော့ သူ့ ရွာကသူငယ်ချင်းအပေါင်းအသင်းတွေက အလည်လာဖို့  လှမ်းခေါ်သည် ။ သူမသွားဖြစ်တော့ပေ ။ ထိုအပေါင်းအသင်းများကြောင့် ငဟ်ငဟ်ရွယ်ရွယ်နှင့် ဆေးလိပ်သောက်တတ်နေပြီ ။ ကွမ်းမြုံတတ်နေပြီ တစ်ခါတစ်ရံ အရက်ပါမူးလိုက်သေးသည် ။ ကင်းတဲတွေပေါ်လည်းအိပ်ခဲ့ရသည့်ရက်များလည်းရှိသေးသည် ။ ဒါတွေက သူထင်သလို လွတ်လပ်ခြင်း ပျော်ရွှင်ခြင်းမဟုတ်တာ သူသိသွားခဲ့သည် ။ ဒါကြောင့် သူမပြန်ဖြစ်ပေ ။ အဖေကြီးလိုက်အပ်ပေးသော နွေရာသီ ယဉ်ကျေးမှုသင်တန်းတွေသာ လိုက်တတ်နေခဲ့သည် ။ ဒါမှလည်း သူဖြစ်ချင်သော ရွှေရင်ကျော် ဂိုဏ်းဝင် ဆေးဆရာတစ်ဦးဖြစ်မှာကိုး ။ ဒီတော့ အဖေကြီးပြောသမျှ အကုန်လိုက်နာနေတော့သည် ။ နွေရာသီ သင်တန်းလည်းပြီးတော့ အဖေကြီးကိုယ်တိုင် သူ့ ဆရာများပင့်၍ ဆေးပေါက်ပေးတော့သည် ။ ရွှေရင်ကျော်ဂိုဏ်းဝင် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အရက်မသောက်ရ ။ သူတစ်ပါးအိမ်ရာ မဖျက်စီး မပြစ်မှားရ ။ မုသားစကားမဆိုရ ။ နောက်တစ်ခုက အမဲသားလုံးဝမစားရ ။ မြွေသားလည်းမစားရ မြွေနှင့်တူသော ဗုံလုံသီး ခေါ် ပဲလင်းမြွေသီးစသည်တို့ ကိုလည်းမစားရ စသည်ဖြင့် ဆောင်ရန် ရှောင်ရန်များ မှာကြားပြီး လျှာစက် အာစက်များပယ်ဖျောက်ပြီး ကြေးစုတ်တံဖြင့် အဓိဌာန်တင်ကာ သိဒ္ဓိတင်ဆေးပေါက်ပေးတော့သည် ။ ချမ်းမြေ့တစ်ယောက် သူဖြစ်ချင်သော ရွှေရင်ကျော်ဂိုဏ်းဝင်တစ်ဦးဖြစ်ရသည်မို့  အလွန်ပင်ပျော်ရွှင်နေတော့သည် ။

ဆက်ရန်. . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ ။

MSC-181
Author @gunapeya
image

Sort:  

အရှင်​ဘုရားကို တရင်းတနီး​တွေ့ဘူးသလိုဘဲ
ဘယ်​မြို့ကလဲ့ဘုရာ့

uz ဇာတိက ဆိပ်ကြီးခနောင်တိုမြို့လေးပါ ရန်ကုန်တစ်ဖက်ကမ်းပေါ့ နေခဲ့တဲ့မြို့ကတော့ မော်လမြိုင် ဘားအံ့ ရေး ထားဝယ် ဘိတ် ဘက်တွေမှာ နေခဲ့ဖူးပါတယ်

ပတ်‌ဝန်းကျင်‌ရဲ့တန်‌ဘိုးကို မြင်‌သာ‌အောင်‌ ‌ဖော်‌ ပြ‌ပေးလို့ တန်‌ဘိုးရှိ‌သော ဇာတ်‌လမ်း‌လေးပါ။

ကျေးဇူးပါကွယ်

တစ်ဖြေးဖြေးပိုပိုကောင်းလာပြီ ဘယ်အပိုင်းမှာ ဘုန်းကြီးဖြစ်မလဲ သာင့်စားရင်း

အပိုင်း ၁၀ လောက်မှ ထင်တယ် ဒိုမီရေ အပေါင်းအသင်းထပ်မှားဦးမှာ

ရွှေရင်ကျော်ဂိုဏ်း ဆိုတာကြားဖူးတယ် အထက် ဂိုဏ်း ဆိုလားဖဲ ဘုရာ့

ဟုတ်တယ် မကြည်ရေ စုန်းတိုက် ကဝေတိုက် ကစပြီး မြွေဆိပ် ဘာဆိပ် ညာဆိပ် ခွေးရူးကိုက်တာကအစ ကုသပေးပါတယ် ဆေးဖိုးတော့ယူခွင့်မရှိပါ အထက်ဂိုဏ်းပါ

ဗဟုသုတစုံအောင်ရေးတတ်ပဘုရား

ဟိုရောက် ဒီရောက်ဆိုတော့ စုံတာပေါ့ ဦးထွေးရယ်

အပေါင်းအသင်းကြောင့် ပျက်စီးနေကြတဲ့ လူငယ်တွေ တစ်ပုံကြီး ဦးဇင်းရေ သူတို့ကိုလညိး ခေါ်ပြီး ရွှေရင်ကျော်ဂိုဏ်ထဲထည့်ပေးပါလား

နေနိုင်ရင်တော့ အကောင်းသား စည်းဖောက်မိရင် အပြစ်ပိုကြီးနေပါ့မယ်ကွယ်

စိတ်ဝင်စားစရာကောင်းပါတယ်ဘုရားး ... ရိုက်နှက်ဆုံးမခြင်းထက် ပိုပြီး ထိရောက်အကျိုးရှိတဲ့ ဆုံးမနည်းကိုလည်း လေ့လာမိပါတယ်ဘုရား

ဟုတ်တယ်ကွဲ့ ဆုံးမနည်းကွာတော့ ကလေးတွေရဲ့ တိုံပြန်မှုကလည်း ကွာတာပေါ့

တင်ပါ့ ဘုရား ။

ငယ်ရွယ်စဉ်မှာ အပေါင်းအသင်း မမှားဖို့ အရေးကြီးပါဘိကော

ဆေးကု ပယောဂကုတော့မယ့် မောင်ငြိမ်းချမ်းပေါ့

ဆေးပဲကုမလား သူပဲ ဆေးရုံရောက်မလား မသိဘူးဗျို့

ကလေးဆိုးကြီးရေ ဆက်လက်အားပေးနေပါတယ်

ဟုဟု မတ်စု ဆက်ရေးဖို့  အားရှိတာပေါ့ဗျာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62892.68
ETH 2581.23
USDT 1.00
SBD 2.73