သူပြောပြသော သူ့ ဘဝအကြောင်းလေးများ ( ၁ )
မိုးလေးကလည်း တဖြောက်ဖြောက်နှင့် သဲကုန်းမြို့၏ ရာသီဥတုကား အေးချမ်းသာယာစွာပင် ရှိချေသည် ။ ဘုရားဝတ်ပြုပြီးသည်မို့  မိမိလည်း ကော်ဖီလေးတစ်ခွက်ဖျော် စာအုပ်လေးကိုင်ပြီး စာကျက်တော့မည်ပေါ့ ။ မိမိတို့  ဗုဒ္ဓတက္ကသိုလ်တွင် လပတ်စာမေးပွဲ ကျင်းပလာသည်မှာ ယခုလနှင့်ဆို လေးလမြောက်ပင်ရှိချေပြီ ။ နောက်ထပ်နှစ်လဖြေဆိုပြီးပါက first semesterပြီးဆုံးမည်ဖြစ်သည် ။ ယခုတော့ ဒီလအတွက် သင်ခန်းစာတွေ ကျက်မှတ်ရတော့မည် ။ စာကျက်ဆိုလို့  မိမိတစ်ဦးတည်းမဟုတ်ချေ ။ မိမိ၏ တွဲဖက် တစ်ပါးရှိပါသေးသည် ။ သူကအင်္ဂလိပ်စာ အခြေခံသိပ်မပိုင်သည်မို့  မိမိက တွဲခေါ်ပေးရသည် ။ ထို့ သို တွဲထားပေးပြီး တစ်လစာ အမှတ်စာရင်းတွင် အမှတ်ကောင်းသော စာသင်သားကို ဆွမ်းခံနားစေခြင်း စသည့် အခွင့်အရေးများပေးပါသည် ။
စာတူတူကျက်လို့ ပြီးတော့ အဆောင်ပြန်ဖို့ စောသေးသည်နှင့် မိမိ၏ အတန်းဖော်နှင့် စကားစမြည်ပြောဖြစ်ခဲ့ကြသည် ။ တကယ်တော့ မိမိကပင်စ၍
" ဦးဇင်းနေတဲ့မြို့က ဖောင်းပြင် ဆိုတော့ အဲ့ဒီဖောင်းပြင်မြို့က ကဘယ်နားကလဲ တပည့်တော် မကြာဖူးသေးဘူး " ဟုမေးတော့မှ
" ဖောင်းပြင်မြို့က စစ်ကိုင်းတိုင်းထဲကလေ ကလေးတို့  ဟုမ္မလင်းတို့ နားမှာပဲလေ ဦးဇင်းရဲ့ "
ဆိုပြီး ရှမ်းသံဝဲဝဲဖြင့် ဖြေရှာသည် ပြီးတော့ သူကပင် ဆက်ပြောသည် ။
" ဖောင်းပြင်က မြို့ဆိုပေမဲ့ မုံရွာကနေ တစ်ရက်ခရီးသွားရသေးသည်ဘုရား ချင်းတွင်းမြစ်ကနေ ရှပ်ပြေးစီးရင်တောင် တစ်ရက်အိပ်ကြာတယ် ။ တပည့်တော်နေတာက ဖောင်းပြင်မဟုတ်ဘူး ညောင်ကုန်းနဲ့ ဟာပါ ကြားထဲက တောင်ခြေရွာလေးမှာနေရတာပါ " ဆိုပြီးအားငယ်ဟန်ဖြင့် ပြောပြလေသည် ။
" ကျောင်းပိတ်ရင် တပည့်တော် အလည်လိုက်ခဲ့မလို့ မေးကြည့်တာပါ ဦးဇင်းရာ တောင်ခြေမကလို့  တောပဲဖြစ်ဖြစ် တပည့်တော်က ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပြင်းလာတာဆိုတော့ မြို့မှာနေရတာ ငြီးငွေ့နေပြီ တောရွာဓလေ့တွေပဲ လိုက်သွားချင်နေတာဘုရား " ။
" အလည်ကတော့ ခေါ်လို့ ရပါတယ် ခရီးလည်းပန်းမယ် အစားအသောက်ကလည်း မြို့လိုမပေါလျှံဘူး တောအစားအစာပဲ စားရမှာနော် "
ဆိုပြီး သူ့ ရွာရဲ့ လမ်းကြောင်းလေးကို ဆက်ပြောပြပြန်သည် ။
ရန်ကုန်ကနေ မုံရွာကို တစ်ဆင့်စီးရတယ် ။ မုံရွာကနေ ဖောင်းပြင်ကို တစ်ဆင့်စီးရမယ် ။ ဦးဇင်းတို့ သွားနေကြ အမြန်လမ်းတွေလို မဟုတ်တော့ဘူး ။ တောင်တန်းကြီးကို ဖြတ်ရမှာ အကွေ့အကောက်ကလည်းများ ဘေးဘီကြည့်ရင်လည်း ချောက်ကမ်းပါးနဲ့ တောင်နံရံပဲ ရှိတာဘုရား ပင်ပန်းလွန်းတယ် ။ ဒါလည်မရောက်သေးဘူး ။ ဖောင်းပြင်မှာညအိပ် မနက်မှ ရွာကို ကားနဲ့ထပ်သွားရတယ် ။ ညောင်ကုန်းတို့  ဟာပါတို့ ကျော်ပြီးမှ တပည့်တော်တို့ ရွာကိုရောက်မယ် ။ ရွာဘေးဟိုဘက်မှာ ခြသေ့်ချောင်းပဲရှိတယ် ။ ချောင်းဟိုဘက်ဆို အိန္ဒိယ နယ်ထဲရောက်နေပြီ ။ တပည့်တော်တောင် သုံးနှစ်မှ တစ်ခေါက်ပြန်တာ အမေဆုံးသွားတုန်းက လမ်းပန်းဆက်သွယ်ရေးမကောင်းလို့  ပြန်ခွင့်မရလိုက်ဘူး ။ ဒီသီတင်းကျွတ်ဆို အမေဆုံးတာ ငါးနှစ်ပြည့်ပြီလေ " ဆိုပြီး သူ့ ရွာလေးကို မြင်ယောင်နေဟန် ဆွေးဆွေးမြေ့မြေ့ပြောရှာသည် ။
" တပည့်တော်တောင် ရန်ကုန်ရောက်ခဲ့ရတာ ဘုရားတန်ခိုးကြောင့်ပေါ့ ။ တပည့်တော်တို့ အိမ်ကဆင်းရဲတယ် ။ ညီအစ်ကိုမောင်နှမ ကိုးယောက်ရှိတယ် တပည့်တော်က အငယ်ဆုံးပဲ ရွာမှာလေးတန်းအောင်တော့ ငါးတန်းတတ်ဖို့ ကို အမေက ကျောင်းမထားနိုင်လို့  မတတ်ခဲ့ရဘူး ။ အဲ့လိုနဲ့ပဲ လယ်လုပ် ကိုင်းလုပ်နဲ့ပဲ နေခဲ့ရတာဘုရား ။ တစ်နေ့ ကျတော့ ဘုန်းကြီးကျောင်းမှာ အမေနဲ့ ဥပုသ်သွားယူရင်း ဘုရားစင်မှာ တင်ထားတဲ့ ရွှေတြိဂံ ပုံကြီးတွေ့မိတယ်ဘုရား ။ အမေကိုမေးတော့ ရန်ကုန်မှာရှိတဲ့ တန်ခိုးကြီးဘုရားတစ်ဆူတဲ့ အခုရွှေတိဂုံဘုရားကို ပြောတာပေါ့ ။ အဲ့အချိန်ကတော့ ရွှေတိဂုံတွေ ဘာတွေ သိမနေဘူး ။ တပည့်တော်တို့ ဘက်က ရွှေမျောတွေဘာတွေ လုပ်တာတွေ့ဖူးတော့ ရွှေတိဂုံဘုရားပုံမြင်တော့ ရွှေတုံးကြီးအဖြစ်နဲ့ တပည့်တော်က မြင်မိတာပေါ့ ။ နောက်မှ ဘုရားမှန်းသိတာ အဲ့နေ့ ကတည်းက တပည့်တော်ဆုတောင်းတာ ရွှေတိဂုံဘုရားကြီး ဖူးမြော်ရပါလို၏ ဆိုပြီး အမြဲဆုတောင်းခဲ့ရတာဘုရား " ဟုဆိုကာ အနည်းငယ်မောသွားဟန်ဖြင့် ဦးဇင်းစာဆက်လုပ်ဦးမယ်မလား တပည့်တော်ကြောင့် စာလုပ်ပျက်နေဦးမယ်ဟု အလိုက်သိပေမဲ့လည်း မိမိမှာ ဘယ်လိုကြောင့် ရန်ကုန်ရောက်လာပြီး ယခုလို သီတဂူဗုဒ္ဓတက္ကသိုလ်ထိ လျှောက်လှမ်းလာနိုင်သလဲဆိုတာ သိချင်နေပြီဖြစ်သည် ။ အဲ့ဒါနဲ့ " စာကရနေပါပြီ အဲ့ဒါနဲ့ ဦးဇင်းက ရန်ကုန်ဘယ်လိုရောက်လာတာလဲ ဘုရားဟု မေးကြည့်တော့မှ " . . . . . .
အဆက်ကလေးမျှော်ကြပါဦး နည်းနည်းရေးရပျင်းသွားတာ သည်းခံပေးပါ ။
မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုဟ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ။
MSC-181
Author @gunapeya





စိတ်ဝင်စားစရာပဲ စောင့်ဖတ်ပါ့မယ်
ဖတ်ရှုအားပေးတာ ဝမ်းသာတယ် ကိုစောရေ
Congratulations @gunapeya! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPTo support your work, I also upvoted your post!
thank you so much.
ဟုတ်ကဲ့...ဆက်ပြီးဖတ်ဖို့မျော်နေပါ့မယ်...
ကျေးဇူးပါ ခုလိုအားပေးတာ
waiting for …
thank
ဖောင်းပြင်ဇာတိလား ဦးဇင်းက ချင်းတွင်းမြစ်ကမ်းနားကလေ မုံရွာကနေ ဟုမ္မလင်းကို သင်္ဘောနဲ့သွားရင် အဲ့မြို့လေး ဖြတ်ရတယ်
သဘော်နဲ့က အန္တရာယ်များတယ် ဝဲကတော့လည်း များလွန်းလို့ တဲ့
ဖောင်းပြင်ကိုတော့ တစ်ခေါက်မှ မရောက်ဖူးသေးပါဘုရာ့
တောင်တန်းကြီးတွေခြားတော့ အလှမ်းဝေးပြီး နည်းနည်းခေါင်တာဖြစ်မယ်
အယ့် 😁အရှင်ဘုရားလဲ အဆက်လေးနဲ့ စိတ်ဝင်စားပါတယ်ဘုရား အရှင်ဘုရား တို့လို စာသင်သံဃာတော်တွေ ဘဝကို သိချင်မိပါတယ်ဘုရား
ဟုတ်ကဲ့ပါ မကြည်ရေ မနက်ဖြန် pro မှာ အားပေးပေါ့နော်
တော်တော် ဝေးတာဘဲနော် အရှင်ဘုရား။ရန်ကုန်ရောက်လာပုံလေး သိချင်ပါတယ်ဘုရား။
ဟုတ်ကဲ့ မနက်ဖြန် ဆက်ရေးပါ့မယ်
မျော်လင့်စောင့်စားနေပါသည်အရှင်ဘုရား
ဟုတ်ကဲ့ပါ
အားပေးပါသည် ဆက်ရေးပါ
ဟုတ်ကဲ့ ဦးမင်း မနက်ဖြန် ဆက်ရေးမယ်