Kan-cutting DO NOT HANG UP
ခလုတ်တိုက်မိလိုက်ရုံနဲ့ လဲကျသွားလို့
ပြန်မထနိုင်ရင် ကံကြမ္မာရဲ့ အပြစ်မဟုတ်တော့ဘူး
ကိုယ့်ရဲ့ ပျော့ညံ့မှု ဖြစ်သွားပြီ။
ချစ်သူနဲ့ လမ်းခွဲခဲ့ရလို့ ဘဝကို ဟန်ချက်မထိန်းနိုင်ရင်
ကံကြမ္မာရဲ့ အပြစ်မဟုတ်တော့ဘူး
ကိုယ့် စိတ်ဓာတ်သက်လုံ အသုံးမကျတာ
ဖြစ်သွားပြီ။
ဆင်းရဲတွင်းနက်တယ်ဆိုပြီး မကြိုးစားဘဲဖြစ်သလိုနေတာက
ကံကြမ္မာရဲ့ အပြစ်မဟုတ်ဘူး
ကိုယ်အသုံးမကျတာကို ဝန်မခံချင်လို့
ကံကြမ္မာကို တရားခံရှာလိုက်ခြင်းပဲ။
ကိုယ့်ထက်တော်တဲ့ လူတွေ
လောကကြီးမှာရှိနေတာက ကံကြမ္မာရဲ့ အပြစ်လို့
မဆိုပါဘူး
သူ့လို တော်ချင်ရင် သူ့လို မကြိုးစားခဲ့တဲ့
ကိုယ့်ရဲ့ ဝီရိယအားနည်းမှုပါ။
တစ်ခုခုဆိုရင် အခြားသူကို တရားခံရှာပြီး
အပြစ်ပုံချတာက လူညံ့တွေအလုပ်ပါ
အောင်မြင်နိုင်တဲ့ လူတစ်ယောက်က
သူများကို တရားခံရှာဖို့ထက် ကိုယ့်အားနည်းကို
မြင်အောင်ကြည့်ပြီး ကံတရားကို
ဥာဏ်ပညာနဲ့ ထိန်းသိမ်းတယ်။
တစ်ခုခုဆိုရင် ကံတရားကို အပြစ်ပုံချနေသမျှ
ကံကြမ္မာရဲ့ ဒဏ်ခတ်ခြင်းကို
ပို၍ပို၍ ခံရမယ်ဆိုတာ သေချာသလောက်ပါပဲ။