About of USS Enterprise(CV-6) (or) The big E

in #military6 years ago (edited)

ဒီနေ့တော့ ဒုတိယ ကမ္ဘာစစ်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့US Navyရဲ့ လေယာဉ်တင် သင်္ဘောကြီး USS Enterprise အကြောင်း တင်ဆက်ပေးသွားပါမယ်...USS EnterpriseဟာWWIIအတွင်း US Navy(ရေတပ်)ရဲ့ ၇ခုမြောက် အသက်သွေးကြောပင်ဖြစ်သည်.နာမည်ပြောင်အနေ ဖြင့် The Big E ဟလည်ုး ခေါ်ဆို ကြသည်..US Navyရဲ့ ၆စီးမြောက် လေယာဉ်တင်သင်္ဘောဖြစ်သည်...Yorktown class carrierအမျိုးအစားဖြစ်ပြီး သူမကို 1936 ခုနှစ်မှာ စတင်မောင်းနှင်ခဲ့ကာ ရွက်ခဲ့ကာ World War II မတိုင်မီ သုံးစီးရှိသည့် အနက် တစ်စီးသာ တပ်တော် ဝင်နိုင်ခဲ့သော လေယာဉ်တင်သင်္ဘောဖြစ်သည်...ကျန်တဲ့ နှစ်စီးမှာSaratoga နဲ့ Rangerဖြစ်ပြီး တပ်တော်မဝင်နိုင်ခဲ့ပေ..သို့သော် စစ်အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်...

USS Ranger
သူမကို 1933ခုနှစ်၌ ဆောက်လုပ်ရန် အမိန့်ကျခဲ့ကာ 1934 July 16နဲ့ ရေချနိုင်ခဲ့ပြီး 1936ခုနှစ်၌ မောင်းနှင်စေခဲ့ကာ 1938 May 12၌ စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်စေခဲ့ကာ...1947
Feb 17 ၌ ရရှိသည့် damageများကြောင့် အနားပေးလိုက်ပြီး အကြီးစား ပြင်ဆင်မှု အစားထိုးမှု များ ဆောင်ရွက်ခဲ့သည်...USS Enterprise၏အခြားနာမည်ပြောင်များစွာလည်း ရှိသေးသည် The big E,The Lucky E,The Grey Ghost,The Galloping Ghost သူ့ရဲ့ စွမ်းဆောင်ရည်များ ကြံခိုင်မှုများကြောင့် နာမည်ပြောင်များ ရရှိခဲ့သည်...USS Enterpriseအလေးချိန်ဟာ 21000တန်အထိ အလေးချိန်ရှိ ဝန်ပြည့်32060တန်အထိ တင်ဆောင်နိုင်သည်...အလျားအနေနဲ့ 827 ပေ 5လက်မ(252.2m) အထိရှိကာ ကုန်းပတ်အနေနဲ့ 114.5ပေ (29.1m)အထိ ကျယ်ဝန်းသည်.

Backcock and Wilcox Boiler 9လုံး တပ်ဆင်ထားကာ 120000shp(89484kw)ထုတ်ပေးနိုင်သည်...သင်္ဘောကြီး ရဲ့ အမြန်နူန်းအနေဖြင့် 32.5 kilonolt အမြင့်ဆုံး မောင်းနင်နိုင်ကာ
15kilonoltဖြင့် 14400mile စစ်ဆင်နိုင်သည်...သင်္ဘောပေါ်တွင် အရာရှိ အမှုထမ်းပေါင်း
2217ယောက်တာဝန်ထမ်းဆောင်နိုင်သည်...
CXAM-1 Radar အကြီးစားကို တပ်ဆင်ထားပြီး
တပ်ဆင်ထားသော လက်နက်များအနေဖြင့်
20mm Oreikonစက်အမြောက် 32လက် ၊ 40mm Bofors 54လက် ၊ 5in/38 caliber ၈လက် ဖြင့် အသီးသီး တပ်ဆင်ထားသည်
သံချပ်ကာ အထူအနေဖြင့် ခါးပတ်လည်တွင် 2.5-4 in / ကုန်းပတ၊် မျှော်စဉ်၊ သဘောင်္ကိုယ်ထည့် နှင့် ကျန်အစိတ်အပေါင်းများကို 4လက်မသည် 5လက်မ အထူရှိသော သံမဏိများဖြင့် တည်ဆောက်ထားသည်..

Aircraft carrier တစ်စီးဖြစ်သည့် နှင့်အညီ တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်ပေါင်း အစီး ၉၀ တင်ဆောင်ကာ တာဝန်ထမ်းဆောင်နိုင်သည်...သဘောင်္ပေါ်ရှိ လေယာဉ် ပျံတတ်ရေး စနစ်တွင် elevator 3ခု ၊flight deck hydraulic catapults 2ခု နှင့် hanger deck hydraulic catapults 1ခု ဆီ တပ်ဆင်ထားသည်...
USS Enterpriseဟာ WWII အတွင်း ဂျပန်ကို နှစ်ကြိမ်တိုင်တိုင် ပာဝင် တိုက်ခိုက်ခဲ့ပြီး ပထမတစ်ကြိမ်မှာ ဂျပန်တို့ရဲ့ ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် တော်တော်များများ ပျက်စီးခဲ့ရပြီး ဆိပ်ကမ်းကို မနည်းရောက်အောက်ပြန်လာခဲ့ရပါတယ်...ထိုနောက် ပြင်ဆင်မှုများပြန်လုပ်ပြီး 1945ခုနှစ်မှာ ဂျပန်ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် ထွက်ခွာခဲ့ပါတယ်... USS Enterprise ဟာ ပုလဲဆိပ်ကမ်းကို ဂျပန်တို့ ဗုံးကြဲတိုက်ခိုက်မှု အတွင်း ကျန်ရှိခဲ့သောAircraft carrierဖြစ်ကာ ပစိဖိတ် စစ်မြေပြင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်...သမိုင်းဝင်တိုက်ပွဲတွေဖြစ်တဲ့ Mid way တိုက်ပွဲ ၊ Eastern Solomons တိုက်ပွဲ ၊ Santa Cruz Islandတိုက်ပွဲ ၊ ဖိလစ်ပိုင်ပင်လယ် တိုက်ပွဲ ၊ Leyte Gulfတိုက်ပွဲ နှင့်ဘအခြားသော ရေကြောင်းတိုက်ပွဲများစွာကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်...US Navyရဲ့
ဂုဏ်ဆောင်အဆင့်သတ်မှတ်ချက်များတွင် 20 Stars အထိ ရရှိကာ US Navy၏ အခြားသော
firgate, Cruiser, Destroyer,Battle ship, Aircraft Carrierများထဲတွင် USS Enterprise ဟာ Starအများဆုံး ရရှိခဲ့သော သင်္ဘောကြီး တစ်စင်းဖြစ်သည်...နောက်ထပ် ဆုများစွာကိုလည်း ရရှိခဲ့သေးသည် ...
ထို့အပြင် USS Enterprise ဦးဆောင်သော စစ်ရေယာဉ်အုပ်စုဟာ ရန်သူ့အသက်သွေးကြော သဖွယ်ဖြစ်နေသာ ပစိဖိတ်ဒေသရှိ စစ်ရေယာဉ်များကို ပစ်ခတ် နစ်မြုပ်စေခဲ့သောကြောင့် ရန်သူများ၏ ပစ်မှတ်သတ်မှတ်ခြင်းခံရသော ပထမဆုံး စစ်ရေယာဉ်ဖြစ်လာလေသည်... USS Enterpriseအား တိုက်ခိုက် နစ်မြုပ်ရန် ဂျပန် ရေတပ်ရှိ I-70 ရေငုပ်သင်္ဘောဖြင့် 1941 Dec 10တွင်တစ်ခါ , ဂျပန်တိုက်လေယာဉ်များ၏ အသေခံ တိုက်ခိုက်မှုများကြောင့် ၆ကြိမ် အစရှိသည့် ဖြင့် အမျိုးမျိုးတိုက်ခဲ့သည်..နောက်ဆုံးတွင် ဂျပန်တို့ USS Enterpriseအား တိုက်ခိုက်၍ မနစ်မြုပ်နိုင်သောကြောင့် " The Grey Ghost"ဟု နာမည်ပေးခံရလောက်အော့င် ကြံ့ခိုင်မှု ရှိလှသော
ဒုတိယ ကမ္ဘာစစ်၏ လေယာဉ်တင် သင်္ဘောကြီး တစ်စီးပင်ဖြစ်ပါတော့သည်...
Translate and writer- Htetlinnaung
Photo from google
Ref link- https://en.m.wikipedia.org/wiki/USS_Enterprise_(CV-6)
ကမ္ဘာ့အင်အားအကြီးမားဆုံး ထိပ်တန်းရေတပ်ကြီးများ အပိုင်း-(၂) အားနောက်တစ်ပိုင်းတွင် ဆက်လက်ရေးသားသွားပါမည်...
MSU-006
#msu

Sort:  

အများကြီး ကြိုးစား​ရေးထားတာ သိပ်​သ​ဘောကျမိပါတယ်​..

ဗဟုသုတ ရပါတယ်

Good knowledge for me

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63315.23
ETH 2545.47
USDT 1.00
SBD 2.67