ရည်မှန်းချက်များ နှင့် ဘဝ(Hope and Life)

in #hope7 years ago (edited)


ရည်မှန်းချက် ဆိုသည်မှာ လူသားတိုင်းတွင်ရှိလေသည်...လူတိုင်းတွင်လည်း ရှိသင့်သော အရာတစ်ခု ဖြစ်သည် ငယ်စဉ်ကလေးဘဝကပင် မိမိလက်ရှိ အရွယ်ထိ ရည်မှန်းချက် များ/တစ်ခုကို ထားသင့်တယ်...ငါ ဘာဖြစ်ချင်လဲ/ငါဘာလုပ်ချင်လဲ ငါနဲ့ဘာ ကိုက်ညီလဲ ဆိုတာကို မိမိရည်မှန်းချက်မတွေ့သေးသရွေ့ စဉ်းစားသင့်သည်...ရည်မှန်းချက်မရှိသောသူသည် သေနေသောလူ မသီးသောအပင် နဲ့တူပေသည်...ရည်မှန်းချက် ရှိရုံနဲ့ မရ အဆိုပါ ရည်မှန်းချက်ကိုလည်း လက်တွေ့ အကောင်အထည်ဖော်ရန်လိုအပ်သည်...ရည်ရွယ်ချက်ရှိပြီး အကောင်ထည်မဖော်သူသည်လည်းပဲ သေနေသူနဲ့ အတူတူပင်.ရည်မှန်းချက်ထားပြီးတာနဲ့ တစ်ပြိုက်နက် ငုင်းအတွက် အကောင်အထည်ဖော်ပါ...အကောင်အထည်ဖော်ရာ၌လည်း ပန်းတိုင်များ သတ်မှတ်ထားသင့်သည်..

ပန်းတိုင်သတ်မှတ်သည်ဟုဆိုရာ၌ ပန်းတိုင် များကို Targetများကို အဝေးကြီး မသတ်မှတ်သင့်ပေ. မိမိနှင့် အနီးစပ်ဆုံးနေရာများကို သတ်မှတ်ပြီးမှသာ တစ်ဆင့်ပြီး တစ်ဆင့် တတ်လှမ်းသင့်သည်...ပန်းတိုင်ကို အဝေးကြီး သတ်မှတ်သောအခါ မိမိ၏ ဦးတည်ရာအတွက် လုပ်ဆောင်ရမည်များကို အားလျော့သွားသည်.ရည်မှန်းချက် ပျောက်ဆုံးသွားတတ်သည်..အဓိကရည်မှန်းချက်တစ်ခုထားပါ..အဆိုပါ ရည်မှန်းချက်သည် တစ်ခါထဲနှင့် မဖြစ်နိုင် အဆင့်ဆင့် ဖြတ်ပြီး ပန်းတိုင်များစွာ လိုအပ်သည်...ထိုသို့ ရည်မှန်းချက် တစ်ခုလုပ်ရာတွင်လည်း အနှောင့်အယှက်များ မရှိမှသာ ပန်းတိုင်သို့ အဆင်ပြေလွယ်ကူစွာ ရောက်ရှိနိုင်မည်...အရက်/ကွမ်း/ ဆေးလိပ/် မူးယစ်ဆေးဝါးကို အထူးရှောင့်သင့်သည်..အဆိုပါအရာများသည်ကား တစ်ချိန်မဟုတ် တစ်ချိန် မိမိအားထိခိုက်လာမည်မှာ အမှန်ပင်...

ရည်မှန်းချက်အတွက် ရံဖန်ရံခါ စွန့်စားသင့်သည်...တစ်ခါတစ်လေ ဘဝအတွက် ကိုယ့်ရည်မှန်းချက်အတွက် စွန့်စားခဲ့ရတာများရှိလေသည်
စာရေးသူလို့ ပဲ သုံးစွဲပါရစေ...စာရေးသူ၏ ဦးလေး တစ်ယောက်တွေ့ဖူးသည်...သူကား ငယ်စဉ်ကတည်းက စစ်သားဖြစ်ချင်သူပင်...1998ခုနှစ်သူ ဆယ်တန်းအောင်သည်... ထုံးစံအတိုင်းDSA(စစ်တက္ကသိုလ်) ဝင်ဖြေသည်...ကံကြမ္မာ၏ လှည့်စားမှုကြောင့်ပင်လား...ရေးဖြေစာမေးပွဲဖြေမည့်နေ့မတိုင်ခင် ဖျားလေသည်...အဖျားကား ရေးဖြေစာမေးပွဲကျော်သွားသည်ပင်မသက်သာသေး...DSAဝင်ခွင့် သူလွဲခဲ့လေပီ...နောင်နှစ်ကျော်မှ ဝင်ဖြေလျှင်လည်း အချိန်ကုန် ရေးဖြေ လူတွေ တွေမှာ ကျရင်ကျအုံးမည်..ရာထူးမလို စစ်သားဖြစ်ဖို့ကအရေးကြီးသည်မဟုတ်ပါလား .အဲ့အတွက် သူ့အတွက် စွန့်စားခန်း ဖွင့်ရတော့မည်...ဆောင်းရာသီ မနက်အစောပိုင်း ၃နာရီခန့် မိဘအိမ်တွေ မသိအောင် မိမိအိမ်ငယ်လေးကို စွန့်ပြီး ခလရ(-)ရှိရာတပ်နယ်မြို့လေးသို့ စွန့်ခွာခဲ့လြေသည်...အိမ်ကလူတွေကတော့ လူပျောက်ရှာကြပြီ...တစ်လလောက်ကြာမှ ၁၅ရက်လောက်ကြာမှ မိမိ တပ်ထဲဝင်သွားကြောင်း စာပို့လိုက်သည်...ဒီလိုနဲ့ တပ်သား ဘဝ မှ တပ်ကြပ်ကြီးဘဝထိ ရှေ့တန်းထွက်ရင်း ကျင်လည်ခဲ့ရတယ်...တပ်ကြပ်ကြီး ဘဝမှာ ရှေ့တန်းပြန်လာရင်း OTS ခေါ်တာနှင့်ကြုံသည် သူဝင်ဖြေသည်...အောင်သည် OTSသင်တန်း ၉လကျော်တတ်ရောက်ပြီး နောက် ဒုဗိုလ်ကလေး ဖြစ်လာသည်...ဒုဗိုလ်ဘဝ၌လည်း ရှေ့တန်း ၌သာ အချိန်ကုန်ခဲ့လေသည်...ဒီလိုနဲ့ ရာထူးတွေ တဖြေးဖြေးတိုးကာ
ဗိုလ်ကြီး ပင်ဖြစ်နေလေပြီ..ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ပင်ရရှိထားလေပြီ..သူဖြစ်ချင်ခဲ့တဲ့ သူရည်မှန်းချက်ဘဝကို တပ်သားကလေးဘဝကနေ ဗိုလ်ကြီး ဘဝအထိ ဒူးမထောက် လက်မမြောက်ပဲ ပန်းတိုင်တွေ တစ်ခုပြီး တစ်ခု ဖြတ်ကျော်ကာ သူအောင်မြင်ခဲ့လေပြီ..
ဒီနေရာမှာ စာရေးသူ ပြောချင်တာက ရည်မှန်းချက်တွေ အတွက် တစ်ခါတစ်လေ ပန်းတိုင် ရောက်ခါနီး မှ လွဲချော်မှုတွေ မမျှော်လင့်တဲ့ကံကြမ္မာရဲ့လှည့်စားမှုတွေကြောင့် မိမိရည်မှန်းချက်တွေ
ပျောက်ဆုံးသွားလောက်အောင် အကောင်အထောင်မဖော်ချင်လောက်အောင် ဖြစ်သွားတတ်ပါတယ်... အားမလျော့ပါနဲ့ ကြိုးစားပါ..ရည်မှန်းချက်မပြည့်သေးသ၍ ဆက်လက်အကောင်ထည်ဖော်ပါ...ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်ပါတယ် ဆိုတဲ့ ဆိုရိုးစကားလည်း ရှိသည်မဟုတ်ပါလား...
ထိုကြောင့် ကျွန်တော့် မိတ်ဆွေများလည်း မိမိရည်မှန်းချက် မိမိ အနာဂတ်ကို ကိုယ်တိုင် ထုဆစ်ပုံဖော်ရင်း တစ်ဆင့်ပြီး တစ်ဆင့်တတ်လှမ်းကာ
အောင်မြင်မှု သရဖူ ဆောင်းနိုင်ကြပါစေလို့ ဆုတောင်း ထောပနာ ပြုရင်း....
ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား
(

Time- 5:35,16.8.2017
Writer- Htetlinnaung
Photo-Google

Sort:  

စောင့် မေမျှာ် ဖတ်ရှု

ဟုတ် အစ်ကို

ကျေးဇူးပါ အစ်ကို

အ​ပေါ်က comment က bot ပါ
Vote လိုချင်​လို့လာတာ
ညီကို vote မထားပါဘူး
စာ​တွေရဲ့ ​ရှေ့မှာ speace ရှိရင်​ စာ​တွေ​သေးပြီး တစ်​မျိုးဖြစ်​သွားတတ်​ပါတယ်
အောင်​မြင်​ပါ​စေ

ဟုတ်အစ်ကို ပြောပြပေးတဲ့အတွက် ကျေးဇူးပါ...

I think as an American society, when we're paying too many taxes or dealing with war, we don't want to see sad things at the movies.

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 60270.89
ETH 2383.52
USDT 1.00
SBD 2.57