ကမ္ဘာ့အင်အားအကြီးမားဆုံးထိပ်တန်းရေတပ်ကြီးများ အပိုင်း(၂)

in #military6 years ago (edited)

အရင်အပတ်ကအဆက်ပြတ်သွားတဲ့ ကမ္ဘာ့အင်အားအကြီးမားဆုံးထိပ်တန်းရေတပ်ကြီးများ အပိုင်း(၂) ကို ဆက်လက်ဖော်ပြရေးသားဖော်ပြပါမယ်..
အပိုင်း(၁)ကို အောက်ပါlinkတွင် ဝင်ရောက်ဖတ်ရူနိုင်သည်...
https://steemit.com/navy/@htetlinnaung/a4gt8-km-aangaaa-kimasaundefined-taiptneyatp-kiundefined-apong-1
(၅) ဗြိတိန်တော်ဝင်ရေတပ်

ဗြိတိန်နိုင်ငံ၏ တော်ဝင်ရေတပ်မတော်ကြီးသည် ကမ္ဘာ့အကြီးမားဆုံး ထိပ်တန်းရေတပ်ကြီးများအနက် ပဉ္စမမြောက် အင်အားအကြီးမားဆုံး ထိပ်တန်းရေတပ်ကြီးဖြစ်သည်...ဗြိတိသျှတော်ဝင်ရေတပ်ကြီးတွင် လေယာဉ်တင်သင်္ဘောတစ်စင်း ၊ ကုန်းရေနှစ်သွယ် သုံး တိုက်သင်္ဘော နှစ်စီး ၊ ကမ်းတတ်ရေယာဉ် ၆စီး ၊ ဖျက်သင်္ဘော ၈စီး ၊ မိုင်းရှင်းရေယာဉ် ၁၅ စီး ၊ ကင်းလှည့်ရေယာဉ် ၂၅စီး
ဖရီးဂိတ်စစ်သင်္ဘော ၁၃စီး ၊ တိုက်ခိုက်ရေးရေငုပ်သင်္ဘော ၁၈စီးနှင့် ဒုံးကျည်တပ်ရေငုပ်သင်္ဘော ၄စီးပါရှိသည်...ဗြိတိသျှတော်ဝင်ရေတပ်မတော်ကြီးတွင် ကော်ဗက်ထ် စစ်ရေယာဉ်တစ်စီးမှ မရှိချေ...ဗြိတိသျှ တော်ဝင်ရေတပ်မတော်ကြီးတွင် အသုံးပြုလျက်ရှိသော စစ်ရေယာဉ် အစီး ၁၀၀ရှိပြီး ရေတပ်တွင် လက်ရှိ စစ်မှုထမ်းလျက်ရှိသော ရေတပ်စစ်သည်အင်အား ၃၆၆၀၀ ဦးရှိသည်...
(၆)ပြင်သစ်ရေတပ်မတော်

ပြင်သစ်ရေတပ်သည် ဆဋ္ဌမမြောက် ကမ္ဘာ့အင်အားအကြီးဆုံး ထိပ်တန်းရေတပ်ကြီး တစ်ခုဖြစ်သည်...ပြင်သစ်ရေတပ်မတော်တွင် လေယာဉ်တင် သင်္ဘောတစ်စီး ၊ ကုန်းရေနှစ်သွယ်သုံး တိုက်သင်္ဘော ၃စီး ၊ ကမ်းတတ်ရေယာဉ် ၂စီး ၊ ဖျက်သင်္ဘော လေးစီး ၊ ကင်းလှည့်ရေယာဉ် ၁၅စီး ၊ ဖရီးဂိတ်စစ်သင်္ဘော ၁၉ စီး ၊ မိုင်းရှင်းသင်္ဘော ၁၈စီး ၊ တိုက်ခိုက်ရေး နှင့် ဒုံးကျည်တပ်ရေငုပ်သင်္ဘော ၄စီးတို့ဖြစ်သည်...ပြင်သစ်ရေတပ်တွင် ခရုဇာစစ်သေင်္ဘာများ နှင့် ကော့ဗက်စစ်ရေယာဉ်များ မရှိသေးချေ...ကမ္ဘာ့ဆဋ္ဌမမြောက် အကြီးမားဆုံး ပြင်သစ်ရေတပ်ကြီးတွင် စစ်ရေယာဉ် စုစုပေါင်း ၇၂စီး ပါရှိပြီး ရေတပ်ကြီးတွင် လက်ရှိ စစ်မှု ထမ်းလျက်ရှိသော ရေတပ်စစ်သည်အင်အား ၄၄၀၀၀ဦးရှိလေသည်..
(၇)အိန္ဒိယရေတပ်မတော်

အိန္ဒိယရေတပ်မတော်တွင် ကမ္ဘာ့အင်အားအကြီးမားဆုံးသော ထိပ်တန်းရေတပ်ကြီးများအနက် သတ္တမမြောက် အကြီးမားဆုံးသော ရေတပ်ကြီးဖြစ်သည်...အိန္ဒိယရေတပ်မတော်ကြီးတွင် လေယာဉ်တင်သင်္ဘောတစ်စီး ၊ ကုန်းရေနှစ်သွယ်သုံး တိုက်ရေယာဉ် ၁စီး ၊ ကမ်းတတ်ရေယာဉ် ၁၉ စီး ၊ ဖျက်သင်္ဘော ၈ စီး ၊ ကောဗတ်ထ်စစ်ရေယာဉ် ၂၄ စီး ၊ ဖရီးဂိတ်စစ်သင်္ဘော ၁၂ စီး ၊ ကင်းလှည့်ရေယာဉ် ၃၂ စီး ၊ မိုင်းရှင်းသင်္ဘော ၈ စီး ၊ တိုက်ခိုက်ရေးရေငုပ်သင်္ဘော ၁၄ စီး နှင့် ဒုံးကျည်တပ်ရေငုပ်သင်္ဘော ၁ စီးတို့ရှိသည်...အိန္ဒိယရေတပ်ကြီးတွင် ခရုဇာ စစ်သင်္ဘော တစ်မျိုးတည်းသာ မပိုင်ဆိုင်နိုင်သေးချေ...အိန္ဒိယရေတပ်မတော်တွင် စစ်သင်္ဘော ၁၅၅ စီးရှိပြီး စစ်မှု ထမ်းလျက်ရှိသော ၅၈၆၀၀ဦးရှိသည်...
(၈)တောင်ကိုရီးယားရေတပ်မတော်

တောင်ကိုရီးယားရေတပ်မတော်သည် ကမ္ဘာ့အင်အားအကြီးဆုံး ထိပ်တန်းရေတပ်ကြီးများအနက် အဋ္ဌမမြောက် အင်အားအကြီးမားဆုံးသော ရေတပ်ကြီးတစ်ခုဖြစ်လေသည် ကုန်းရေနှစ်ထွေ တိုက်ရေယာဉ် ၁စီး ၊ ဖျက်သင်္ဘော ၁၀စီး ၊ ကောဗက်စစ်ရေယာဉ် ၂၅ စီး ၊ ဖရီးဂိတ်တိုက်ရေယာဉ် ၉ စီး ၊ ကင်းလှည့်ရေယာဉ် ၂ စီး ၊ မိုင်းရှင်းရေယာဉ် ၁၀ စီး နှင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၁၃ စီးတို့ရှိသည်...တောင်ကိုရီးယားရေတပ်မတော်တွင် လေယာဉ်တင်သင်္ဘောများ ၊ ကမ်းတတ်စစ်ရေယာဉ်များနှင့် ခရုဇာစစ်ရေယာဉ်များ မရှိသေးချေ...ကမ္ဘာ့အဋ္ဌမမြောက် အင်အားအကြီးမားဆုံးသောတောင်ကိုရီးယား ရေတပ်မတော်ကြီးတွင် အသုံးပြုလျက်ဏှိသော စစ်ရေယာဉ် စုစုပေါင်း အစီး ၇၀ ခန့်ရှိပြီး စစ်မှု ထမ်းလျက်ရှိသော စစ်သည်၆၀၀၀၀ဦးခန့်ရှိသည်...
(၉)အီတလီရေတပ်မတော်

ကမ္ဘာ့အင်အားအကြီးမားဆုံးသောရေတပ်ကြီးများတွင် အီတလီနိုင်ငံ၏ ရေတပ်ကြီးများတွင် နဝမမြောက် ကမ္ဘာ့အင်အားအကြီးမားဆုံးရေတပ်ကြီးဖြစ်သည်...အီတလီရေတပ်မတော်ကြီးတွင် လေယာဉ်တင် သင်္ဘော ၂ စီး ၊ ဖျက်သင်္ဘော ၄ စီး ၊ ကမ်းတတ်ရေယာဉ် ၃ စီး ၊ ကင်းလှည့်ရေယာဉ် ၁၄ စီး ၊ ဖရီးဂိတ်စစ်ရေယာဉ် ၁၂ စီး ၊ မိုင်းရှင်းသင်္ဘော ၁၇ စီး နှင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၆ စီးရှိလေသည်...ကုန်းရေနှစ်သွယ်သုံး တိုက်ရေယာဉ်များ ၊ ခရုဇာ စစ်သင်္ဘောများ နှင့် ဒုံးကျည်တပ်ရေငုပ်သင်္ဘောများ မရှိသေးချေ...အီတလီနိုင်ငံ၏ ရေတပ် တပ်မတော်ကြီးတွင် လက်ရှိ အသုံးပြုလျက်ရှိသော ရေယာဉ် အစီးပေါင်း ၆၆ စီး နှင့် ရေတပ်တွင် လက်ရှိ စစ်မှု ထမ်းလျက်ရှိသော ရေတပ်စစ်သည်အင်အား ၃၅၅၀၀ဦးကှိလေသည်...
(၁၀)တရုတ်(တိုင်ပေ)ရေတပ်မတော်

တရုတ်(တိုင်ပေ)ရေတပ်သည် ကမ္ဘာ့အင်အားအကြီးမားဆုံးသော ထိပ်တန်းရေတပ်ကြီးများတွင် ဒသာမမြောက် အင်အားအကြီးမားဆုံး ရေတပ်ဖြစ်သည်...တရုတ်တိုင်ပေရေတပ်တွင် ဖျက်သင်္ဘော လေးစီး ၊ ကင်းလှည့်ရေယာဉ် ၁၂ စီး ၊ ဖရီးဂိတ်စစ်သင်္ဘော ၂၂ စီး ၊ မိုင်းရှင်းသင်္ဘော ရှစ်စီး နှင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၂ စီးပါရှိသည်...တရုတ်တိုင်ပေရေတပ်ကြီးတွင် လေယာဉ်တင် သင်္ဘောများ ၊ ကမ်းတတ်ရေယာဉ်များ ၊ ခရုဇာ စစ်သေင်္ဘောများ ၊ ကော့ဗတ်ထ် တိုက်ခိုက်ရေး ရေယာဉ်များ ၊ ဒုံးကျည်တပ်ရေငုပ်သင်္ဘောများနှင့် ကုန်းရေနှစ်သွယ်သုံး တိုက်ရေယာဉ်စစ်သင်္ဘောများ မရှိသေးပေ။ တရုတ်တိုင်ပေရေတပ်မတော်တွင် အသုံးပြုလျက်ရှိသော စစ်သင်္ဘောစုစုပေါင်း ၅၀ ခန့်ရှိပြီး စစ်မှုထမ်းနေသော ရေတပ်စစ်သည်ပေါင်း ၃၈၀၀၀ဦးရှိသည်...
ကမ္ဘာအင်အားအကြီးမားဆုံးသောထိပ်တန်းရေတပ်ကြီးများ အကြောင်းကို ဤနေရာတွင် အဆုံးသတ်မည်...
MSU-006 @htetlinnaung
Translate and Writing- @htetlinnaung
Ref link-http://www.insidermonkey.com/blog/readytopublish-11-strongest-navies-in-the-world-2017-rankings-533046/

http://alltoptens.com/top-ten-naval-forces-in-the-world/

https://www.themeshnews.com/top-10-countries-with-best-navy-force-in-the-world-2016/

Sort:  

Well done @htetlinnaung! You successfully guessed the match result.

Round 16 - Sweden vs Switzerland
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Round of 16 - Day 3


Do you like the SteemitBoard World Cup Contest?
Vote for @steemitboard as a witness and get one more award!

Good Knowledge

Well done @htetlinnaung! You successfully guessed the match result.

Round 16 - Colombia vs England
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Round of 16 - Day 4


Do you like the SteemitBoard World Cup Contest?
Vote for @steemitboard as a witness and get one more award!

အလန်းကြီး​တွေ

Congratulations @htetlinnaung! You have received a personal award!

SteemitBoard World Cup Contest
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63549.46
ETH 2562.53
USDT 1.00
SBD 2.66