ခေတ်မှီခြင်း
ခေတ်မီတာ ဒီခေတ်က လူတိုင်းက ခေတ်မီနေကြတာပါပဲ။ ဒီခေတ်မီတဲ့အထဲမှာမှ ခေတ်ဆန်တာ သာမန်ဆို လက်ခံလို့ရနိုင်ပေမယ့် သိပ်တရားလွန်လာတဲ့ ခေတ်ဆန်တာမျိုးကတော့ လက်ခံရခက်လွန်းပါတယ်။
Image source
ခေတ်ဆန်ခြင်းတွေ တရားလွန်လာကြတဲ့အခါ ကျွန်တော်တို့ခေတ်ကြီးမှာ စိတ်ပျက်စရာ လူ့ပတ်ဝန်းကျင်ကြီး ဖြစ်လာတော့တာပါပဲ။လူတွေကြားထဲ ထင်ပေါ်ကျော်ကြားသူတို့တွေက သူတို့ရဲ့ အမည်နာမအတွက် အဟော့ဆုံး အလန်းဆုံး ဖြစ်ပေးအာင်ဆိုတဲ့ ပုံရိပ်ကိုဖန်တီးကြပြီး ခေတ်ဆန်တယ်ဆိုတဲ့ စကားလုံး လှလှပပလေးကို သုံးလိုက်ကြတယ်။
ဘေးပတ်ဝန်းကျင်က ကျွန်တော်တို့လို လူငယ်လူရွယ်တွေက သွားရည်တမြားမြားနဲ့ ငမ်းငမ်းတက်နေကြတာ ကောင်းတဲ့အေုခအနေတစ်ခုတော့ မဟုတ်ပါဘူး။
ကျွန်တော်တို့တွေက ခေတ်ဆန်တယ်ဆိုရင် အဝတ်အစား ပေါ်ပေါ်လော်လော်ဝတ်တာ အဖော်အချွတ်ဝတ်တာ မိန်းကလေးတွေရဲ့ ပုံစံတွေကိုသာ မြင်နေတတ်ကြပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်က လူနေမှုစနစ်တွေပါ ခေတ်ဆန်လာကြတာကိုတော့ ကျွန်တော်တို့တွေ မေ့မေ့ပျောက်ပျောက် ဖြစ်နေတတ်ကြပါတယ်။
အဝတ်အစား အဖော်အချွတ်တွေဝတ်စားဆင်ယင်ပြီး လူကြား သူကြား ထင်ပေါ်ဖို့ ခေတ်ဆန်ကြတယ်။ အချို့တွေကို လက်ခံနိုင်ကြပေမယ့် အချို့တွေကိုတော့ လက်ခံဖို့ ခက်ခဲလွန်းတယ်။
ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အစားအသောက်တွေကို ရှေးအစဉ်အဆက် ရိုးရိုး စားခဲ့ကြတယ်။ ဒါပေမယ့် ဒီခေတ်မှာတော့ ထမင်းကြော်တွေ ထမင်းသုပ်တွေ ထမင်းပေါင်းတွေ စသဖြင့် အစားအသောက်ကို ခေတ်ဆန်လာကြတယ်။
စားသင့်တဲ့အစားအသောင်တေိရော မစားသင့်တဲ့အစားအသောက်တွေကိုရော ဖက်ရှင်တစ်ခုလို အသုံးပြုပြီိ ခေတ်ဆန်လာကြတာ ကျွန်တော်တို့ အသိ။
ဒါတွေကလည်း ခေတ်မီလူသားတွေရဲ့ ခေတ်ဆန်ခြင်းတွေပဲဆိုတာ ကျွန်ေ
နောက်တစ်ခုက လူနေထိုင်မှု လူမှုရေးစနစ်တွေပါ ခေတ်ဆန်လာကြတာပါပဲ။
စိတ်ပျက်စရာတွေအနေနဲ့ ဒီခေတ်မှာ လိင်တူချစ်သူဆိုတဲ့ စနစ်တစ်ခုကို ဖန်တီးပြီး အစဉ်အလာတွေကို ဆန့်ကျင်ကြတယ်။ရှေးရိုးစွဲတွေကို ဖောက်ဖျက်ကြတယ်။
လူကြီးသူမတွေရဲ့ နှာခေါင်း ရှုံ့ခြင်းတွေကို ကိုယ်ပိုင် စိတ်ချမ်းသာမှုဆိုတဲ့ ရွေးချယ်မှုနဲ့ ရွေးချယ်ကြရင်း လူနေမှု စနစ်ကို ခေတ်ဆန်ကြတယ်။
အတော်စိတ်ပျက်စရာ ကောင်းပါတယ်။
ဒါတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ခေတ်မီလူသားတွေရဲ့ ခေတ်ဆန်နေမှုတွေပါပဲ။
ကျွန်တော်ကတော့ ဘယ်လိုခေတ်ကာလသားသမီးလဲလို့ လူတွေက အပြစ်တင်ကြပါစေ။ ခေတ်ဆန်ခြင်းကို လက်ခံတဲ့တိုင် တရားလွန် ခေတ်ဆန်တာကိုတော့ လုံးဝ မကြိုက်တာ အမှန်ပါ။
စိတ်ပျက်စွာနဲ့တွေ့နေရတဲ့ ဖေ့စဘုတ်ပေါ်က တရားလွန်ခေတ်ဆန်ကြတဲ့ လူသားအချို့တွေကို မြင်မိပြီး ဒီအတွေးတွေကို တွေးမိရင်း ချရေးမိတာလေးတွေပေါ့ဗျာ..
Image source
ကျွန်တော်ပြောချင်တာကတော့ ခေတ်မီတာ ကောင်းပါတယ်။ ခေတ်ဆန်ပြီး ဖက်ရှင်တီထွင်တာလည် လက်ခံနိုင်ပါတယ်။ဒါပေမယ့် သိပ်တရားလွန်သွားတဲ့ ခေတ်ဆန်ခြင်းမျိုးကိုတော့ သိပ်ကိုပဲ စိတ်ပျက်မိပါတယ်။
ခေတ်လူငယ်တစ်ယောက်ရဲ့ ခေတ်ဆန်ခြင်းအပေါ် အမြင်တွေ ဆိုပါတော့ဗျာ..
Writter @htetnainglin
Msc 188
ဟုတ်ပါတယ်...ခေတ်မီတာအလွန်အကျွံဆိုလည်းမကောင်းပါဘူး....
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.nhl.com/player/evgeny-kuznetsov-8475744
နောက်ဆိုဒိထက်ဆိုးမယ်ထင်တယ်။လွတ်လပ်ခွင့်ကိုတစ်လွဲ အသုံးချ နေတာထက် အသိတရားပိုင်းအားနည်းလာကြတာပါ။
ဟုတ်တယ်ဗျ
ခေတ်မှီတာနဲ့ ခေတ်ဆန်တာ မသဲကွဲကြဘူး
မှန်ပါတယ်
ခေတ်မီတာလား ခေတ်ဆန်နေကြတာလား
၂ခုလုံးဗျ
ဆန်းတိုင်းလည်းမကောင်းပါဘူးလေ 😊😊
😁😁ဟုတ်
ခေတ်မီသူတိုင်း cheetah ထိကြသည် 😁😁😁
😁😁😁 ဟုတ်တယ်
အလွန်အကျွံ ဆိုရင် ဘယ်အရာမှမကောင်းဘူး
ဟုတ်ပါတယ်
ဖော်ချွတ်လုပ်တိုင်းခေတ်မှီ တယ်ထင်ကြေတဲ့အယူအဆတွေ
ကမှားနေတာ
ဟုတ်တယ်ဗျ
အသိပညာပေးတဲ့postလေးပါ။ကျေးဇူးတင်ပါတယ်နော်
ကျေးဇူးပါ